Mateo 3
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
1ထို ကာလ အခါ ဗတ္တိဇံ ဆရာယောဟန် သည် ပေါ်ထွန်း လျှင် ၊ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီ။ 2ထို့ကြောင့် နောင်တရ ကြလော့ဟု ယုဒ တော ၌ ဟော လေ၏။ 3ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ တော ၌ ဟစ်ကျော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွ တော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေကြလော့ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလို သတည်း။ 4ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သော အဝတ် ကိုဝတ်လျက်၊ ခါး ၌ သားရေ ခါးပန်း ကို စည်းလျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ ၏။ 5ထိုအခါ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်သူပြည်သား၊ ယော်ဒန် မြစ်နား မှာနေသောသူ အပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍၊ 6မိမိ တို့အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။ 7ဖာရိရှဲ နှင့် ဇဒ္ဒုကဲ အများ တို့သည် ဗတ္တိဇံ ကို ခံအံ့သောငှာ လာ ကြသည်ကို ယောဟန် သည်မြင် လျှင် ၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောသေဒဏ် မှ ပြေးသွား စိမ့်သောငှာ၊ အဘယ်သူ သည် သင် တို့ကိုသတိပေး ဘိသနည်း။ 8နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့ 9အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍ စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ဤ ကျောက်ခဲ တို့မှ အာဗြဟံ တို့ကို ထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန်ဆို ၏။ 10သစ်ပင် အမြစ် နားမှာ ပုဆိန် ထား လျက်ရှိသည်ဖြစ်၍ ၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရ၏။ 11ငါ သည် နောင်တ အဘို့ အလိုငှာ သင် တို့ကို ရေ နှင့် ဗတ္တိဇံ ပေး၏။ ငါ့ နောက် ကြွလာ သောသူ သည် ငါ့ ထက်တတ်စွမ်း နိုင်၏။ ထိုသူ ၏ခြေနင်း တော်ကိုမျှဆောင် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ၎င်း၊ မီး နှင့် ၎င်း၊ သင် တို့ကို ဗတ္တိဇံ ပေးမည်။ 12လက် တော်တွင် စံကော ပါလျက်၊ မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့် ၊ မိမိ ဂျုံ စပါးကို ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့်ရှို့ တော်မူလတံ့ဟု ယောဟန်ဟောပြော ၏။
13ထိုအခါ ယေရှု သည် ဗတ္တိဇံ ကိုခံအံ့သောငှာ ဂါလိလဲ ပြည်မှ ယော်ဒန် မြစ်နား ယောဟန် ထံသို့ ကြွ တော်မူ၏။ 14ယောဟန် ကလည်း ၊ အကျွန်ုပ် သည် ကိုယ်တော် ထံ၌ဗတ္တိဇံ ကိုခံရမည်အကြောင်း ရှိ ပါသည်ဖြစ်၍၊ ကိုယ်တော် သည် အကျွန်ုပ် ထံသို့ ကြွလာ တော်မူသလောဟု ယေရှု ကိုဆီးတား လေ၏။ 15ယေရှု ကလည်း အလုံးစုံ သောတရား တို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ် ၍ ယခု အခွင့် ပေးပါ ဟု ပြန်ပြောတော်မူ ၏။ ထိုအခါ ယောဟန်သည် ဝန်ခံ လေ၏။ 16ယေရှု သည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင် ရေ မှ ပေါ် ထစဉ်တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ဆင်းသက် ၍ ကိုယ်တော် အပေါ် ၌ နား တော်မူသည်ကိုမြင် ရ၍ ၊ 17ဤ သူကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ်လေ၏။

¿Sabías que…?
Arrepentimiento y bautismo en el Jordán
- Mateo identifica a Juan el Bautista como aquel de quien habló el profeta Isaías: una voz que clama en el desierto: “Preparen el camino del Señor”. El Diccionario Bíblico de Easton (1897) registra que la misión de Juan fue objeto de profecía, al citar este pasaje, Isaías 40:3 y Malaquías 3:1, y que era de linaje sacerdotal: su padre Zacarías, sacerdote del turno de Abías, y su madre Elisabet, de las hijas de Aarón. Una cronología fecha tanto el inicio del ministerio de Juan como su bautismo de Jesús en el año 26 d. C.Fuentes: el propio texto bíblico · John the Baptist · John the Baptist Begins Ministry · John Baptizes Jesus
- Juan vino predicando en el desierto de Judea, y personas de Jerusalén, de toda Judea y de toda la región alrededor del Jordán salieron a su encuentro, confesando sus pecados y siendo bautizadas en el río Jordán. El Diccionario Bíblico de Easton (1897) señala que, bajo los romanos, en el tiempo de Cristo, Judea designaba la más meridional de las tres divisiones de Palestina, distinta de Galilea y Samaria, e incluía los territorios de Judá, Benjamín, Dan, Simeón y parte de Efraín. Jesús vino de Galilea —llamada Galil por los judíos— al Jordán para ser bautizado por Juan.Fuentes: el propio texto bíblico · Judea · Galilee
- Juan advirtió a los fariseos y saduceos que no se apoyaran en la afirmación “Tenemos a Abraham por padre”, diciendo que Dios podía levantar hijos para Abraham de entre las piedras. El Diccionario Bíblico de Easton (1897) explica el nombre Abraham como “padre de una multitud” y lo describe como hijo de Taré, nombrado antes que sus hermanos mayores porque era el heredero de las promesas.Fuentes: el propio texto bíblico · Abraham
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Judea · Hoy: Judea 1 · 31.777, 35.234 · versículos 1, 5
- Jerusalem · 31.777, 35.234 · versículo 5
- Jordan · Hoy: Jordan River · 31.761, 35.558 · versículos 5, 6, 13
- Galilee · 32.760, 35.527 · versículo 13
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org