Marcos 11
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
1ယေရုရှလင် မြို့နှင့် အနီးသံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာသို့ရောက် ကြသောအခါ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် တော်မူ၍ ၊ 2သင် တို့ရှေ့ ၌ ရှိသောရွာ သို့ သွား ကြ။ ထိုရွာ သို့ ရောက် လျှင် အဘယ်သူ မျှမ စီး ဘူးသော မြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်း တွေ့ လိမ့်မည်။ မြည်းကြိုး ကို ဖြည် ၍ ဆောင်ခဲ့ ကြ။” 3“သူတစ်ပါး က၊ အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သင် တို့အားဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် ထိုသူ သည် ချက်ခြင်း ပေး လိုက်မည်” ဟု မှာထား တော်မူ၏။
4တပည့်တော်တို့သည်သွား ၍ လမ်း ၌ တံခါး ပြင် မှာ ချည် ထားသောမြည်းကလေး ကို တွေ့ ပြီးလျှင် မြည်းကြိုး ကို ဖြည် ကြ၏။ 5ထို အရပ်၌ ရပ် နေသောလူ အချို့ တို့က၊ အဘယ်ကြောင့် မြည်း ကြိုးကိုဖြည် သနည်းဟုဆို လျှင် ၊ 6ယေရှု မှာထား တော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြော ပြီးမှ ထိုသူတို့သည် အခွင့် ပေးကြ၏။ 7ယေရှု ထံတော်သို့ မြည်းကလေး ကိုဆောင်ခဲ့ ၍ မိမိ တို့အဝတ် ကို မြည်း ကျောပေါ်မှာတင် ကြပြီးလျှင် ကိုယ်တော်သည် စီး တော်မူ၏။ 8လူအများ တို့သည် မိမိ တို့အဝတ် ကိုလမ်း ၌ ခင်း ကြ၏။ အချို့ တို့သည် သစ်ကိုင်း သစ်ခက်များကို ခုတ် ၍ လမ်း၌ ခင်းကြ၏။ 9ရှေ့ နောက် လိုက်သွားသောသူ တို့က၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။ 10ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လု သော ငါ တို့အဘ ဒါဝိဒ် ၏နိုင်ငံ တော်သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။ 11ယေရှုသည် ယေရုရှလင် မြို့သို့ ၎င်း၊ ဗိမာန် တော်သို့ ၎င်း ဝင် ၍ အရာရာ တို့ကို ကြည့်ရှု တော်မူပြီးလျှင်မိုဃ်းချုပ် သောကြောင့် တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့်တကွ ဗေသနိ ရွာသို့ ထွက်ကြွ တော်မူ၏။ 12နက်ဖြန် နေ့၌ ဗေသနိ ရွာမှ ပြန် ကြစဉ်တွင်ဆာမွတ် တော်မူ၏။ 13အရွက် နှင့်ပြည့်စုံ သော သင်္ဘောသဖန်း ပင်ကိုအဝေး က မြင် လျှင် ။ သင်္ဘောသဖန်း သီးဆွတ်ချိန် ကာလမ ရောက် သေးသောကြောင့် ၊ ထိုအပင် ၌ အသီးကိုတွေ့ ကောင်းတွေ့လိမ့်မည်ဟု ကြွသွား ၍ရောက် သောအခါ ၊ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ 14ယခုမှစ၍ အစဉ်မပြတ် သင် ၏အသီး ကို အဘယ်သူ မျှမစား စေနှင့် ဟုမိန့် တော်မူ၏။ တပည့် တော်တို့သည် လည်း ကြား ကြ၏။ 15ယေရုရှလင် မြို့သို့ ရောက် သောအခါ ယေရှုသည် ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ တို့ကို နှင်ထုတ် ၍ ပွဲစား ခုံ တို့ကို၎င်း၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင်ရာ ကို၎င်း တွန်းလှဲ တော်မူ၍၊ 16ဗိမာန် တော်ထဲ၌ အဆောက်အဦး ကို အဘယ်သူ မျှ မ ဆောင် မရွက်ရမည်အကြောင်း မြစ်တား တော်မူလျက် ၊ 17ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ၌လာ သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား” ဟူ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
18ကျမ်းပြု ဆရာနှင့် ယဇ်ပုရောဟိတ် အကြီးတို့သည်ကြား လျှင် ၊ ကိုယ်တော် ကို သတ် ရသောအခွင့် ကို ရှာကြံ ကြ၏။ လူ အပေါင်း တို့သည် ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အံ့ဩ မိန်းမောသောကြောင့် ၊ ထိုသူတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ကြ ၏။ 19ည အချိန်ရောက် သောအခါ မြို့ ပြင် သို့ထွက် တော်မူ၏။ 20နံနက် အချိန်တွင် လမ်း၌သွား ကြစဉ်၊ သင်္ဘောသဖန်း ပင်သည် အမြစ် မှစ၍ သွေ့ခြောက် လျက်ရှိသည်ကို မြင် ကြ၏။ 21ပေတရု သည် သတိရ လျှင် ၊ အရှင် ဘုရားကြည့် တော်မူပါ။ ကျိန် တော်မူသော သင်္ဘောသဖန်း ပင်သည် သွေ့ခြောက် ပါပြီတကားဟု လျှောက် လေ၏။ 22ယေရှု ကလည်း ၊ သင်တို့သည်ဘုရားသခင် ကို ယုံကြည် ခြင်းရှိ ကြလော့။” 23ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ယုံမှား သောစိတ် နှင့် ကင်း ၍ မိမိဆို သည်အတိုင်း ဖြစ် မည်ဟု ယုံကြည် လျက်။ ထို တောင် ကို နေရာမှရွေ့ လော့၊ ပင်လယ် ၌ ကျ လော့ဟုဆို လျှင် ၊ ထိုသူ ဆိုသည်အတိုင်း၊ ဖြစ် လိမ့်မည်။” 24ထို့ကြောင့် ငါဆို သည်ကား၊ သင် တို့သည် ကျေးဇူးကိုရ မည်ဟု ယုံကြည် သောစိတ်နှင့် ဆုတောင်း သမျှ တို့ကို ရ ကြလိမ့်မည်။” 25သင်တို့သည် ဆုတောင်း သောအခါ သူတစ်ပါး ၌ အပြစ်တင်ခွင့်ရှိ လျှင် ၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင်ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် သင် တို့၏အပြစ် ကို လွှတ် တော်မူမည်။” 26သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ” ဟုမိန့်တော်မူ၏။
27ယေရုရှလင် မြို့သို့ တစ်ဖန် ရောက် ကြပြီးမှ ဗိမာန် တော်တွင် စင်္ကြံသွား တော်မူစဉ် ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူအကြီးအကဲ တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊ 28ကိုယ်တော်သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သနည်း။ ဤသို့ ပြု သောအခွင့် ကို အဘယ်သူ ပေး သနည်းဟု မေးလျှောက် ကြသော် ၊
29ယေရှု က၊ ငါသည်တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ ကြလော့။ ဖြေလျှင် ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါပြော မည်။” 30ယောဟန် ၏ ဗတ္တိဇံ တရားသည် ဘုရား က ဖြစ် သလော။ လူ က ဖြစ်သလော။ ဤအမေးကို ဖြေ ကြလော့” ဟု မိန့် တော်မူ၏။
31ထိုသူတို့သည် အချင်းချင်း ဆင်ခြင် ကြ၍ ၊ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့် မ ယုံ သနည်းဟု သူမေး လေဦးမည်။ 32လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ လူ များကိုကြောက် ရ၏။ ယောဟန် သည် ပရောဖက် အမှန် ဖြစ် သည် ကို လူအပေါင်း တို့သည် အယူ ရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ 33အကျွန်ုပ်တို့မ သိ ပါဟု ယေရှု အားပြန်ပြော ကြ၏။ ယေရှု ကလည်း ၊ ထိုအတူဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော “ဟု မိန့် တော်မူ၏။
¿Sabías que…?
La entrada en Jerusalén
- Este capítulo comienza cuando Jesús y sus discípulos se acercan a Jerusalén y llegan a Betfagé y Betania, en el monte de los Olivos. Betania era una aldea en la ladera sureste, a unas dos millas al este de Jerusalén, en el camino a Jericó, y su nombre venía de la cantidad de palmeras que crecían allí; Betfagé, muy cerca, era el límite de una jornada de sábado desde la ciudad, 2.000 codos. El monte de los Olivos debe su nombre a los olivos que cubren sus laderas: una sierra al este de Jerusalén, separada de ella por el valle de Cedrón.Fuentes: el propio texto bíblico · Bethany · Bethphage · Mount of Olives
- El nombre Betfagé significa “casa del higo inmaduro”. Al día siguiente, después de salir de Betania, Jesús tenía hambre y se acercó a una higuera con hojas, pero no halló en ella más que hojas, porque no era tiempo de higos; dijo que nadie volvería a comer de su fruto. A la mañana siguiente vieron el árbol seco desde las raíces, y Pedro lo señaló.Fuentes: el propio texto bíblico · Bethphage
- Jesús se sentó en un pollino, mientras muchos de la multitud tendían mantos en el camino y otros esparcían ramas cortadas de los campos. Los que iban delante y los que seguían gritaban: “¡Bendito el reino que viene, el de nuestro padre David!” David, cuyo nombre significa “amado”, era el octavo y el más joven de los hijos de Isaí, ciudadano de Belén. El monte de los Olivos se menciona por primera vez en relación con la huida de David de Jerusalén durante la rebelión de Absalón.Fuentes: el propio texto bíblico · David · Mount of Olives
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org