1 Crônicas 10
Common Language Bible · Toque num versículo para ver as referências cruzadas.
ရှောလုမင်းကွယ်လွန်တော်မူခြင်း
1ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့် ဂိလဗောတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြရာ၊ ဣသရေလအမျိုး သားတို့အမြောက်အမြားကျဆုံးကြ လေသည်။ ရှောလုမင်းနှင့်သားတော်များ အပါအဝင်ကျန်ရှိသောသူတို့သည် ထွက်ပြေးကြကုန်၏။- 2ဖိလိတ္တိအမျိုးသားတို့သည်လိုက်၍မီသော အခါ ရှောလု၏သားများဖြစ်ကြသော ယောနသန်၊ အဘိနဒပ်နှင့်မေလခိရွှ တို့ကိုကွပ်မျက်ပစ်ကြ၏။- 3တိုက်ပွဲသည်ရှောလု၏ပတ်လည်တွင်ပြင်း ထန်လှသဖြင့် ရှောလုသည်ရန်သူများ၏ မြားချက်ဖြင့်ပြင်းစွာဒဏ်ရာရလေ၏။- 4သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။- 5လုလင်ပျိုသည်ရှောလုကွယ်လွန်သွား ကြောင်းတွေ့မြင်သောအခါ မိမိကိုယ်ကို ဋ္ဌားပေါ်တွင်လှဲချကာသေလေ၏။- 6ဤသို့လျှင်ရှောလုနှင့်သားသုံးယောက် စလုံးပင်ကွယ်လွန်ကြသဖြင့် သူ၏မင်း ဆက်ပြတ်လေတော့၏။- 7ယေဇရေလချိုင့်ဝှမ်းတွင်နေထိုင်ကြသော ဣသရေလအမျိုးသားတို့သည် မိမိတို့၏ စစ်သည်များတပ်လန့်၍သွားကြောင်းကိုလည်း ကောင်း၊ ရှောလုမင်းနှင့်သားတို့ကွယ်လွန်သွား ကြောင်းကိုလည်းကောင်းကြားသိလေသော် မိမိ တို့၏မြို့များကိုစွန့်ပစ်၍ထွက်ပြေးကြကုန် ၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည် လာ၍ထိုမြို့များကိုသိမ်းပိုက်ကြ၏။
8တိုက်ပွဲပြီးဆုံးပြီးနောက်တစ်နေ့၌ ဖိလိတ္တိ အမျိုးသားတို့သည်အလောင်းကောင်များမှ ပစ္စည်းများကိုလုယူရန်လာကြသောအခါ ရှောလုနှင့်သားတို့၏အလောင်းများကို ဂိလဗောတောင်ထိပ်တွင်တွေ့ရှိကြ၏။- 9သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ အဝတ်တန်ဆာများကိုချွတ်ပစ်ကြ၏။ ထို နောက်စေတမန်တို့အားရှောလု၏ဦးခေါင်း နှင့်လက်နက်များကိုယူဆောင်၍ ဖိလိတ္တိ ပြည်ကိုလှည့်လည်ကာမိမိတို့အမျိုး သားများနှင့်ရုပ်တုများရှိရာအရပ် များတွင်သတင်းကောင်းကိုကြေညာ စေကြ၏။- 10သူတို့သည်ရှောလု၏လက်နက်များကို မိမိတို့၏ဘုရားကျောင်းတွင်ထား၍ သူ ၏ဦးခေါင်းကိုဒါဂုန်ဗိမာန်တွင်ချိတ်ဆွဲ ထားကြ၏။- 11ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကျင့်ကြသည်ကို ဂိလဒ်ပြည်ယာဗက် မြို့သားတို့ကြားလျှင်။- 12သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။
13ရှောလုမင်းကွယ်လွန်တော်မူရခြင်းအကြောင်း မှာ သူသည်ထာဝရဘုရားအပေါ်သစ္စာဖောက် သောကြောင့်ဖြစ်၏။ သူသည်ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်ခဲ့၏။- 14ထာဝရဘုရားနှင့်တိုင်ပင်မည့်အစားလူသေ တို့၏ဝိညာဉ်များနှင့်နှီးနှောတိုင်ပင်ခဲ့လေ သည်။ သို့ဖြစ်၍ထာဝရဘုရားသည်ရှောလု အား ကွပ်မျက်တော်မူ၍သူ၏နိုင်ငံကိုယေရှဲ ၏သားဒါဝိဒ်အားအုပ်စိုးစေတော်မူ သတည်း။

Você sabia?
A Queda de Saul e a Transição para Davi
- Os filisteus derrotaram Israel no monte Gilboa, matando os filhos do rei Saul: Jônatas, Abinadabe e Malquisua. Após Saul tirar a própria vida, os filisteus colocaram sua armadura no templo de seus deuses e prenderam sua cabeça no templo de Dagom, sua divindade nacional.Fontes: o próprio texto bíblico · Dagon · Mount Gilboa · Jonathan
- Ao saberem como os filisteus haviam tratado Saul, homens valentes de Jabes-Gileade marcharam para resgatar os corpos de Saul e de seus filhos. Eles os levaram de volta a Jabes, sepultaram seus ossos debaixo de um carvalho e jejuaram por sete dias.Fontes: o próprio texto bíblico · Jabesh-gilead
- O cronista resume a queda de Saul como consequência de sua infidelidade ao SENHOR, incluindo a falta de consulta a Deus e o recurso a uma médium. Esse desfecho trágico prepara o caminho para a transferência do reino a Davi, filho de Jessé.Fontes: o próprio texto bíblico · David · Jesse
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Mount Gilboa · 32.434, 35.414 · versículos 1, 8
- Valley of Jezreel · Hoje: Jezreel Valley · 32.596, 35.242 · versículo 7
- Philistia · 31.664, 34.546 · versículo 9
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org