Números 26
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
1ထိုဘေး ငြိမ်းသောနောက် ၊ ထာဝရဘုရား က၊ 2အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် စာရင်းယူ ကြလော့ဟု မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့အား မိန့် တော်မူသည် အတိုင်း၊ 3သူတို့သည် မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌၊ 4အသက် နှစ်ဆယ် လွန် သောသူတို့ကို စာရင်းယူရ မည်အကြောင်းဆင့်ဆို ကြ၏။ 5အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား တို့တွင်၊ ဣသရေလ ၏ သားဦး ရုဗင် ၏သား ဟူမူကား ဟာနုတ် မှဆင်းသက်သော ဟောနောခိ အဆွေအမျိုး ၊ ဖါလု မှ ဆင်းသက်သော ဖာလွိ အဆွေအမျိုး၊ 6ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး ၊ ကာမိ မှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။ 7ဤ သူတို့သည် ရုဗင် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း သုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။ 8ဖာလု ၏သား ဧလျာဘ ၊ ဧလျာဘ ၏သား နေမွေလ ၊ ဒါသန် ၊ အဘိရံ တည်း။ 9ဤ ဒါသန် ၊ အဘိရံ တို့သည် အခြားမဟုတ်၊ ကောရ အပေါင်းအသင်း သည် ထာဝရဘုရား နှင့် ဆန့်ကျင်ဘက် ပြုသောအခါ ၊ ပရိသတ် ၌ ကျော်စော ၍ မောရှေ နှင့် အာရုန် ကို ဆန့်ကျင်ဘက် ပြုသော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။ 10မြေကြီး သည် မိမိ ခံတွင်း ကိုဖွင့် ၍ သူ တို့ကို၎င်း ၊ ကောရ ကို၎င်း မျို သဖြင့် ၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေ ကြ၏။ မီး သည် လည်း လူနှစ်ရာ ငါးဆယ် တို့ကို အသက် ဆုံးစေ၏။ ထိုသူတို့သည် သတိပေး သော သက်သေဖြစ် သတည်း။ 11သို့ရာတွင် ကောရ ၏ သားသမီး တို့သည် သေ ဘေးနှင့် လွတ်ကြ၏။ 12ဘိုးဘအဆွေအမျိုး အလိုက် ရှိမောင် ၏သား ဟူမူကား၊ ယေမွေလ မှ ဆင်းသက်သော ယေမွေလိ အဆွေအမျိုး ၊ ယာမိန် မှ ဆင်းသက်သော ယာမိနိ အဆွေအမျိုး ၊ ယာခိန် မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊ 13ဇေရ မှ ဆင်းသက်သောဇေရဟိ အဆွေအမျိုး ၊ ရှောလ မှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။ 14ဤ သူတို့သည် ရှိမောင် အဆွေအမျိုး ဖြစ်၍လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိသတည်း။ 15ဘိုးဘအဆွေအမျိုး အလိုက် ဂဒ် ၏သား ဟူမူကား၊ ဇေဖုန် မှ ဆင်းသက်သော ဇေဖေါနိ အဆွေအမျိုး ၊ ဟဂ္ဂိ မှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး ၊ ရှုနိ မှ ဆင်းသက်သော ရှုနိတ် အဆွေအမျိုး၊ 16ဩဇနိ မှ ဆင်းသက်သော ဩဇနိတ် အဆွေအမျိုး ၊ ဧရိ မှ ဆင်းသက်သော ဧရိတ် အဆွေအမျိုး၊ 17အာရုဒ် မှ ဆင်းသက်သော အာရောဒိ အဆွေအမျိုး ၊ အရေလိ မှ ဆင်းသက်သော အရေလိတ် အဆွေအမျိုး တည်း။ 18ဤ သူတို့သည်ဂဒ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင် သော လူပေါင်းကား၊ လေးသောင်း ငါး ရာ ရှိသတည်း။ 19ယုဒ ၏သား ဟူမူကား၊ ခါနာန် ပြည် ၌ သေ သော ဧရ နှင့် ဩနန် အစရှိသော၊ 20ဘိုးဘအဆွေအမျိုး အလိုက် ၊ ရှေလ မှ ဆင်းသက်သော ရှေလနိ အဆွေအမျိုး ၊ ဖါရဇ် မှ ဆင်းသက်သော ဖါရဇိ အဆွေအမျိုး ၊ ဇေရ မှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုး တည်း။ 21ဖါရဇ် ၏သား ၊ ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး ၊ ဟာမုလ မှ ဆင်းသက်သော ဟာမုလိ အဆွေအမျိုး တည်း။ 22ဤ သူတို့သည် ယုဒ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်း ခြောက်ထောင်ငါးရာရှိသတည်း။ 23ဘိုးဘအဆွေအမျိုး အလိုက် ဣသခါ ၏သား ဟူမူကား၊ တောလ မှဆင်းသက်သော တောလိ အဆွေအမျိုး ၊ ဖုဝါ မှ ဆင်းသက်သော ဖုဝနိ အဆွေအမျိုး၊ 24ယာရှုပ် မှ ဆင်းသက်သော ယာရှုဘိ အဆွေအမျိုး ၊ ရှိမရုန် မှ ဆင်းသက်သော ရှိမရောနိ အဆွေအမျိုး တည်း။ 25ဤ သူတို့သည် ဣသခါ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာရှိသတည်း။ 26ဘိုးဘအဆွေအမျိုး အလိုက် ဇာဗုလုန် ၏သား ဟူမူကား၊ သရက် မှ ဆင်းသက်သော သရဒိ အဆွေအမျိုး ၊ ဧလုန် မှ ဆင်းသက်သော ဧလောနိ အဆွေအမျိုး ၊ ယာလေလ မှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။ 27ဤ သူတို့သည် ဇာဗုလုန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း ငါးရာရှိသတည်း။ 28ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့တွင်၊ 29မနာရှေ ၏သား ဟူမူကား၊ မာခိရ မှ ဆင်းသက်သော မာခိရိ အဆွေအမျိုး၊ 30ယေဇေရ မှဆင်းသက်သော ယေဇေရိ အဆွေအမျိုး ၊ ဟေလက် မှ ဆင်းသက်သော ဟေလကိ အဆွေအမျိုး၊ 31အသရေလ မှဆင်းသက်သော အာသရေလိ အဆွေအမျိုး ၊ ရှေခင် မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊ 32ရှမိဒ မှ ဆင်းသက်သော ရှမိဒိ အဆွေအမျိုး ၊ ဟေဖါ မှဆင်းသက်သော ဟေဖေရိ အဆွေအမျိုး တည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။ 33ဟေဖါ ၏သား ဇလောဖဒ် ၌ကား၊ သား ယောက်ျားမ ရှိ ၊ သမီး သက်သက်သာ ရှိ၏။ ဇလောဖဒ် ၏ သမီး တို့ အမည် ကား၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တည်း။ 34ဤ သူတို့သည် မနာရှေ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။ 35ဘိုးဘအဆွေအမျိုး အလိုက် ဧဖရိမ် ၏သား ဟူမူကား ၊ ရှုသလ မှ ဆင်းသက်သော ရှုသလိ အဆွေအမျိုး ၊ ဗေခါ မှ ဆင်းသက်သော ဗေခရိ အဆွေအမျိုး ၊ တာဟန် မှ ဆင်းသက်သော တာဟနိ အဆွေအမျိုး တည်း။ 36ရှုသေလ ၏သား ဧရန် မှ ဆင်းသက်သော ဧရနိ အဆွေအမျိုး တည်း။ 37ဤ သူတို့သည် ဧဖရိမ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ သုံးသောင်း နှစ်ထောင်ငါးရာရှိသတည်း။ ဤ သူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သားစဉ်မြေးဆက် ဖြစ်သတည်း။ 38ဘိုးဘအဆွေအမျိုး အလိုက် ဗင်္ယာမိန် ၏သား ဟူမူကား၊ ဗေလ မှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလ မှ ဆင်းသက်သော အာရှဗေလိ အဆွေအမျိုး ၊ အဟိရံ မှ ဆင်းသက်သော အဟိရမိ အဆွေအမျိုး။ 39ရှုဖံ မှ ဆင်းသက်သော ရှုဖမိ အဆွေအမျိုး ၊ ဟုဖံ မှ ဆင်းသက်သော ဟုဖမိ အဆွေအမျိုး တည်း။ 40ဗေလ သား အာရဒ မှဆင်းသက်သော အာရဒိ အဆွေအမျိုး ၊ နေမန် မှ ဆင်းသက်သော နေမနိ အဆွေအမျိုး တည်း။ 41ဤ သူတို့သည် ဗင်္ယာမိန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား လေးသောင်း ငါးထောင်ခြောက်ရာရှိသတည်း။ 42ဘိုးဘအဆွေအမျိုး အလိုက် ဒန် ၏သား ဟူမူကား ၊ ရှုဟံ မှ ဆင်းသက်သောရှုဟမိ အဆွေအမျိုး တည်း။ ဤ သူတို့သည် ဒန် အဆွေအမျိုး ဖြစ်၍၊ 43စာရင်း ဝင်သော ရှုဟမိ လူပေါင်း ကား၊ ခြောက်သောင်း လေးထောင်လေးရာရှိသတည်း။ 44ဘိုးဘအဆွေအမျိုး အလိုက် အာရှာ ၏သား ဟူမူကား၊ ယိမန မှ ဆင်းသက်သော ယိမနိ အဆွေအမျိုး ၊ ယေသဝိ မှ ဆင်းသက်သော ယေသဝိတ် အဆွေအမျိုး ၊ ဗေရိ မှဆင်းသက်သော ဗေရိတ် အဆွေအမျိုး တည်း။ 45ဗေရိ ၏သား ဟေဗေရ မှ ဆင်းသက်သော ဟေဗေရိ အဆွေအမျိုး ၊ မာလချေလ မှ ဆင်းသက်သော မာလချေလိ အဆွေအမျိုး တည်း။ 46အာရှာ ၏ သမီး အမည် ကား၊ စာရာ တည်း။ 47ဤ သူတို့သည် အာရှာ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း သုံးထောင်လေးရာရှိသတည်း။ 48ဘိုးဘအဆွေအမျိုး အလိုက် နဿလိ ၏သား ဟူမူကား၊ ယာဇေလ မှ ဆင်းသက်သော ယာဇေလိ အဆွေအမျိုး ၊ ဂုနိ မှ ဆင်းသက်သော ဂုနိတ် အဆွေအမျိုး ၊ 49ယေဇေရ မှ ဆင်းသက်သော ယေဇေရိ အဆွေအမျိုး ၊ ရှိလ္လင် မှ ဆင်းသက်သော ရှိလ္လမိ အဆွေအမျိုး တည်း။ 50ဤ သူတို့သည် နဿလိ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း ငါးထောင်လေးရာရှိသတည်း။ 51ထိုသို့ ဣသရေလ အမျိုး ၊ စာရင်း ဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိ သတည်း။ 52ထာဝရဘုရား ကလည်း ၊ ဤ သူတို့အား အရေအတွက် ရှိသည်အတိုင်း၊ 53ခါနန်ပြည် ကို ဝေ ရမည်။ 54လူများ လျှင်များ သော အမွေ မြေကို၎င်း၊ လူနည်း လျှင် နည်း သော အမွေ မြေကို၎င်း၊ အနည်း အများ အလိုက် အသီးသီး တို့အား အမွေ မြေကို ဝေပေး ရမည်။ 55သို့ရာတွင် ထိုပြည် ကို စာရေးတံ ချ၍ ဝေ ရမည်။ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။ 56စာရေးတံ ကျသည်အတိုင်း မြေ ကိုဝေ ၍ အနည်း အများ အလိုက် ပိုင်ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။ 57ဘိုးဘအဆွေအမျိုး အလိုက် စာရင်း ဝင်သော လေဝိ ၏သား ဟူမူကား ၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိ အဆွေအမျိုး ၊ ကောဟတ် မှ ဆင်းသက်သော ကောဟသိ အဆွေအမျိုး ၊ မေရာရိ မှ ဆင်းသက်သော မေရောရိတ် အဆွေအမျိုး တည်း။ 58ဤသည်လျှင် လေဝိ အဆွေအမျိုး ဖြစ်၍၊ လိဗနိ အဆွေအမျိုး ၊ ဟေဗြောနိ အဆွေအမျိုး ၊ မာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး ၊ ကောရသိ အဆွေအမျိုး ပါသတည်း။ ကောဟတ် ၏ သားကား၊ အာမရံ တည်း။ 59အာမရံ ၏ မယား ကား၊ အဲဂုတ္တု ပြည်၌ လေဝိ မယား ဘွားမြင် သော လေဝိ ၏ သမီး ယောခေဗက် တည်း။ ထိုမိန်းမသည် အာမရံ ၏ မယားဖြစ်၍၊ အာရုန် ၊ မောရှေ ၊ နှမ မိရိအံ တို့ကို ဘွားမြင် လေ၏။ 60အာရုန် ၏သားကား၊ နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။ 61နာဒပ် နှင့် အဘိဟု တို့သည် ထာဝရဘုရား ရှေ့ တော်၌ ထူးခြား သောမီး ကို ပူဇော် သောအခါ သေ ကြ၏။ 62အသက် တလ လွန် ၍ စာရင်း ဝင်သော လေဝိ သား ယောက်ျား ပေါင်း ကား၊ နှစ်သောင်း သုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ အမွေ မ ခံရ သောကြောင့် ၊ ရောနှော၍ စာရင်း မ ဝင်ရကြ။ 63ဤရွေ့ကား ၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စာရင်း ယူသော ဣသရေလ အမျိုးသား ပေတည်း။ 64မောရှေ နှင့် ယဇ်ပုရောဟိတ် အာရုန် တို့သည်၊ သိနာ တော ၌ ဣသရေလ အမျိုးသား တို့ကို စာရင်း ယူ၍၊ ထို စာရင်း၌ ဝင် သောသူ တယောက် မျှ မပါ။ 65အကြောင်းမူကား ၊ ထိုသူတို့သည်တော ၌ အမှန် သေ ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အရင်းလူတယောက် မျှ မကြွင်း မကျန်ရ။

¿Sabías que…?
El segundo censo en las llanuras de Moab
- Este segundo censo militar fue realizado por Moisés y el sumo sacerdote Eleazar en las llanuras de Moab, junto al Jordán, frente a Jericó. Se registraron 601.730 hombres de veinte años o más aptos para la guerra, lo que sirvió de base para repartir la tierra prometida por sorteo según el tamaño de cada tribu.Fuentes: el propio texto bíblico · Eleazar · Moab
- El censo evidenció un relevo generacional completo: de todos los israelitas censados en el monte Sinaí, no quedaba ningún hombre vivo, con la sola excepción de Caleb hijo de Jefone y Josué hijo de Nun.Fuentes: el propio texto bíblico · Sinai
- Los levitas fueron contados por separado del resto de las tribus, sumando 23.000 varones de un mes de edad en adelante. Dado que no recibirían una herencia territorial entre las demás tribus de Israel, quedaron excluidos del censo general.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Jericho · Hoy: Tell es Sultan · 31.872, 35.445 · versículos 3, 63
- Jordan · Hoy: Jordan River · 31.761, 35.558 · versículos 3, 63
- Moab · Hoy: Moab 2 · 31.840, 35.674 · versículos 3, 63
- Egypt · 30.129, 31.308 · versículos 4, 59
- Canaan · 32.767, 35.333 · versículo 19
- Wilderness of Sinai · Hoy: about 50 km around Jebel Musa · 28.540, 33.973 · versículo 64
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org