Nations Bible

Salmos 34

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

ဒါဝိဒ် မင်းသည် အဘိမလက် မင်းရှေ့ မှာ ထူးခြား သောအခြင်းအရာကိုပြုသဖြင့် ၊ နှင်ထုတ် ခြင်းကိုခံရ၍ ထွက်သွား သောအခါ စပ်ဆိုသောဆာလံ။

1ငါ သည် ခပ်သိမ်း သောကာလ တို့၌ ထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ဂုဏ် ကျေးဇူးတော်ကို အစဉ် မပြတ်မြွက် ဆိုမည်။ 2ငါ့ ဝိညာဉ် သည် ထာဝရဘုရား ကို အမှီပြု ၍ ဝါကြွား ခြင်းကို ပြုမည်။ နှိမ့်ချ လျက်ရှိသောသူတို့ သည် ကြားသိ ၍ ၊ ဝမ်းမြောက် ကြပါစေသော။ 3ငါ နှင့်အတူ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ နာမတော် ကို တညီ တညွတ်တည်းချီးမြှောက် ကြကုန်အံ့။ 4ငါ သည် ထာဝရဘုရား ကိုရှာ သောအခါ နားထောင် တော်မူ၏။ ကြောက်မက် ဘွယ်သောအကြောင်းအလုံးစုံ တို့အထဲ က ငါ့ ကို ကယ်နှုတ် တော်မူ၏။ 5ထာဝရ ဘုရားကို မျှော်ကြည့် ကြလော့။ အလင်း ကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။ 6ဤ ဆင်းရဲ သောသူ၏ အော်ဟစ် ခြင်းအသံကို ထာဝရဘုရား သည် နားထောင် ၍ ၊ ခပ်သိမ်း သောဆင်းရဲ ထဲ က ကယ်လွှတ် တော်မူ၏။ 7ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ ပတ်လည် ၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ် တတ်ကြ၏။ 8ထာဝရဘုရား သည် ကောင်းမြတ် တော်မူသည် အကြောင်း ကို မြည်းစမ်း ၍ သိ မှတ်ကြလော့။ ကိုယ်တော် ကို ခိုလှုံ သောသူ သည် မင်္ဂလာ ရှိ၏။ 9ထာဝရ ဘုရား၏ သန့်ရှင်း သူတို့၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြလော့။ ကြောက်ရွံ့ သောသူတို့၌ ဆင်းရဲ ခြင်းမ ရှိရာ။ 10ခြင်္သေ့ တို့သည် ဆင်းရဲ ၍ ငတ်မွတ် ခြင်းကို ခံရသော်လည်း ၊ ထာဝရဘုရား ကို ရှာ သောသူတို့၌ ကောင်း သောအရာတစုံ တခုမျှ မ လို ရာ။ 11အချင်းသူငယ် တို့လာ ကြလော့။ ငါ့ စကားကို နားထောင် ကြလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း တရားကို သင် တို့အား ငါသွန် သင်မည်။ 12ကောင်းမွန် သောအရာကို တွေ့မြင် မည် အကြောင်း ၊ အသက် ရှင်ခြင်းနှင့်တကွနေ့ရက် ကာလကို တောင့် တလိုချင်သော သူမည်သည်ကား၊ 13ကိုယ် လျှာ ကို မ ကောင်းသောအရာနှင့် ကင်း စေလော့။ နှုတ်ခမ်း လည်း မုသာ စကားကို မပြော စေနှင့်။ 14ဒုစရိုက် ကို လွှဲ ရှောင်၍ သု စရိုက်ကိုပြု လော့။ သူတပါးနှင့်အသင့် အတင့်နေခြင်းကို ရှာ ၍ မှီအောင်လိုက် လော့။ 15ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ကို ကြည့်ရှု တော်မူ၏။ သူ တို့ အော်ဟစ် သံကို လည်း နားထောင် တော်မူ၏။ 16ဒုစရိုက် ကိုပြု သောသူတို့ကား၊ မြေကြီး ပေါ် မှာ အောက်မေ့ စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်း မည် အကြောင်း ၊ ထာဝရဘုရား သည် မျက်နှာ ထားတော်မူ၏။ 17ဖြောင့်မတ်သောသူတို့သည် အော်ဟစ် သောအခါ ၊ ထာဝရဘုရား သည် နားထောင် ၍ ၊ သူ တို့ကို ခပ်သိမ်း သော ဆင်းရဲ ထဲ က ကယ် လွှတ်တော်မူ၏။ 18ထာဝရဘုရား သည် ကျိုးပဲ့ သောစိတ် ရှိသောသူတို့ နှင့် နှလုံးကြေကွဲသောသူတို့ကို နီး တော်မူ၏။ နောင်တ ရှိ၍ စိတ် နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။ 19ဖြောင့်မတ် သောသူသည်များစွာ သော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း ၊ ထာဝရဘုရား သည် ခပ်သိမ်း သောဒုက္ခ ဆင်းရဲထဲ က ကယ် လွှတ်တော်မူ၏။ 20သူ ၏အရိုး ရှိသမျှ တို့ကို စောင့်ရှောက် တော်မူသည် ဖြစ်၍၊ တ ချောင်းမျှမ ကျိုး မပဲ့ရ။ 21မတရား သောသူမူကား၊ ဘေး ဖြင့် အသက် ဆုံး ခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ် သောသူကို မုန်း သောသူတို့ သည် အပြစ် စီရင်ခြင်းကိုခံရကြမည်။ 22ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ် တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ခိုလှုံ သောသူတစုံ တယောက်မျှ အပြစ် စီရင်ခြင်းကို မ ခံရ။

¿Sabías que…?

Un Cántico de Liberación y Sabiduría

  • El encabezado del salmo vincula la composición con el episodio en que David fingió demencia ante un gobernante llamado Abimelec para escapar del peligro, enmarcándola como un himno de acción de gracias por la salvación recibida.Fuentes: el propio texto bíblico
  • El poema pasa del agradecimiento personal a la enseñanza sapiencial, en la que el autor invita a sus oyentes como un maestro a sus discípulos para mostrarles cómo el lenguaje íntegro, la búsqueda de la paz y la reverencia a Dios guían a una buena vida.Fuentes: el propio texto bíblico
  • Lejos de prometer inmunidad frente a la adversidad, el salmo reconoce que el justo enfrenta muchas aflicciones, asegurando que Dios está cerca de los de corazón quebrantado y de espíritu abatido.Fuentes: el propio texto bíblico

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.