Nations Bible

1 Crônicas 2

Common Language Bible · Toque num versículo para ver as referências cruzadas.

ယု​ဒ​၏​သား​မြေး​များ

1ယာ​ကုပ်​တွင်​ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊- 2ဒန်၊ ယော​သပ်၊ င်္ဗယာ​မိန်၊ န​ဿာ​လိ၊ ဂဒ်၊ အာ​ရှာ​ဟူ​၍ သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။

3ယု​ဒ​တွင်​စု​စု​ပေါင်း​သား​ငါး​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး၊ ခါ​နာန်​အ​မျိုး​သ​မီး​ဖြစ်​သူ ရှု​အာ​နှင့်​ရ သော​သား​သုံး​ယောက်​တို့​ကား​ဧ​ရ၊ သြ​နန်​နှင့် ရှေ​လ​တို့​ဖြစ်​၏။ သူ​၏​သား​အ​ကြီး​ဆုံး​ဧ​ရ သည်​အ​လွန်​ဆိုး​ညစ်​သူ​ဖြစ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ကွပ်​မျက်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။- 4ယု​ဒ​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ရ​ပြန်​သော သား​နှစ်​ယောက်​မှာ​ဖာ​ရက်​နှင့်​ဇာ​ရ​ဖြစ်​၏။

5ဖာ​ရက်​တွင်​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ​ဟူ​သော သား​နှစ်​ယောက်​ရှိ​၏။- 6သူ​၏​ညီ​ဇာ​ရ​တွင်​ဇိ​မ​ရိ၊ ဧ​သန်၊ ဟေ​မန်၊ ကာ​လ​ကော​လ၊ ဒါ​ရ​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။- 7ကာ​မိ​၏​သား​အာ​ခန်​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သော​တိုက်​ခိုက်​သိမ်း​ယူ​ရ​ရှိ​သည့် ဝတ္ထု​ပစ္စည်း​ကို​ယူ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကပ်​ဆိုက်​ရ​ကြ​ကုန်​၏။

8ဧ​သန်​တွင်​အ​ဇ​ရိ​ဟူ​သော​သား​တစ်​ယောက် ရှိ​၏။

ဒါ​ဝိဒ်​မင်း​၏​ဆွေ​စဉ်​မျိုး​ဆက်​တော်

9ဟေ​ဇ​ရုံ​တွင် ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက် ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

10အာ​ရံ​မှ​ယေ​ရှဲ​တိုင်​အောင်​ဆွေ​စဉ်​မျိုး​ဆက်​ကား အာ​ရံ၊ အ​မိ​န​ဒပ်၊ (ယု​ဒ​အ​နွယ်​တွင်​ထင်​ပေါ် ကျော်​ကြား​သူ) နာ​ရှုန်၊

11စာ​လ​မုန်၊ ဗော​ဇ၊- သြ​ဗက်၊ ယေ​ရှဲ​ဟူ​၍​ဖြစ်​သ​တည်း။

13ယေ​ရှဲ​တွင်​သား​ခု​နစ်​ယောက်​ရှိ​၏။ သူ​တို့​အား ကြီး​စဉ်​ငယ်​လိုက်​ဖော်​ပြ​ရ​သော်​ဧ​လျာ​ဘ၊ အ​ဘိ​န​ဒပ်၊ ရှိ​မာ၊- 14နာ​သ​နေ​လ၊ ရဒ္ဒဲ၊- 15သြ​ဇင်​နှင့်​ဒါ​ဝိဒ်​တို့​ဖြစ်​၏။ ယေ​ရှဲ​တွင်​ဇေ​ရု​ယာ နှင့်​အ​ဘိ​ဂဲ​လ​ဟူ​၍​သမီး​နှစ်​ယောက်​လည်း​ရှိ​၏။

ယေ​ရှဲ​၏​သ​မီး​ဇေ​ရု​ယာ​တွင်​အ​ဘိ​ရှဲ၊ ယွာ​ဘ နှင့်​အာ​သ​ဟေ​လ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။- 17သူ​၏​အ​ခြား​သ​မီး​အ​ဘိ​ဂဲ​လ​သည် ဣ​ရှ​မေ​လ မှ​ဆင်း​သက်​လာ​သူ​ယေ​သာ​နှင့်​အိမ်​ထောင်​ပြု​၏။ သူ​တို့​မှာ​အာ​မ​သ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။

ဟေ​ဇ​ရုံ​၏​သား​မြေး​များ

18ဟေ​ဇ​ရုံ​၏​သား​ကာ​လက်​သည် အ​ဇု​ဘ​နှင့်​အိမ် ထောင်​ပြု​၍​ယေ​ရုတ်​နာ​မည်​တွင်​သော​သ​မီး​တစ် ယောက်​ကို​ရ​၏။ ယေ​ရုတ်​တွင်​ယေ​ရှာ၊ ရှော​ဗပ်​နှင့် အာ​ဒုန်​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။- 19အ​ဇု​ဘ​သေ​လွန်​ပြီး​နောက်​ကာ​လက်​သည် ဧ​ဖ​ရတ် နှင့်​အိမ်​ထောင်​ပြု​၍​ဟု​ရ​နာ​မည်​တွင်​သော​သား ကို​ရ​၏။- 20ဟု​ရ​၏​သား​သည်​ဥ​ရိ၊ ဥ​ရိ​၏​သား​ကား​ဗေ​ဇ လေ​လ​တည်း။

21ဟေ​ဇ​ရုံ​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​သော​အ​ခါ မာ​ခိ​ရ​၏​သ​မီး၊ ဂိ​လဒ်​၏​ညီ​မ​နှင့်​အိမ်​ထောင် ပြု​၍​စေ​ဂုပ်​နာ​မည်​တွင်​သော​သား​တစ်​ယောက် ကို​ရ​၏။- 22စေ​ဂုပ်​တွင်​ယာ​ဣ​ရ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ယာ​ဣ​ရ​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့ ကြီး​နှစ်​ဆယ့်​သုံး​မြို့​ကို​အုပ်​စိုး​ရ​၏။- 23သို့​ရာ​တွင်​ဂေ​ရှု​ရ​နှင့်​အာ​ရံ​ဘု​ရင်​တို့​သည် ထို​ပြည်​မှ​ယာ​ဣ​ရ​နှင့်​ကေ​နတ်​ရွာ​တို့​နှင့် တ​ကွ အ​နီး​အ​နား​ရှိ​မြို့​များ​အ​ပါ​အ​ဝင် မြို့​ခြောက်​ဆယ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​လိုက် ကြ​၏။ ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း တို့​မှာ​ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​၏​သား​မြေး များ​ဖြစ်​သ​တည်း။- 24ဟေ​ဇ​ရုံ​သေ​လွန်​ပြီး​နောက်​သူ​၏​သား​ကာ​လက် သည် ဖ​ခင်​၏​ဇ​နီး​မု​ဆိုး​မ​ဖြစ်​သူ​ဧ​ဖ​ရတ်​ကို သိမ်း​ပိုက်​လိုက်​၏။ သူ​တို့​တွင်​အာ​ရှု​ရ​နာ​မည်​တွင် သော​သား​တစ်​ယောက်​ကို​ရ​ရှိ​ကြ​၏။ အာ​ရှု​ရ ကား​တေ​ကော​မြို့​ကို​တည်​ထောင်​သူ​တည်း။

ယေ​ရ​မေ​လ​၏​သား​မြေး​များ

25ဟေ​ဇ​ရုံ​၏​သား​အ​ကြီး​ဆုံး​ဖြစ်​သူ​ယေ​ရ မေ​လ​တွင်​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့​အ​နက် အ​ကြီး​ဆုံး​မှာ​အာ​ရံ​ဖြစ်​၍​အ​ခြား​သား များ​မှာ​ဗု​န၊ သြ​ရင်၊ သြ​ဇင်​နှင့်​အ​ဟိ​ယ တို့​ဖြစ်​၏။- 26အာ​ရံ​တွင်​မာ​ဇ၊ ယာ​မိန်၊ ဧ​ကာ​ဟူ​၍​သား​သုံး ယောက်​ရှိ​၏။ ယေ​ရ​မေ​လ​တွင်​အာ​တ​ရ​နာ​မည် တွင်​သော​အ​ခြား​ဇ​နီး​တစ်​ယောက်​ရှိ​၏။ ထို ဇ​နီး​ဖြင့်​သြ​နံ​ဟူ​သော​သား​တစ်​ယောက်​ကို ရ​၏။- 28သြ​နံ​တွင်​ရှမ္မဲ​နှင့်​ယာဒ​ဟူ​သော​သား​နှစ်​ယောက် ရှိ​၏။ ရှမ္မဲ​တွင်​လည်း​နာ​ဒပ်​နှင့်​အ​ဘိ​ရှု​ရ​ဟူ သော​သား​နှစ်​ယောက်​ရှိ​ပေ​သည်။

29အ​ဘိ​ရှု​ရ​သည်​အ​ဘိ​ဟဲ​လ​နာ​မည်​ရှိ​သော အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင်​ပြု​၍ အာ​ဗန်​နှင့် မော​လိဒ်​နာ​မည်​တွင်​သော​သား​နှစ်​ယောက်​ကို ရ​၏။- 30အ​ဘိ​ရှု​ရ​၏​ညီ​ဖြစ်​သူ​နာ​ဒပ်​တွင်​သေ​လက် နှင့်​အပ္ပိမ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ တွင်​သေ​လက်​သည်​သား​တစ်​ယောက်​မျှ​မ​ရ ဘဲ​ကွယ်​လွန်​သွား​၏။- 31အပ္ပိမ်​၏​သား​သည်​ဣ​ရှိ၊ ဣ​ရှိ​၏​သား​မှာ​ရှေ​ရှန်၊ ရှေ​ရှန်​၏​သား​ကား​အာ​လဲ​ဖြစ်​၏။

32ရှမ္မဲ​၏​ညီ​ယာ​ဒ​တွင်​ယေ​သာ​နှင့် ယော​န​သန်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ​တွင်​ယေ​သာ သည်​သား​တစ်​ယောက်​မျှ​မ​ရ​ဘဲ​ကွယ်​လွန် သွား​၏။- 33ယော​န​သန်​တွင်​ပေ​လက်​နှင့်​ဇာ​ဇ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ ဤ​သူ​အ​ပေါင်း​တို့​သည်​ယေ​ရ မေ​လ​၏​သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။

34ရှေ​ရှန်​တွင်​သား​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ သူ့​မှာ ယာ​ဟ​နာ​မည်​တွင်​သော​အီ​ဂျစ်​အ​မျိုး​သား အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။- 35သူ​သည်​မိ​မိ​၏​သ​မီး​တစ်​ယောက်​အား​ထို​ကျွန် နှင့်​ပေး​စား​ရာ အတ္တဲ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ကို​ရ​လေ​၏။

36အတ္တဲ​၏​သား​မြေး​အ​ဆက်​ဆက်​မှာ​နာ​သန်၊ ဇာ​ဗဒ်၊ ဧ​ဖ​လ​လ၊ သြ​ဗက်၊

39ယေ​ဟု၊ အာ​ဇ​ရိ၊- ဟေ​လက်၊ ဧ​လာ​သ၊ သိ​သ​မဲ၊ ရှလ္လုံ၊ ယေ​က​မိ​နှင့်​ဧ​လိ​ရှ​မာ​တို့​ဖြစ်​ကြ​၏။

ကာ​လက်​၏​အ​ခြား​သား​မြေး​များ

42ယေ​ရ​မေ​လ​၏​ညီ​ဖြစ်​သူ​ကာ​လက်​၏​သား​ဦး မှာ​မေ​ရှ​ဟု​နာ​မည်​တွင်​၏။ မေ​ရှ​၏​သား​သည် ဇိ​ဖ၊ ဇိ​ဖ​၏​သား​မှာ​မ​ရေ​ရှ၊ မ​ရေ​ရှ​၏​သား ကား​ဟေ​ဗြုန်​ဖြစ်​၏။- 43ဟေ​ဗြုန်​တွင်​ကော​ရ၊ တာ​ပွာ၊ ရေ​ကင်​နှင့် ရှေ​မ​ဟူ​သော​သား​လေး​ယောက်​ရှိ​၏။- 44ရှေ​မ​၏​သား​သည်​ရာ​ဟံ၊ ရာ​ဟံ​၏​သား​မှာ ယော်​ကောင်​ဖြစ်​၏။ ရှေ​မ​၏​ညီ​ဖြစ်​သူ​ရေ​ကင် ၏​သား​သည်​ရှမ္မဲ၊- 45ရှမ္မဲ​၏​သား​မှာ​မော​န၊ မော​န​၏​သား​ကား​ဗက် ဇု​ရ​တည်း။

46ကာ​လက်​မှာ​ဧ​ဖာ​နာ​မည်​တွင်​သော​မ​ယား ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မယား​ငယ်​ဖြင့် သူ​သည်​ဟာ​ရန်၊ မော​ဇ၊ ဂါ​ဇက်​ဟူ​သော​သား သုံး​ယောက်​ကို​ထပ်​မံ​ရ​ရှိ​ပြန်​၏။ ဟာ​ရန် တွင်​ဂါ​ဇက်​ဟု​ပင်​နာ​မည်​တွင်​သော​သား တစ်​ယောက်​ရှိ​၏။

47(ယာ​ဒဲ​နာ​မည်​တွင်​သော​လူ​တစ်​ယောက်​တွင် ရေ​ဂင်၊ ယော​သံ၊ ဂေ​ရှံ၊ ပေ​လက်၊ ဧ​ဖာ၊ ရှာ​ဖ ဟူ​၍​သား​ခြောက်​ယောက်​ရှိ​၏။)

48ကာ​လက်​မှာ​မာ​ခါ​နာ​မည်​တွင်​သော​အ​ခြား မ​ယား​ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မ​ယား ငယ်​ဖြင့်​သူ​သည်​ရှေ​ဗာ​နှင့် တိ​ရ​ဟာ​န​ဟူ သော​သား​နှစ်​ယောက်​ကို​ရ​၏။- 49ထို​နောက်​မာ​ခါ​သည်​မာ​ဒ​မေ​န​မြို့​ကို​တည် ထောင်​သူ​ဖြစ်​လာ​သည့်​ရှာ​ဖ​ကို​လည်း​ကောင်း၊ မာ​ခ​ဗေ​န​မြို့​ကို​တည်​ထောင်​သူ​ဖြစ်​လာ သည့်​ရှေ​ဝ​ကို​လည်း​ကောင်း​ရ​ရှိ​ပြန်​၏။

ထို​သား​များ​အ​ပြင်​ကာ​လက်​မှာ​အာ​ခ​သ နာ​မည်​တွင်​သော​သ​မီး​တစ်​ယောက်​လည်း​ရှိ​၏။

50အောက်​ဖော်​ပြ​ပါ​တို့​သည်​လည်း​ကာ​လက် ၏​သား​မြေး​များ​ဖြစ်​ပေ​သည်။

ဇ​နီး​ဖြစ်​သူ​ဧ​ဖ​ရတ်​နှင့်​ကာ​လက်​ရ​သော သား​ဦး​မှာ​ဟု​ရ​ဖြစ်​၏။ ဟု​ရ​၏​သား​ရှော ဗာ​လ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို တည်​ထောင်​လေ​သည်။- 51ရှော​ဗာ​လ​၏​ဒု​တိ​ယ​သား​စ​လ​မ​သည် ဗက်​လင်​မြို့​ကို​တည်​ထောင်​၍ သူ​၏​တ​တိ​ယ သား​ဟာ​ရပ်​မူ​ကား​ဗက်​ဂါ​ဒါ​မြို့​ကို​တည် ထောင်​သ​တည်း။

52ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို​တည်​ထောင်​သူ ရှော​ဗာ​လ​သည်​ဟာ​ရော​အ​မျိုး​သား​များ​၏ ဘိုး​ဘေး​နှင့် မ​န​ဟေ​သိ​အ​မျိုး​သား​ထက် ဝက်​ခန့်​တို့​၏​ဘိုး​ဘေး​ဖြစ်​ပေ​သည်။- 53သူ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​တွင်​နေ ထိုင်​ကြ​ကုန်​သော​ဣ​သ​ရိ၊ ဖု​ဟိ၊ ရှု​မ​သိ​နှင့် မိ​ရှ​ရိ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​လည်း ဖြစ်​၏။ (ဇာ​ရာ​သိ​နှင့်​ဧ​ရှ​တော​လိ​အ​မျိုး သား​တို့​ကား​ထို​သား​ချင်း​စု​များ​မှ​ဆင်း သက်​လာ​သူ​များ​တည်း။)

54ဗက်​လင်​မြို့​ကို​တည်​ထောင်​သူ​စ​လ​မ​သည် နေ​တော​ဖာ​သိ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ​သား ချင်း​စု​များ​နှင့်​ဇော​ရိ​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​ပေ​သည်။ ဇော​ရိ​သား​ချင်း​စု သည်​မ​န​ဟေ​သိ​သား​ချင်း​စု​နှစ်​စု​မှ တစ်​စု​ဖြစ်​၏။

55(စာ​ချုပ်​စာ​တမ်း​များ​ရေး​မှတ်​ကူး​ယူ​သည့် အ​တတ်​တွင် အ​ထူး​ကျွမ်း​ကျင်​ကုန်​သော​တိ ရ​သိ၊ ရှိ​မ​သိ​နှင့် စု​ခ​သိ​သား​ချင်း​စု​တို့ သည်​ယာ​ဗက်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ထို​သူ တို့​သည်​ရေ​ခပ်​အ​မျိုး​အ​နွယ်​များ​နှင့် အ​ပြန်​အ​လှန်​လက်​ထပ်​ထိမ်း​မြား​ခဲ့​ကြ သော​ကိ​နိ​အ​မျိုး​သား​များ​ဖြစ်​သ​တည်း။)

Ilustração artística — interpretação, não registro histórico.

Você sabia?

A genealogia de Judá e a linhagem real

  • A linhagem neste capítulo traça a descendência de Judá por meio de Perez e Hezrom até Ram, culminando em Davi, o sétimo filho de Jessé. Essa linha destaca ancestrais importantes, incluindo Naassom, um líder da tribo durante a peregrinação no deserto, e Boaz de Belém.Fontes: o próprio texto bíblico · Nahshon · Boaz · Ram
  • As genealogias em 1 Crônicas frequentemente ligam famílias diretamente às cidades que estabeleceram. Os descendentes de Calebe, filho de Hezrom, e de seu neto Hur são identificados como pais ou fundadores de cidades proeminentes de Judá, como Belém, Quiriate-Jearim e Madmana.Fontes: o próprio texto bíblico · Caleb · Madmannah
  • Quando Sesã, do ramo de Jerameel, não teve filhos homens, ele preservou sua linhagem familiar casando sua filha com seu servo egípcio Jara, cujos descendentes são registrados ao longo de treze gerações.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Gilead · Hoje: Gilead 1 · 32.187, 35.692 · versículo 22
  • Aram · 33.511, 36.306 · versículo 23
  • Geshur · 32.767, 35.700 · versículo 23
  • Havvoth-jair · 32.588, 35.726 · versículo 23
  • Tekoa · Hoje: Khirbet Teku’a · 31.632, 35.210 · versículo 24
  • Kiriath-jearim · Hoje: Deir el Azar · 31.809, 35.104 · versículos 50, 52, 53
  • Bethlehem · 31.704, 35.208 · versículos 51, 54

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fonte: http://ebible.org/mya/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.