Salmos 132
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
1အိုထာဝရဘုရား ၊ ဒါဝိဒ် မင်းကို ၎င်း၊ သူ ခံရ သမျှ သော ဆင်းရဲခြင်းကို၎င်းအောက်မေ့ တော်မူပါ။ 2- 3- 4- 5ထိုမင်းက၊ ယာကုပ် အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ် တော်မူရာအရပ် ကို အကျွန်ုပ် သည် မ တွေ့ မှီတိုင်အောင် ကိုယ် နေရာ အိမ် သို့ မ ဝင် ၊ ကိုယ် အိပ်ရာ ပေါ် သို့မ တက် ၊ ကိုယ် မျက်စိ အိပ် ရ မည့်အခွင့် ၊ မျက်ခမ်း မှိတ် ရမည့်အခွင့်ကို မ ပေးပါဟု၊ ယာကုပ် အမျိုး ကိုးကွယ်သော တန်ခိုး ရှင်ထာဝရဘုရား ထံ ကျိန်ဆို ၍ အဓိဋ္ဌာန် ပြု၏။ 6တဲတော်သည် ဧဖရိမ် ပြည်မှာ ရှိကြောင်းကို ငါတို့သည်ကြား ရပြီ။ ယာရိမ် တော ၌ တွေ့ ကြပြီ။ 7ဘုံ ဗိမာန်တော်သို့ ဝင် ၍၊ ခြေ တော်တင်ရာ ခုံ အောက် ၌ ပြပ်ဝပ် ကိုးကွယ်ကြကုန်အံ့။ 8အို ထာဝရဘုရား ၊ ကျိန်းဝပ် တော်မူရာသို့ ဘုန်း တော်နှင့်ယှဉ်သော ဓမ္မသေတ္တာ နှင့်တကွ တက် တော်မူပါ။ 9ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်း တန်ဆာ ကိုဆင်၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ရွှင်လန်း စွာ သီချင်းဆိုကြပါစေသော။ 10ကိုယ်တော် ၏ ကျွန် ဒါဝိဒ် မင်း၏ မျက်နှာ ကို ထောက် သဖြင့် ၊ ကိုယ်တော် ထံ၌ ဘိသိက်ခံ သောသူကို ငြင်းပယ် တော်မ မူပါနှင့်။ 11ထာဝရဘုရား သည် ဒါဝိဒ် အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု၍၊ သစ္စာ ဖျက်တော်မ မူသော စကားဟူမူကား၊ သင် ၏အမျိုးအနွယ် ကို သင် ၏ ပလ္လင် ပေါ် မှာ ငါတင် မည်။ 12သင် ၏သား တို့သည် ငါ့ ပဋိညာဉ် တရားကို၎င်း၊ ငါသွန်သင် သော သက်သေခံ ချက်ကို၎င်းစောင့်ရှောက် လျှင် ၊ သူ တို့၏သား များသည်လည်း သင် ၏ ပလ္လင် ပေါ် မှာ အစဉ် အမြဲထိုင် ရကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူပြီ။ 13ထာဝရဘုရား သည် ဇိအုန် မြို့ကို ရွေးကောက် ၍ ၊ အမြဲနေ တော်မူရာဘို့ အလို တော်ရှိသည်အရာမှာ၊ 14ဤ မြို့ကား ငါ အစဉ် အမြဲ ကျိန်းဝပ် ရာမြို့တည်း။ ငါအလိုရှိ သည် ဖြစ်၍ ၊ ဤ မြို့၌ငါနေ မည်။ 15သူ ၏ အစာ အာဟာရကို အထူးသဖြင့်ကောင်းကြီး ပေးမည်။ သူ ၌ဆင်းရဲသား တို့ကို ဝ စွာကျွေးမည်။ 16သူ ၏ ယဇ် ပုရောဟိတ်တို့ကို ကယ်တင် ခြင်း တန်ဆာ ကို ဆင်စေသဖြင့် ၊ သူ ၌သန့်ရှင်း သူတို့သည် ရွှင်လန်း သော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။ 17ထို မြို့၌ ဒါဝိဒ် ၏ ဦးချို ကို ငါပေါက် စေမည်။ ငါ့ ထံ ၌ ဘိသိက် ခံ သောသူဘို့ မီးခွက် ကို ငါပြင်ဆင် ပြီ။ 18ထိုအရှင် ၏ ရန်သူ များကို ရှက်ကြောက် ခြင်းနှင့် ငါဖုံးလွှမ်း မည်။ သူ ၏ဦးရစ် သရဖူသည် ဘုန်းပွင့် လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

¿Sabías que…?
David, el Arca y Sion
- Efrata es el nombre antiguo de Belén de Judá, la región donde David pasó su juventud cuidando ovejas antes de buscar más tarde el Arca de la Alianza.Fuentes: Ephrathah · David · el propio texto bíblico
- El monte Sion, una colina al sureste de Jerusalén tomada por David de los jebuseos para convertirse en la Ciudad de David, es celebrado en el salmo como la morada elegida por Dios y la sede de la dinastía davídica.Fuentes: Zion · el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Jerusalem · 31.777, 35.234 · versículo 1
- Ephrathah · Hoy: Bethlehem · 31.704, 35.208 · versículo 6
- Zion · Hoy: Jerusalem · 31.777, 35.234 · versículo 13
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org