Nations Bible

Números 7

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1မောရှေ သည် တဲ တော်ကို ထူထောင် ၍၊ တဲတော် နှင့် တဲ တော်တန်ဆာ ရှိသမျှ တို့ကို၎င်း၊ ယဇ်ပလ္လင် နှင့် ယဇ်ပလ္လင် တန်ဆာ ရှိသမျှ တို့ကို၎င်း ဆီ လူး၍ ၊ သန့်ရှင်း စေခြင်း အမှုကို လက်စသတ် သောနေ့ ၌ ၊ 2စာရင်း ဝင်သောသူတို့ကို အုပ် ၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်း ဖြစ်သောသူ၊ အဆွေအမျိုး သူကြီးမင်း တို့သည်၊ 3မင်းတပါးနွားထီး တကောင်စီ ၊ မင်း နှစ် ပါးအမိုး ပါသောရထား တခုစီ၊ ရထား ခြောက် ခု၊ နွား ဆယ် နှစ် ကောင်တို့ကို တဲ တော်ရှေ့သို့ ဆောင် ခဲ့၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ကြ၏။ 4ထာဝရဘုရား ကလည်း ၊ သင်သည် ပရိသတ် စည်းဝေး ရာ တဲ တော်အမှု ဆောင်ရွက် စရာဘို့ ခံယူ ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း၊ 5လေဝိ သား အသီးသီး တို့ အား ပေး လော့ဟု မိန့် တော်မူ၏။ 6မောရှေ သည်ရထား နှင့် နွား တို့ကိုခံယူ ၍ လေဝိ သားတို့အား ပေး သဖြင့် ၊ 7အမှု ဆောင်ရွက်စရာရှိသည်အတိုင်း ၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဣသမာ အုပ်သော ဂေရရှုန် သား တို့ အား ရထား နှစ် ခုနှင့် နွား လေး ကောင်တို့ကို၎င်း၊ 8မေရာရိ သား တို့အား ရထား လေး ခုနှင့် နွား ရှစ် ကောင်တို့ကို၎င်းပေး လေ၏။ 9သန်ရှင်း ရာဌာနတော်အမှု ကို စောင့်ရသောကောဟတ် သား တို့သည်၊ မိမိ တို့ ပခုံး ၌ ထမ်းရွက် ရသောကြောင့် ၊ သူတို့အား ရထားနှင့် နွားတို့ကိုမ ပေး။ 10ယဇ်ပလ္လင် ကို ဆီ လူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင် ရှေ့မှာ အခြားသော ပူဇော်သက္ကာ ကို ပြု ကြ၏။ 11ထာဝရဘုရား ကလည်း ၊ ယဇ်ပလ္လင် ကို အနုမောဒနာ ပြုစရာဘို့ ၊ မင်း အသီးအသီး တို့သည် နေ့ ရက်အစဉ်အတိုင်းမိမိ ပူဇော်သက္ကာ ကိုပြု ရကြမည်ဟု မောရှေ အား မိန့် တော်မူ ၏။ 12ထိုသို့နှင့်အညီ၊ ပဌမ နေ့ ၌ ယုဒ အမျိုး ၊ အမိနဒပ် သား နာရှုန် သည် ဆက် သော ပူဇော်သက္ကာ ဟူမူကား၊ 13အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 14မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 15မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 16အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တ ကောင်၊ 17မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို အမိနဒပ် သား နာရှုန် သည် ပူဇော် လေ ၏။ 18ဒုတိယ နေ့ ၌ ဣသခါ အမျိုးတွင် မင်း ဖြစ်သော ဇုအာ သား နာသနေလ ဆက် သော ပူဇော်သက္ကာ ဟူမူကား၊ 19အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 20မီးရှို့ရာနံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း၊ 21မီးရှို့ ရာ ယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 22အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ် သငယ် တ ကောင်၊ 23မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဇုအာ သား နာသနေလ သည် ပူဇော် လေ ၏။ 24တတိယ နေ့ ၌ ဇာဗုလုန် အမျိုး တွင် မင်း ဖြစ် သော ဟေလုန် သား ဧလျာဘ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 25အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 26မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 27မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တကောင် ၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 28အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 29မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင် တို့ကို၊ ဟေလုန် သား ဧလျာဘ သည်ပူဇော် လေ၏။ 30စတုတ္ထ နေ့ ၌ ရုဗင် အမျိုး တွင်မင်း ဖြစ်သော ရှေဒုရ သား ဧလိဇုရ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 31အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 32မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 33မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 34အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 35မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ရှေဒုရ သား ဧလိဇုရ သည်ပူဇော် လေ၏။ 36ပဉ္စမ နေ့ ၌ ရှိမောင် အမျိုး တွင် မင်း ဖြစ်သော ဇုရိရှဒ္ဒဲ သား ၊ ရှေလုမျေလ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 37အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 38မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ် တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 39မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 40အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 41မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ သည် ပူဇော် လေ၏။ 42ဆဌမ နေ့ ၌ ဂဒ် အမျိုး တွင် မင်း ဖြစ်သော ဒွေလ သား ဧလျာသပ် ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 43အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 44မီးရှို့ရာနံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 45မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 46အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 47မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဒွေလ သား ဧလျာသပ် သည် ပူဇော် လေ၏။ 48သတ္တမ နေ့ ၌ ဧဖရိမ် အမျိုး တွင် မင်း ဖြစ်သော အမိဟုဒ် သား ဧလိရှမာ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 49အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သောမုန့်ညက် ၊ 50မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 51မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 52အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင် 53မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ အမိဟုဒ် သား ဧလိရှမာ သည် ပူဇော် လေ၏။ 54အဋ္ဌမ နေ့ ၌ မနာရှေ အမျိုး တွင်မင်း ဖြစ်သော ပေဒါဇုရ သား ဂါမလျေလ ဆက်သောပူဇော်သက္ကာ ဟူမူကား၊ 55အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 56မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 57မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 58အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 59မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ပေဒါဇုရ သား ဂါမလျေလ သည် ပူဇော် လေ၏၊ 60နဝမ နေ့ ၌ ဗင်္ယာမိန် အမျိုး တွင် မင်း ဖြစ်သော ဂိဒေါနိ သား အဘိဒန် ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 61အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန်ရှိသော ငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 62မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 63မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 64အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 65မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သောသိုးသငယ် ငါး ကောင်တို့ကို၊ ဂိဒေါနိ သား အဘိဒန် သည် ပူဇော် လေ၏၊ 66ဒသမ နေ့ ၌ ဒန် အမျိုး တွင် မင်း ဖြစ်သော အမိရှဒ္ဒဲ သား အဟေဇာ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 67အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 68မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 69မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 70အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 71မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ အမိရှဒ္ဒဲ သား အဟေဇာ သည် ပူဇော် လေ၏။ 72ဧကာဒသမ နေ့ ၌ အာရှာ အမျိုး တွင် မင်း ဖြစ် သော ဩကရန် သား ပါဂျေလ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 73အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 74မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 75မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 76အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 77မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဩကရန် သား ပါဂျေလ သည် ပူဇော် လေ၏။ 78ဒွါဒသမ နေ့ ၌ နဿလိ အမျိုး တွင် မင်း ဖြစ်သော ဧနန် သား အဟိရ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ 79အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊ 80မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊ 81မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊ 82အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊ 83မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဧနန် သား အဟိရ သည် ပူဇော် လေ၏။ 84ထိုသို့ ဣသရေလ အမျိုးတို့၌ မင်း ဖြစ်သောသူတို့ သည်၊ ယဇ်ပလ္လင် ကို ဆီ လူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေ အင်တုံ ပေါင်းဆယ် နှစ် လုံး၊ ငွေ ဖလား ပေါင်းဆယ် နှစ် လုံး၊ ရွှေ ဇွန်း ပေါင်း ဆယ် နှစ် စင်း တည်း။ 85ငွေ အင်တုံ အချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ ၊ ငွေ ဖလား အချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီ ရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ် တော်အလိုက် ၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။ 86မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် သော ရွှေ ဇွန်း ဆယ် နှစ် စင်း အချိန်ကား၊ အကျပ် တော်အလိုက် ဆယ် ကျပ်စီရှိ၍၊ ရွှေ ချိန်ပေါင်း ကား တပိဿာ နှစ်ဆယ်ရှိသတည်း။ 87မီးရှို့ ရာယဇ်ဘို့ ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ နွား ပေါင်းဆယ် နှစ် ကောင်၊ သိုးထီး ဆယ် နှစ် ကောင်၊ အခါမလည် သောသိုးသငယ် ဆယ် နှစ် ကောင်၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် ပေါင်း ဆယ် နှစ် ကောင်၊ 88မိဿဟာယ ယဇ်ဘို့ နွား ပေါင်း ၊ နှစ်ဆယ် လေး ကောင်၊ သိုးထီး ခြောက်ဆယ် ၊ ဆိတ်ထီး ခြောက်ဆယ် ၊ အခါမလည် သော သိုးသငယ် ခြောက်ဆယ် ရှိသတည်း။ ဤရွေ့ကား ၊ ယဇ်ပလ္လင် ဆီ လူးသောနောက် ၊ အနုမောဒနာ ပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။ 89မောရှေ သည် ဘုရားသခင် ကို လျှောက် ခြင်းငှါ ပရိသတ်စည်းဝေး ရာ တဲ တော်ထဲသို့ ဝင် သောအခါ ၊ ခေရုဗိမ် နှစ် ပါးကြားမှာ ၊ သက်သေခံ ချက်သေတ္တာ အပေါ် ၌ တင်သောအဖုံး ထက် က ၊ ဘုရားသခင်ခေါ် တော်မူသံ ကို မောရှေသည်ကြား ၍ ထူး လေ၏။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

Ofrendas de Dedicación de los Líderes Tribales

  • Para transportar el tabernáculo, los líderes de las doce tribus donaron seis carretas cubiertas y doce bueyes. Moisés distribuyó dos carretas a los gersonitas y cuatro a los meraritas según sus tareas, pero no dio ninguna a los coatitas, quienes debían transportar los objetos sagrados directamente sobre sus hombros.Fuentes: el propio texto bíblico
  • Para la dedicación del altar, cada líder tribal presentó una ofrenda idéntica a lo largo de doce días consecutivos, consistente en recipientes de plata y oro, harina, incienso y animales para el sacrificio. La serie de presentaciones diarias comenzó con Naasón, hijo de Aminadab, líder de la tribu de Judá.Fuentes: el propio texto bíblico · Nahshon · Amminadab

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.