Nations Bible

1 Crônicas 20

Common Language Bible · Toque num versículo para ver as referências cruzadas.

ရဗ္ဗာ​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​ပိုက်​ခြင်း

1နောက်​တစ်​နှစ်​နွေ​ဦး​ပေါက်​စ၊ ဘု​ရင်​တို့​စစ် ချီ​လေ့​ရှိ​သည့်​အ​ခါ​ကာ​လ​၌ ယွာ​ဘ​သည် တပ်​မ​တော်​ကို​ဦး​ဆောင်​၍ အမ္မုန်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ ရဗ္ဗာ​မြို့​ကို​ဝိုင်း​၍ ထား​၏။ ဒါ​ဝိဒ်​မူ​ကား​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ရစ်​သ​တည်း။ ယွာ​ဘ​သည်​ရဗ္ဗာ​မြို့ ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ဖျက်​ဆီး​လိုက်​၏။- 2အမ္မုန်​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​မော​လုတ် ဘု​ရား​ရုပ်​တု​၏​ဦး​ခေါင်း​ထက်​တွင် အ​လေး ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင်​ရှိ​သော​ရွှေ​သ​ရ​ဖူ တစ်​ခု​ရှိ​၏။ ထို​သ​ရ​ဖူ​တွင်​ကျောက်​မျက် ရ​တ​နာ​တစ်​လုံး​ရှိ​၏။ ထို​ကျောက်​ကို​ဒါ​ဝိဒ် သည်​ယူ​၍​မိ​မိ​၏​သ​ရ​ဖူ​တွင်​တပ်​ဆင် လေ​သည်။ သူ​သည်​ရဗ္ဗာ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​အ​မြောက်​အ​မြား​ကို​လည်း​ယူ​၍ သွား​၏။- 3ထို​မြို့​မှ​လူ​တို့​ကို​ခေါ်​ဆောင်​ပြီး​လျှင် လွှ၊ ပေါက်​တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ရ​သော​အ​လုပ် ကြမ်း​များ​ကို​လုပ်​စေ​လေ​သည်။ ဒါ​ဝိဒ်​သည် အမ္မုန်​ပြည်​ရှိ​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု​တော်​မူ ပြီး​လျှင် မိ​မိ​၏​တပ်​မ​တော်​သား​များ​နှင့် အ​တူ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။

ကာ​ယ​ကြီး​မား​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့် ဆိုင်​ပြိုင်​ရ​သည့်​တိုက်​ပွဲ​များ

4ထို​နောက်​တစ်​ဖန်​ဂေဇာ​မြို့​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ပြန်​၏။ ဤ တိုက်​ပွဲ​တွင်​ဟု​ရှ​သိ​မြို့​မှ​သိ​ဗေ​ခဲ​သည် သာ​ဖ​ဆို​သူ​ကြီး​မား​သော​စစ်​သူ​ရဲ​ကြီး ကို​လုပ်​ကြံ​လိုက်​သ​ဖြင့် ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။

5ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ခြား​တိုက်​ပွဲ တစ်​ရပ်​ဖြစ်​သေး​၏။ ထို​တိုက်​ပွဲ​တွင်​ယာ​ဣ​ယ ၏​သား​ဧ​လ​ဟာ​နန်​သည် ဂါ​သ​မြို့​မှ ဂေါ​လျက်​၏​ညီ​လာ​ခ​မိ​အား​လုပ်​ကြံ လိုက်​၏။ ဧ​လ​ဟာ​နန်​လှံ​ရိုး​သည်​ရက်​ကန်း လက်​လိပ်​တ​မျှ​ကြီး​မား​သ​တည်း။

6ဂါ​သ​မြို့​တွင်​အ​ခြား​တိုက်​ပွဲ​တစ်​ရပ်​ဖြစ် ပွား​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​လက်​တစ်​ဖက် လျှင်​လက်​ချောင်း​ခြောက်​ချောင်း​နှင့် ခြေ​တစ် ဖက်​လျှင်​ခြေ​ချောင်း​ခြောက်​ချောင်း​ရှိ​၍ အ​လွန်​ထွား​ကြိုင်း​ကြီး​မား​သူ​လူ​တစ် ယောက်​ပါ​ဝင်​၏။ သူ​သည်​ကိုယ်​လက်​ကြီး ထွား​သည့်​ရှေး​လူ​မျိုး​မှ​ဆင်း​သက်​လာ သူ​ဖြစ်​သတည်း။- 7သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စစ်​ထိုး​ရန် ကြုံး​ဝါး​ဖိတ်​ခေါ်​လိုက်​သော​အ​ခါ ဒါ​ဝိဒ်​၏​အစ်ကို​ဖြစ်​သူ​ရှိ​မာ​၏​သား ယော​န​သန်​က​သူ့​အား​သတ်​ပစ်​လေ​သည်။

8ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​သား​တို့​သတ်​ဖြတ်​ပစ် ကြ​သည့်​ဤ​လူ​သုံး​ဦး​တို့​သည် ဂါ​သ​မြို့ မှ​ကိုယ်​လက်​ကြီး​ထွား​သည့်​လူ​မျိုး​အ​ဆက် အ​နွယ်​များ​ဖြစ်​သ​တည်း။

Ilustração artística — interpretação, não registro histórico.

Você sabia?

A Conquista de Rabá e a Queda dos Gigantes

  • Rabá era a principal cidade dos amonitas, situada nas colinas a leste do rio Jordão. Joabe liderou o exército de Davi para sitiar a cidade fortificada na primavera, época costumeira do ano para campanhas militares.Fontes: Rabbah · Joab · o próprio texto bíblico
  • A cidade filisteia de Gate, famosa nos relatos bíblicos como a terra natal de Golias, esteve ligada a vários guerreiros formidáveis. O texto descreve múltiplos combates nos quais os soldados de Davi derrotaram descendentes de Rafa, incluindo Lami e um guerreiro anônimo com vinte e quatro dedos.Fontes: Gath · Goliath · the giant in Gath · o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Ammon · 31.955, 35.934 · versículos 1, 3
  • Jerusalem · 31.777, 35.234 · versículos 1, 3
  • Rabbah · Hoje: Amman · 31.955, 35.934 · versículos 1, 2, 3
  • Gezer · Hoje: Tel Gezer · 31.859, 34.919 · versículo 4

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fonte: http://ebible.org/mya/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.