Nations Bible

Levítico 11

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်တော်မူ၍၊ 2သင်တို့သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ မြေကြီး ပေါ် မှာရှိသော သား တကာ တို့ တွင်၊ 3ခွါ ကွဲပြား ၍ စားမြုံ့ပြန် သော သား များကို သင်တို့သည် စား ရသောအခွင့်ရှိ၏။ 4သို့သော်လည်း ၊ စားမြုံ့ပြန် သောသား၊ ခွါ ကွဲပြား သော သားတို့တွင် မ စား ရသောသားဟူမူကား ၊ ကုလားအုပ် သည် စားမြုံ့ပြန် သော်လည်း ခွါ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။ 5ရှာဖန် သည် စားမြုံ့ပြန် သော်လည်း ၊ ခွါ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။ 6အာရနဘက် သည် စားမြုံ့ပြန် သော်လည်း ခွါ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။ 7ဝက် သည် ခွါ ကွဲပြား သော်လည်း ၊ စားမြုံ့ မ ပြန် သောကြောင့် သင် တို့၌ မ စင်ကြယ်။ 8ထိုသို့သော တိရစ္ဆာန်အသား ကို မ စား ရ။ အသေ ကောင်ကိုလည်း မ ထိ ရ။ မ စင်ကြယ်ဟု သင် တို့မှတ်ရကြမည်။ 9ပင်လယ် ရေ ၊ မြစ် ရေ အစရှိသော ရေ ၌ နေသော တိရစ္ဆာန်တကာ တို့တွင် ၊ အယပ် နှင့် အကြေး ရှိသော တိရစ္ဆာန်ကိုသာစား ရမည်။ 10အယပ် နှင့် အကြေး မ ရှိ၊ ပင်လယ် ရေ၊ မြစ် ရေအစရှိသော ရေ ၌ လှုပ်ရှား လျက် အသက် ရှင်လျက် နေသောတိရစ္ဆာန် ရှိသမျှ တို့သည် သင် တို့၌ ရွံရှာ ဘွယ် ဖြစ်ရကြမည်။ 11အယပ် အကြေး နှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသား ကို သင်တို့သည် မ စား ရ။ 12သူ တို့ အသေ ကောင်ကိုလည်း ရွံ့ရှာ ရကြမည်။ 13သင်တို့သည် ရွံ့ရှာ ဘွယ်မှတ်၍ မ စား ရသောငှက် မျိုးဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ် လင်းတ၊ လင်းယုန်၊ 14ဒါဟ ၊ စွန် မျိုး၊ 15ကျီး မျိုး ရှိသမျှ၊ 16ကုလားအုပ်ငှက် ၊ ငှက်ဆိုး ၊ ဥဗျိုင်း ၊ သိမ်း မျိုး၊ 17ဇီးကွက် ၊ ကြိုးကြာ ၊ ဣဗိတ်၊ 18ငှက်ကျား ၊ ဝံပို ၊ ဝံလို၊ 19တောငန်း ၊ ဒုံးစပ် မျိုး ၊ ဒုံးကုလား ၊ လင်းနို့ မှစ၍၊ 20အတောင် ရှိလျက် ခြေလေး ချောင်းနှင့် တွား တတ်သော တိရစ္ဆာန်မျိုးရှိသမျှ တို့သည် သင် တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။ 21သို့ရာတွင် အတောင် ရှိလျက် ခြေလေး ချောင်းနှင့် တွား တတ်၍၊ မြေ ပေါ် မှာ ခုန် စရာဘို့ အခြားခြေ ထက် ရှည်သော ခြေထောက် ရှိသောတိရစ္ဆာန်တို့တွင်၊ 22အာရာဘ ကျိုင်းမျိုး ၊ သလောင် ကျိုင်းမျိုး ၊ ခရဂလ ကျိုင်းမျိုး ၊ ခါဂပ် ကျိုင်းမျိုး ကို စား ရမည်။ 23အတောင် ရှိ၍ ခြေ လေး ချောင်းနှင့် တွား တတ်သော အခြားတိရစ္ဆာန်တို့သည် သင် တို့၌ ရွံရှာ ဘွယ် ဖြစ်ရကြမည်။ 24ထို တိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ် ခြင်း ပျက်တတ်၏။ သူ တို့အသေ ကောင်ကို ထိ သောသူသည်၊ ညဦး တိုင်အောင် မ စင်ကြယ်။ 25ထိုအသေ ကောင်ကို ဆောင် သွားသောသူသည် မိမိ အဝတ် ကိုလျှော် ရမည်။ ညဦး တိုင်အောင် လည်း မ စင်ကြယ်။ 26ခွါ မ ကွဲပြား သော တိရစ္ဆာန်၊ စားမြုံ့ မ ပြန် သော တိရစ္ဆာန် ရှိသမျှ တို့သည် သင် တို့၌ မ စင်ကြယ်။ သူ တို့ အသေကောင်ကို ထိ သမျှ သောသူတို့ သည် မ စင်ကြယ်ကြ။ 27ခွါမရှိသောသားအမျိုးမျိုးတို့သည် သင် တို့၌ မ စင်ကြယ်ကြ။ သူ တို့အသေ ကောင်ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။ 28သူ တို့ အသေ ကောင်ကို ဆောင် သွားသောသူသည် မိမိ အဝတ် ကို လျော် ရမည်။ ညဦး တိုင်အောင် လည်း မ စင်ကြယ်။ 29မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်တို့တွင် ပွေး ၊ ကြွက် ၊ အိမ်မျှောင် မျိုး၊ 30တောက်တဲ့ ၊ မြွေပါ ၊ သင်းချော၊ ပုတတ်၊ ပုတ်သင် တို့သည် သင်တို့၌ မစင်ကြယ်ကြ။ 31သူ တို့အသေကောင်ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။ 32ထိုအသေကောင်သည် သစ်ခွက် ၊ အဝတ် ၊ အရေ ၊ အမွှေး၊ အိတ် အစရှိသော အသုံး အဆောင်တစုံ တခု ပေါ် သို့ကျ လျှင် ထိုအသုံးအဆောင်မ စင်ကြယ်။ ရေ ၌ နှစ်ရမည်။ ညဦး တိုင်အောင် လည်း မ စင်ကြယ်။ ထိုနောက် စင်ကြယ် လိမ့်မည်။ 33မြေ ခွက် တစုံ တခုပေါ်သို့ အသေကောင်ကျ လျှင် ထိုမြေခွက် မ စင်ကြယ်သောကြောင့် ခွဲ ရမည်။ 34ထိုမြေခွက်ရေသည်၊ စားစရာအမဲသားပေါ်သို့ ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌ သောက် စရာရေ လည်း မ စင်ကြယ်။ 35အကြင်အရာအပေါ်၌ ထိုအသေ ကောင်ကျ ၏။ ထိုအရာသည် မီးဖို ဖြစ်စေ ၊ ခုံလောက် ဖြစ်စေ၊ မ စင်ကြယ်ရာသို့ ရောက်၍ သင် တို့၌ မ စင်ကြယ်သောကြောင့် ဖြိုဖျက် ရမည်။ 36သို့ရာတွင် ရေ စုဝေး ရာ စမ်း ရေတွင်း၊ တူးသော ရေတွင်း သည် မ စင်ကြယ်ရာသို့ မရောက်။ အသေ ကောင်ကို ထိမိ သော အရာသာ မ စင်ကြယ်ရာသို့ရောက်၏။ 37ကြဲစရာ မျိုးစေ့ အပေါ် ၌ ထိုအသေ ကောင်ကျ လျှင် ၊ မျိုးစေ့သည် မ စင်ကြယ်ရာသို့မရောက်။ 38ရေ ၌စိမ်ထားပြီးသော မျိုးစေ့ အပေါ် ၌ ထိုအသေ ကောင်ကျ လျှင် ၊ မျိုးစေ့သည် သင် တို့၌ မ စင်ကြယ်။ 39သင် တို့စား အပ်သော တိရစ္ဆာန် သေ လျှင် ၊ အသေ ကောင်ကို ထိမိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။ 40ထိုအသေ ကောင်ကို စား သောသူသည်၊ မိမိ အဝတ် ကို လျှော် ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်။ ထိုအသေ ကောင်ကို ဆောင် သွားသောသူသည်လည်း မိမိ အဝတ် ကို လျှော် ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်။ 41မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် ရှိသမျှ တို့သည် ရွံရှာ ဘွယ်ဖြစ်၍သင်တို့မ စား ရ။ 42ခြေမရှိ၊ ဝမ်း ဖြင့် သွား သည်ဖြစ်စေ၊ ခြေလေး ချောင်းဖြင့် သွား သည်ဖြစ်စေ၊ ခြေလေးချောင်းမက များ သော ခြေ ဖြင့်သွားသည်ဖြစ်စေ၊ မြေ ပေါ် တွား တတ်သော တိရစ္ဆာန် တစုံ တခုကို မျှ မ စား ရ။ ရွံရှာ ဘွယ် ဖြစ်၏။ 43တွား တတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့် သင် တို့သည် ကိုယ် ကို ရွံ့ရှာ ဘွယ် မ ဖြစ်စေရ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူး အောင် ကိုယ်၌မ စင်ကြယ်သည်ကို မ ပြုရ။ 44ငါ သည် သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ ငါ သည် သန့်ရှင်း သောကြောင့် ၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်း စေ၍ သန့်ရှင်း ခြင်းရှိ ရကြမည်။ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့် မျှ သင် တို့သည် ကိုယ် ကိုကိုယ်မ ညစ်ညူး စေရကြ။ 45ငါ သည် သင်တို့၏ ဘုရား သခင်ဖြစ်ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ ကယ် နုတ်သော ထာဝရဘုရား ဖြစ်၏။ ငါ သည် သန့်ရှင်း သောကြောင့် ၊ သင်တို့သည်သန့်ရှင်း ခြင်းရှိ ရကြမည်။ 46ဤရွေ့ကား ၊ စင်ကြယ် ၊ မစင်ကြယ် ၊ စား အပ်၊ မ စား အပ်သောတိရစ္ဆာန် တို့ကိုပိုင်းခြား စေခြင်းငှါ၊ သား ၊ ငှက် ၊ ရေ ၌သွား ၍အသက်ရှင် သောတိရစ္ဆာန် ၊ မြေ ပေါ်မှာ တွား တတ်သောတိရစ္ဆာန် ရှိသမျှ နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

Animales Limpios e Inmundos

  • Las leyes dietéticas de Levítico establecen criterios dobles claros para los animales terrestres y acuáticos: los animales de la tierra debían tanto rumiar como tener la pezuña hendida para ser aptos para el consumo, mientras que los animales acuáticos requerían tanto aletas como escamas.Fuentes: el propio texto bíblico
  • Las normas de pureza abarcaban también los utensilios del hogar: las vasijas de barro y los hornos contaminados por el cadáver de un animal que se arrastra no podían lavarse como los objetos de madera o tela, sino que debían romperse por completo.Fuentes: el propio texto bíblico
  • El propósito teológico declarado para distinguir entre lo limpio y lo inmundo era la consagración de Israel a Dios, quien los sacó de Egipto y los llamó a ser santos porque Él es santo.Fuentes: el propio texto bíblico · Egypt

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Egypt · 30.129, 31.308 · versículo 45

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.