Nations Bible

Proverbios 25

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1ယုဒ ရှင်ဘုရင် ဟေဇကိ လူ တို့ကူးရေး သော ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊ 2အမှု အရေးကို ဝှက်ထား ခြင်းသည် ဘုရား သခင်၏ ဘုန်း တော်နှင့် သင့်၏။ ရှင်ဘုရင် မူကား၊ အမှု အရေးကို စစ်ကြော ခြင်းအားဖြင့်ဂုဏ် အသရေတည်၏။ 3မိုဃ်းကောင်းကင် သည် မြင့် ၏။ မြေကြီး သည် နက် ၏။ ရှင်ဘုရင် နှလုံး ကိုလည်း စစ် ၍မ သိနိုင်။ 4ငွေ ထဲက ချော် ကိုထုတ်ပယ် လျှင်၊ ပန်းတိမ် သမား နှင့် တော်သင့်သောဖလား ကို ရ လိမ့်မည်။ 5မ တရားသောသူတို့ ကို ရှင်ဘုရင် ထံ တော်မှ ပယ်ရှား လျှင် ၊ အာဏာ တော်သည် တရား အားဖြင့် တည် လိမ့်မည်။ 6ရှင်ဘုရင် ထံ တော်၌ ကိုယ်ကိုမ ချီးမြှောက် နှင့်။ လူကြီး နေရာ ၌ မ နေ နှင့်။ 7အကြောင်း မူကား၊ ဖူးမြင် ရသောမင်း ရှေ့ မှာ နှိမ် ခြင်းကိုခံရသည်ထက် ၊ ဤ အရပ်သို့ တက် ပါဟူသောစကား ကို သာ၍ကြားကောင်း ၏။ 8အလျင် အမြန်ရန် မ တွေ့နှင့်။ အိမ်နီးချင်း သည် သင့် ကို အရှက်ခွဲ ပြီးမှ ၊ သင်သည် အဘယ် သို့ပြု မည်နည်း။ 9သင် သည် အိမ်နီးချင်း နှင့် ကိုယ် အမှု ကို ဆွေးနွှေး လော့။ ဝှက်ထား အပ်သောအမှုအရာကို သူတပါး အားထုတ် ၍မ ပြနှင့်။ 10သို့မဟုတ် ၊ သူသည် သင့် ကို အရှက် ခွဲသဖြင့် ၊ သင် ၏ ဂုဏ်အသရေသည် အစဉ် ဆုံးလိမ့်မည်။ 11လျောက်ပတ် သော စကား သည် ငွေ အပြောက်မှာ စီချယ် သော ရွှေ ရှောက်ချို သီးနှင့်တူ၏။ 12နားထောင် တတ်သောသူကို လျောက်ပတ် စွာ ဆုံးမ တတ်သောသူသည် ရွှေ နားတောင်း ကဲ့သို့၎င်း၊ ရွှေ စင်တန်ဆာ ကဲ့သို့ ၎င်း ဖြစ်၏။ 13စပါး ရိတ်ရာကာလ ၌ မိုဃ်းပွင့် ကြောင့် ချမ်း သကဲ့သို့ ၊ သစ္စာ စောင့်သော တမန် သည် စေလွှတ် သောသူ ၌ ဖြစ်၍ ၊ သခင် စိတ် ကို ချမ်းဧ စေတတ်၏။ 14ပေး မည်ဟု ဝါကြွား ၍ မ ပေးဘဲနေသောသူ သည် မိုဃ်း ရေမ ပါသော တိမ် နှင့် လေ ကဲ့သို့ဖြစ်၏။ 15ကြာမြင့် စွာသည်းခံ လျှင် မင်း ကိုဖျောင်းဖျ နိုင်၏။ ချို သောစကား သည်လည်း အရိုး ကျိုး အောင်တတ်နိုင်၏။ 16ပျားရည် ကိုတွေ့ သလော။ ဝ ရုံသာစား တော့။ အစား ကြူးလျှင် ရင်ပြည့်၍ အန် ရလိမ့်မည်။ 17သင် ၏အိမ်နီးချင်း အိမ် ၌ ကြာမြင့် စွာ မ နေနှင့်။ နေလျှင် သူသည် သင့် ကိုငြီးငွေ့ ၍ မုန်း လိမ့်မည်။ 18အိမ်နီးချင်း တဘက် ၌ မ မှန်သောသက်သေ ကို ခံ သောသူ သည် ဒုတ် ၊ ထား ၊ သံချွန် နှင့်တူ၏။ 19အမှု ရောက်သောကာလ ၌ သစ္စာ ပျက်တတ်သောသူကို ယုံ လျှင် သွား ကျိုး ခြင်း၊ ခြေ ဆစ်ပြုတ် ခြင်းကို ခံရ၏။ 20စိတ် ညှိုးငယ် သောသူအား သီချင်း ဆို သောသူသည် ဆောင်း ကာလ ၌ အဝတ် ကို ချွတ် သောသူ၊ ယမ်း စိမ်းပေါ် မှာ ပုံးရည် ကို လောင်းသောသူနှင့်တူ၏။ 21သင် ၏ရန်သူ သည်မွတ်သိပ် လျှင် လုပ်ကျွေး လော့။ ရေငတ် လျှင် သောက်စရာဘို့ပေး လော့။ 22ထိုသို့ ပြုလျှင် သူ ၏ခေါင်း ပေါ် ၌ မီးခဲ ကို ပုံ ထား ၍ ၊ ထာဝရဘုရား သည်လည်း၊ သင် ၌ ဆုချ တော်မူမည်။ 23မြောက် လေ သည် မိုဃ်း ရေကို ဆောင် တတ် သကဲ့သို့ ၊ ကုန်းတိုက် သောလျှာ သည် ဒေါသ မျက်နှာ ကို ဆောင်တတ်၏။ 24ရန်တွေ့ တတ်သောမိန်းမ နှင့် လူ များသော အိမ် ၌ နေသည်ထက် ၊ အိမ်မိုး ပေါ် ထောင့် ထဲမှာနေ သော် သာ၍ကောင်း ၏။ 25ဝေး သောပြည် မှ ရောက်လာသောဝမ်းမြောက် စရာ သိတင်း စကားသည် ရေငတ် သောသူ ၌ ချမ်းဧ သောရေ ကဲ့သို့ဖြစ်၏။ 26ဖြောင့်မတ် သောသူသည် မ တရားသောသူရှေ့ တွင် မှားယွင်း လျှင် ၊ နောက် သောရေကန် ၊ ပုပ် သောစမ်းရေ တွင်းနှင့်တူ၏။ 27ပျားရည် ကို စား ကြူး လျှင် မ ကောင်း သကဲ့သို့ ၊ ကိုယ် ဂုဏ် သရေကို ရှာ လျှင် ဂုဏ် အသရေမရှိ။ 28ကိုယ် စိတ် ကို မ ချုပ်တည်း နိုင်သောသူ သည် မြို့ရိုး ပျိုပျက် ၍ ဟင်းလင်းရှိသောမြို့ နှင့်တူ၏။

¿Sabías que…?

Sabiduría Real Preservada

  • El versículo inicial señala que esta colección de proverbios de Salomón fue recopilada y transcrita por los escribas del rey Ezequías de Judá, quien reinó siglos después de Salomón y promovió extensas reformas religiosas y administrativas.Fuentes: el propio texto bíblico · Hezekiah · Solomon
  • Gran parte del capítulo se centra en la conducta en la corte real y el liderazgo, aconsejando humildad ante los gobernantes, la eliminación de consejeros impíos y el uso de la paciencia y la gentileza al persuadir a las autoridades.Fuentes: el propio texto bíblico
  • El texto recurre a comparaciones vívidas de la vida cotidiana antigua, como el refinado de la plata, nubes que no traen lluvia, bebidas frescas que alivian a los segadores y murallas derribadas que ilustran la falta de autocontrol.Fuentes: el propio texto bíblico

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.