Josué 23
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
ယောရှုခွန်အားပေးစကား
1ထာဝရဘုရား သည် ပတ်ဝန်းကျင် နေသောရန်သူ အပေါင်း တို့လက်မှ ဣသရေလ အမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက် ခြင်းအခွင့်ကို ကြာမြင့် စွာသော ကာလ ပတ်လုံးပေးတော်မူပြီးမှ ၊ ယောရှု သည် အသက် ကြီး၍ အိုမင်းသောအခါ၊ 2ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူများနှင့်တကွ အမျိုးသားအပေါင်း တို့ကို ခေါ် ပြီးလျှင် ၊ ငါ သည် အသက် ကြီးရင့်၍ အိုမင်း ပြီ။ 3သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အတွက် ဤ လူမျိုး အပေါင်း တို့၌ ပြု တော်မူသမျှ ကို သင် တို့သည် သိ မြင်ကြပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ဘက် ၌ စစ်တိုက် တော်မူပြီ။ 4ယော်ဒန် မြစ်မှစ၍အနောက် ပင်လယ်ကြီး တိုင်အောင်၊ ငါပယ်ရှင်း သမျှ သော လူမျိုး တို့နှင့်တကွ ကြွင်း သေးသော ဤ လူမျိုး နေသောပြည်ကို သင် တို့အမျိုး များ အမွေ ခံစရာဘို့ စာရေးတံ ချ၍ ငါဝေဖန် ပြီ။ 5သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ဤလူမျိုးတို့ကို နှင်ထုတ် ၍ သင် တို့မမြင်ရအောင် သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူ တို့၏ မြေ ကို သင်တို့သည် အပိုင် ရကြလိမ့်မည်။ 6သို့ဖြစ်၍ သင်တို့သည် မောရှေ ၏ပညတ္တိ ကျမ်းစာ လမ်းမှ လက်ျာ ဘက် လက်ဝဲ ဘက်သို့ မ လွှဲ ဘဲ၊ ပါသမျှအတိုင်း ကျင့် စောင့်ခြင်းငှါ ၎င်း၊ 7သင် တို့တွင် ကြွင်း သေးသော ဤ လူမျိုး နှင့် မ ပေါင်းဘော် ၊ သူ တို့ဘုရား ၏နာမ ကို မြွက် ၍ မ ကျိန် ဆို၊ ဝတ် မ ပြု ဦး မ ညွှတ်ဘဲ၊ 8ယနေ့ တိုင်အောင် ကျင့် သကဲ့သို့ ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား ၌ ဆည်းကပ် မှီဝဲခြင်းငှါ၎င်း၊ အလွန် ရဲရင့် သောစိတ် ရှိကြလော့။ 9အကြောင်းမူကား၊ ကြီးမား ၍ ခွန်အား နှင့်ပြည့်စုံသော လူမျိုး တို့ကို ထာဝရဘုရား သည် သင် တို့ရှေ့ မှ နှင်ထုတ် တော်မူသဖြင့် ၊ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ အဘယ်သူ မျှမ ရပ် နိုင်။ 10သင် တို့တယောက် သော်လည်းအခြားသောသူ တထောင် ကို ပြေး စေလိမ့်မည်။ အကြောင်း မူကား၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဂတိ တော်ရှိသည်အတိုင်း သင် တို့ဘက် ၌ စစ်တိုက် တော်မူ၏။ 11သို့ဖြစ်၍ သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ချစ် ခြင်းငှါ ကိုယ် စိတ် နှလုံးကို သတိ ပြုကြလော့။ 12သို့မဟုတ် သင်တို့သည် ရွေ့ လျော့၍ ၊ သင် တို့တွင် ကျန် ကြွင်းသေးသော ဤ လူမျိုး တို့၌ မှီဝဲ လျက် ၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော် ဆက်ဆံခြင်းရှိလျှင်၊ 13သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် နောက်တဖန် ဤ လူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မ မူ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား ပေး တော်မူ၍ ကောင်းမွန် သော ဤပြည် ၌ သင် တို့သည် မပျောက် မပျက်မှီတိုင်အောင် သူတို့သည် သင် တို့၌ ကျော့ကွင်း ၊ ထောင်ချောက် ၊ သင်တို့နံစောင် ၌ နှင်တံ ၊ သင် တို့မျက်စိ ၌ ဆူး ဖြစ် ကြလိမ့်မည်အကြောင်း ကို ဧကန် အမှန် သိမှတ် ကြလော့။ 14ငါ သော်ကား၊ မြေ သားအပေါင်း တို့သွားရာလမ်း သို့ ယနေ့ သွား လုပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံတပါးမျှ မ ယုတ်မလျော့ ၊ အကုန်အစင်ပြည့်စုံကြောင်းကို သင် တို့သည် စိတ် နှလုံးထဲ မှာ သိ ကြ၏။ 15သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ကောင်းကျိုး အပေါင်း တို့သည် သင် တို့အပေါ် ၌ ရောက် သကဲ့သို့ ၊ ထိုအတူ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော ဤ ကောင်းမွန် သောပြည် မှ သင် တို့ကို သုတ်သင် ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရား သည် သင် တို့အပေါ် ၌ ဘေး ဥပဒ် အပေါင်း တို့ကို ရောက် စေတော်မူမည်။ 16သင် တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပဋိညာဉ် တရားကို ပြစ်မှားလျက်၊ အခြား တပါးသော ဘုရား တို့ထံသို့သွား ၍ ဦးညွှတ် ဝတ်ပြု လျှင် ၊ ထာဝရဘုရား သည် အမျက် ထွက် ၍ ၊ အရင်ပေး တော်မူသော ဤကောင်းမွန် သောပြည် ၌ သင်တို့သည် အလျင် အမြန်ပျောက် ပျက်ကြလိမ့်မည်ဟု ဟောပြော၏။

¿Sabías que…?
El Discurso de Despedida de Josué
- En su vejez, después de que Israel disfrutó de un período de descanso de sus enemigos, Josué convocó a los ancianos, líderes, jueces y oficiales de Israel. Les instó a mantenerse firmes y cumplir fielmente todo lo escrito en el Libro de la Ley de Moisés.Fuentes: el propio texto bíblico · Joshua · Moses
- El territorio asignado a las tribus se extendía desde el río Jordán hacia el occidente hasta el Gran Mar, nombre antiguo del mar Mediterráneo. Josué advirtió a Israel que no hiciera alianzas, contrajera matrimonio ni adorara a los dioses de las naciones que aún permanecían en la región.Fuentes: el propio texto bíblico · Jordan · Great Sea
- Josué enfatizó la fidelidad al pacto, señalando que así como ninguna de las buenas promesas de Dios había fallado, quebrantar el pacto y servir a otros dioses traería inevitablemente la ruina y la pérdida de la tierra.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Great Sea · Hoy: Mediterranean Sea · 31.805, 34.170 · versículo 4
- Jordan · Hoy: Jordan River · 31.761, 35.558 · versículo 4
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org