Números 31
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
1တဖန် ထာဝရဘုရား က၊ မိဒျန် အမျိုးသားတို့ သည် ဣသရေလ အမျိုးသား တို့ကို ပြစ်မှား သောအပြစ် အလျောက်ဣသရေလအမျိုးသားဘက်၌ နေ၍ တရား စီရင်လော့။ 2သို့ပြီးမှ သင်သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်ဟု မောရှေ အား မိန့် တော်မူ၏။ 3မောရှေ သည်လည်း လူ များတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက် ကို ကိုင်လျက်၊ မိဒျန် အမျိုးသားတို့သို့ စစ် ချီ ၍ ထာဝရဘုရား ဘက်၌ တရား စီရင်စေ။ 4ဣသရေလ အမျိုးအနွယ် တို့တွင် တမျိုးတမျိုးထဲက၊ လူတထောင် စီရွေး၍ စစ်ချီ စေဟု စီရင်သည် အတိုင်း၊ 5ဣသရေလ အမျိုးသားအထောင် အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက် လက်နက် ပါသောသူ တထောင် စီ၊ လူပေါင်း တသောင်း နှစ်ထောင်ကို အပ် ၍၊ 6မောရှေ သည်ထိုသူ တို့ကို၎င်း၊ သန့်ရှင်း သော လက်နက် နှင့်တကွ ၊ မှုတ် ရာတံပိုး တို့ကို ကိုင် သော ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကို၎င်းစစ် ချီ စေ၏။ 7မောရှေ အား ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ ထိုသူတို့သည် မိဒျန် အမျိုးသားတို့ကို တိုက် ၍ လူယောက်ျား အပေါင်း တို့ကိုသတ် ကြ၏။ 8အသေ သတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တည်းဟူသောမိဒျန် မင်းကြီး ငါး ပါးပါကြ၏။ ဗောရ သား ဗာလမ် ကိုလည်း ထား နှင့် သတ် ကြ၏။ 9ဣသရေလ အမျိုးသား တို့သည်၊ မိဒျန် မိန်းမ များ၊ သူငယ် များတို့ကို လက်ရ သိမ်းယူ၍ ၊ သိုး ၊ ဆိတ်၊ နွား အစရှိသော ဥစ္စာ အလုံးစုံ တို့ကို လုယူ ကြ၏။ 10မိဒျန်အမျိုးသားတို့ နေသောမြို့ ရွာရှိသမျှ တို့ကို မီး ရှို့ ကြ၏။ 11ဘမ်းရသောလူ ၊ တိရစ္ဆာန် နှင့်တကွ၊ လက်ရ ဥစ္စာ အလုံးစုံ တို့ကို သိမ်း သွား၍ ၊ 12မောဘ လွင်ပြင် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက်၌ တပ်ချ လျက်နေသောမောရှေ ၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ ဣသရေလ အမျိုးသား ပရိသတ် တို့ထံသို့ ဆောင် ခဲ့ကြ၏။ 13မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ မှစ၍ ပရိသတ် တို့၌ မင်း အပေါင်း တို့သည် ကြိုဆို ခြင်းငှာ တပ် ပြင် သို့ ထွက်သွား ကြ၏။ 14မောရှေ သည် စစ်တိုက် ရာမှ ပြန်လာ သောတပ်မှူး များ၊ ဗိုလ် မင်း များတို့ကို အမျက် ထွက်၍၊ 15သင်တို့သည် မိန်းမ အပေါင်း တို့ကို အဘယ်ကြောင့်အသက်ရှင် စေကြသနည်း။ 16ဣသရေလ အမျိုးသား တို့သည်၊ ပေဂုရ ဘုရားအမှု ၌ ထာဝရဘုရား ကို ပြစ်မှား စေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ် ပေးသောအကြံ ကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေး ရောက် လေသည် တကား။ 17ထိုကြောင့် ၊ သူငယ် ယောက်ျား အပေါင်း ကို၎င်း ၊ ယောက်ျား နှင့် ဆက်ဆံ ဘူးသော မိန်းမ အပေါင်း ကို၎င်း၊ သတ် ကြလော့။ 18ယောက်ျား နှင့် မ ဆက်ဆံ ဘူးသော မိန်းမငယ် အပေါင်း တို့ကို၊ မိမိ တို့အဘို့ အသက် ချမ်းသာပေးကြလော့။ 19သင် တို့သည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေ ရကြမည်။ လူကို သတ် သောသူ၊ အသေကောင် ကို ထိ သောသူ အပေါင်း တို့ ကိုယ်ကို၎င်း၊ သိမ်းယူ သောသူတို့ ကို၎င်း၊ တတိယ နေ့ ၊ သတ္တမ နေ့ ၌ စင်ကြယ် စေ ကြလော့။ 20သင်တို့အဝတ် နှင့် သားရေ တန်ဆာ ရှိသမျှ ၊ ဆိတ်မွေး ဖြင့် ရက်သောအရာ ၊ သစ်သား ဖြင့် လုပ်သောအရာ ရှိသမျှ တို့ ကို စင်ကြယ် စေကြလော့ဟု မှာထား လေ၏။ 21ယဇ်ပုရောဟိတ် ဧလာဇာ သည်လည်း ၊ စစ်တိုက် သွား သော စစ်သူရဲ တို့ကိုခေါ်၍၊ မောရှေ ၌ ထာဝရဘုရား ထား တော်မူသော ပညတ် တရား ဟူမူကား၊ 22ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကြေးဖြူ ၊ ခဲ အစရှိသော၊ 23မီး ကိုခံနိုင် သော အရာ ရှိသမျှ တို့ကို မီး အလယ် ၌ သွား စေ သဖြင့် စင်ကြယ် စေရမည်။ သို့ရာတွင် စင်ကြယ် စေသောရေ ဖြင့် လည်း စင်ကြယ် စေရမည်။ မီး မ ခံနိုင် သော အရာရှိသမျှ တို့ ကို ရေ အလယ် ၌ သွား စေရမည်။ 24သတ္တမ နေ့ ၌ မိမိ အဝတ် ကို လျှော် ပြီးမှ ၊ စင်ကြယ် ခြင်းရှိ၍ ၊ တပ် ထဲသို့ ဝင် ရကြမည်ဟု မှာထား လေ၏။ 25ထာဝရဘုရား ကလည်း ၊ သင် နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊ 26ပရိသတ် အဆွေအမျိုး သူကြီး တို့သည်၊ ယခု လက်ရ သိမ်းယူ ခဲ့သော ဥစ္စာ၊ လူ ၊ တိရစ္ဆာန် အပေါင်းတို့ကို ယူ ၍ ၊ 27ထက်ဝက် ခွဲပြီးလျှင်တဝက်ကို စစ်မှုထမ်း ၍ အတိုက် သွားသောသူတို့ အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်း တို့အား၎င်း ပေးဝေလော့။ 28စစ်တိုက် သွား သော စစ်သူရဲ တို့သည်၊ ထာဝရဘုရား အား ပေး ရသောအခွန် ကို ခွဲ ၍ လူ ၊ နွား ၊ မြည်း ၊ သိုး အကောင်ငါး ရာ တွင် တ ကောင်ကို ကောက်ယူပြီးလျှင်၊ 29သူ တို့ခံရသောထက်ဝက် အဘို့ထဲက နှုတ်၍၊ ထာဝရဘုရား ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာယဇ်ပုရောဟိတ် ဧလာဇာ အား ပေး ရမည်။ 30ဣသရေလ အမျိုးသား ခံရသောထက်ဝက် အဘို့ထဲက လည်း လူ ၊ နွား ၊ မြည်း ၊ သိုး အစရှိသော တိရစ္ဆာန် မျိုး အကောင်ငါးဆယ် တို့တွင် တ ကောင်ကို ကောက်ယူ ၍ ထာဝရဘုရား ၏ တဲ တော်ကို စောင့် သော လေဝိ သားတို့အား ပေး ရမည်ဟု၊ 31မောရှေ အား ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့ သည် ပြု လေ၏။ 32စစ်သူရဲ တို့သည် လက်ရ သိမ်းယူ ခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား၊ သိုး ခြောက်သိန်း ခုနစ်သောင်း ငါးထောင် ၊ 33နွား ခုနစ်သောင်း နှစ်ထောင်၊ 34မြည်း ခြောက်သောင်း တထောင်၊ 35ယောက်ျား နှင့် မ ဆက်ဆံ ဘူးသောမိန်းမ သုံးသောင်း ခုနစ်ထောင်ရှိသတည်း။ 36စစ်တိုက် သွား သောသူတို့ ခံရသောထက်ဝက် အဘို့ ကား၊ သိုး သုံးသိန်း သုံးသောင်း ခုနစ်ထောင် ငါးရာ ရှိသည်ဖြစ်၍၊ 37ထာဝရဘုရား ခံရသောအခွန် ကား၊ သိုး ခြောက်ရာ ခုနစ်ဆယ်ငါးကောင်တည်း။ 38နွား သုံးသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ နွားခုနစ်ဆယ် ခုနစ် ကောင်တည်း။ 39မြည်း သုံးသောင်း ငါးရာရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ မြည်းခြောက်ဆယ် တ ကောင်တည်း။ 40လူ တသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ လူ သုံးဆယ် နှစ် ယောက်တည်း။ 41ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာအခွန် ကို ယဇ်ပုရောဟိတ် ဧလာဇာ အား အပ် ပေးလေ၏။ 42တဖန် စစ်တိုက် သောသူတို့လက်မှ မောရှေ ယူ ၍၊ ဣသရေလ အမျိုးသား၊ 43ပရိသတ် တို့ခံရသောထက်ဝက် အဘို့ကား၊ သိုး သုံးသိန်း သုံးသောင်းခုနစ်ထောင်ငါးရာ၊ 44နွား သုံးသောင်း ခြောက်ထောင်၊ 45မြည်း သုံးသောင်း ငါးရာ၊ 46လူ တသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍ ၊ 47ဣသရေလ အမျိုးသား ခံရသောထက်ဝက် အဘို့ လူ ၊ တိရစ္ဆာန် အကောင်ငါးဆယ် တို့တွင် တ ကောင်ကို မောရှေ ကောက်ယူ ၍ ထာဝရဘုရား ၏ တဲ တော်ကို စောင့် သော လေဝိ သားတို့အား ပေး ၏။ ထိုသို့ ထာဝရဘုရား မှာထား တော်မူ၏။ 48လူတရာ ၊ တထောင် ကိုအုပ်သော တပ်မှူး များ၊ ဗိုလ် များတို့သည်လည်း ၊ မောရှေ ထံသို့ ချဉ်းကပ် ၍ ၊ 49ကိုယ်တော် ကျွန် တို့သည် အုပ်သောစစ်သူရဲ တို့ ကို စာရင်း ယူပြန်၍၊ လူတယောက်မျှ မ လျော့ ပါ။ 50ထိုကြောင့် ထာဝရဘုရား ရှေ့ တော်၌ အသက် အဘိုးကို ဖြေ ဘို့ ရာ လူ အသီးအသီးရ သော ရွှေ တန်ဆာ ၊ လည်ဆွဲ ၊ လက်ကောက် ၊ လက်စွပ် ၊ နားတောင်း ၊ နှာခေါင်းဆွဲ ဘူးတို့ကို ထာဝရဘုရား အား ပူဇော် လျက် ဆောင် ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊ 51မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ ထိုရွှေ တည်းဟူသောလုပ် ပြီးသောတန်ဆာ ရှိသမျှ တို့ကိုခံယူ ကြ၏။ 52ထိုသို့ စစ်သူရဲ အသီးအသီး တို့သည် မိမိ တို့အဘို့ သိမ်းယူ ၍၊ 53တပ်မှူး များ၊ ဗိုလ် များတို့သည် ထာဝရဘုရား အား ပူဇော် သော ရွှေ ချိန်ပေါင်း ကား၊ တရာ ခြောက်ဆယ်ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ်ရှိသတည်း။ 54တပ်မှူး များ၊ ဗိုလ်များ ပူဇော်သောရွှေ ကို မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်ယူ ၍၊ ဣသရေလ အမျိုးသား တို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေး ရာတဲ တော်၌ သွင်းထား ကြ၏။

¿Sabías que…?
La guerra contra Madián y la repartición del botín
- Un ejército de doce mil israelitas —mil de cada tribu— marchó a la batalla contra Madián, acompañado por Finees, hijo de Eleazar, quien llevaba los utensilios sagrados y las trompetas de señales. Entre los caídos en la campaña estaban los cinco reyes madianitas (Evi, Requem, Zur, Hur y Reba), además de Balaam, hijo de Beor.Fuentes: el propio texto bíblico · Phinehas (Levite) · Balaam
- El sacerdote Eleazar instruyó a los soldados sobre los ritos de purificación requeridos antes de volver al campamento después de la batalla. Los objetos resistentes al calor, como el oro, la plata, el bronce, el hierro, el estaño y el plomo, debían pasar por el fuego y purificarse con agua, mientras que otros materiales se lavaban solo con agua.Fuentes: el propio texto bíblico · Eleazar
- Tras la campaña, los comandantes del ejército informaron que no se había perdido ningún soldado israelita en el combate. Por ello, los oficiales llevaron a la Tienda de Reunión una ofrenda de dieciséis mil setecientos cincuenta siclos en joyas de oro tomadas como botín.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Midian · 28.495, 35.012 · versículos 3, 7, 8, 9
- Jericho · Hoy: Tell es Sultan · 31.872, 35.445 · versículo 12
- Jordan · Hoy: Jordan River · 31.761, 35.558 · versículo 12
- Moab · Hoy: Moab 2 · 31.840, 35.674 · versículo 12
- Peor · Hoy: within 1 km of Khirbet Ayun Musa · 31.777, 35.738 · versículo 16
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org