Nations Bible

Jeremías 41

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1သတ္တမ လ တွင် ဆွေ တော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သား နာသနိ ၏သား ဣရှမေလ သည်၊ လူ တကျိပ် နှင့် တကွ၊ အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့ သို့ လာ၍၊ ထို မြို့ ၌ တစု တည်းစားသောက် ကြ၏။ 2ထိုအခါ နာသနိ သား ဣရှမေလ နှင့် ထိုလူ တကျိပ် တို့သည် ထ ၍ ၊ ဗာဗုလုန် ရှင်ဘုရင် အခွင့်နှင့် ပြည် အုပ် လုပ်သော ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ကိုထား နှင့် ခုတ် ၍ သတ် ကြ၏။ 3ဣရှမေလ သည်လည်း ၊ မိဇပါ မြို့တွင် ဂေဒလိ ထံ ၌ ရှိ သော ယုဒ လူအပေါင်း တို့ကို၎င်း၊ တွေ့ သမျှသော ခါလဒဲ စစ်သူရဲ တို့ကို၎င်းသတ် လေ၏။ 4ဂေဒလိ ကိုသတ် ၍ ၊ နှစ် ရက် လွန် သော်လည်း၊ ထိုအမှုကို အဘယ်သူ မျှမ သိ သေးသဖြင့် ၊ 5ရှေခင် မြို့၊ ရှိလော မြို့၊ ရှမာရိ မြို့မှ ထွက် လာသောလူ ရှစ်ကျိပ် တို့သည် မိမိတို့မုတ်ဆိတ် ကိုရိတ် ပြီးလျှင် ၊ အဝတ် စုတ်ကိုဝတ်၍ ရှန သော ကိုယ်ရှိလျက် ၊ ပူဇော် သက္ကာနှင့် နံ့သာ ပေါင်းကို ဗိမာန် တော်သို့ ဆောင် ခဲ့လျက် ရောက်လာကြ၏။ 6ထိုသူ တို့ကို ကြိုဆို အံ့သောငှါ ၊ နာသနိ သား ဣရှမေလ သည် ငိုကြွေး လျက်၊ မိဇပါ မြို့မှ ထွက် ၍ တွေ့ သောအခါ ၊ အဟိကံ သား ဂေဒလိ ထံ သို့လာ ကြလော့ ဟု ခေါ် လေ၏။ 7မြို့ ထဲ သို့ ရောက် ပြီးလျှင် ၊ နာသနိ သား ဣရှမေလ နှင့် သူ ၏လူ များတို့သည် ထိုသူ တို့ကိုသတ် ၍၊ မြေတွင်း ထဲ သို့ ပစ်ချကြ၏။ 8ထိုသူ တို့တွင် ပါသောလူ တကျိပ် တို့က၊ အကျွန်ုပ် တို့ကို မ သတ် ပါနှင့်။ အကျွန်ုပ် တို့သိုထားသော ဥစ္စာ တည်း ဟူသောဂျုံ ၊ မုယော ၊ ဆီ ၊ ပျားရည် သည်တော ၌ ရှိ ပါ၏ဟု၊ ဣရှမေလ အား ပြော ဆိုသောကြောင့် ၊ ထိုသူ တို့ကိုသူ တို့ ညီအစ်ကို များနှင့်အတူမ သတ် ဘဲနေ၏။ 9ဣရှမေလ သည် ဂေဒလိ နှင့်အတူ သတ် သော သူ အသေကောင် များကို ပစ်ချ သော တွင်း သည်အခြားတွင်း မဟုတ်၊ အာသ မင်းကြီး သည် ဣသရေလ ရှင်ဘုရင် ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိ သား ဣရှမေလ သည် အသေ ကောင်များနှင့် ပြည့် စေ၏။ 10ထိုအခါ အဟိကံ သား ဂေဒလိ ၌ ကိုယ်ရံတော် မှူး နေဗုဇာရဒန် အပ် သော မင်း သမီး များအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်း သမျှ သော သူ တို့ ကို နာသနိ သား ဣရှမေလ သည် သိမ်းယူ ၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ ထွက်သွား လေ၏။ 11ထိုသို့နာသနိ သား ဣရှမေလ ပြု သော အမှုဆိုး အလုံးစုံ တို့ကို၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ ၌ရှိသမျှ သော တပ်မှူး တို့သည်ကြား လျှင် ၊ 12လူ အပေါင်း တို့ကို ခေါ် ၍ ၊ နာသနိ သား ဣရှမေလ ကို တိုက် ခြင်းငှါ ထွက်သွား သဖြင့် ၊ ဂိဗောင် ကန် နား မှာတွေ့ လေ၏။ 13ဣရှမေလ ၌ ပါသော သူ အပေါင်း တို့သည် ကာရာ သား ယောဟနန် နှင့် သူ ၌ ပါသော တပ်မှူး အပေါင်း တို့ကို မြင် သောအခါ ၊ ဝမ်းမြောက် ခြင်းသို့ ရောက် ကြ၏။ 14ထိုအခါ မိဇပါ မြို့မှ ဣရှမေလ သိမ်း သွားသော လူ အပေါင်း တို့သည် သူ့ထံမှထွက် ၍ ၊ ကာရာ သား ယောဟနန် ထံသို့ ကူး သွားကြ၏။ 15နာသနိ သား ဣရှမေလ သည် လူ ရှစ် ယောက်နှင့်တကွ ၊ ယောဟနန် လက်မှ လွတ် ပြေး၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ သွား လေ၏။ 16ထိုသို့ အဟိကံ သား ဂေဒလိ ကို သတ် ပြီးသည် နောက် ၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ၌ ရှိသော တပ်မှူး အပေါင်း တို့သည် နာသနိ သား ဣရှမေလ လက်မှ ၎င်း ၊ မိဇပါ မြို့မှ ၎င်း နှုတ် ၍ ကျန် ကြွင်းသော သူ တည်း ဟူသော ၊ အားကြီး သော စစ်သူရဲ များ၊ မိန်းမ များ၊ သူငယ် များ၊ မိန်းမစိုး များ အပေါင်း တို့ကို ဂိဗောင် မြို့မှ ဆောင် ခဲ့ ပြန်၍၊ 17ခါလဒဲလူတို့ကြောင့် အဲဂုတ္တု ပြည်သို့ ပြောင်းမည် အကြံရှိလျက်၊ ဗက်လင် မြို့နှင့်နီး သော ခိမဟံ ရွာသို့ သွား ၍ နေ ကြ၏။ 18အကြောင်း မူကား၊ ပြည် အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့် ထားသော အဟိကံ သား ဂေဒလိ ကို နာသနိ သား ဣရှမေလ သတ် သောကြောင့် ၊ ခါလဒဲ လူတို့ကို ကြောက် ကြ၏။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

El asesinato de Gedalías y la huida de Mizpa

  • Ismael hijo de Netanías pertenecía a la familia real y se oponía al dominio babilónico. Llegó con diez hombres a Mizpa con el pretexto de compartir una comida y asesinó a Gedalías, el gobernador nombrado por el rey de Babilonia, junto con sus acompañantes judíos y caldeos.Fuentes: Ishmael · Gedaliah · el propio texto bíblico
  • La cisterna donde Ismael arrojó los cuerpos de los peregrinos asesinados de Siquem, Silo y Samaria tenía un origen militar histórico. Había sido construida siglos antes por el rey Asá de Judá para defenderse del rey Baasa de Israel.Fuentes: Asa · Baasha · el propio texto bíblico
  • Después de que Ismael capturó a los sobrevivientes en Mizpa para llevarlos a Amón, Johanán hijo de Carea lo interceptó junto al gran estanque de Gabaón y liberó a los cautivos. Por temor a las represalias babilónicas tras la muerte del gobernador, Johanán y los judíos restantes se prepararon para huir a Egipto.Fuentes: Johanan · Gibeon · el propio texto bíblico

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Babylon · 32.543, 44.422 · versículos 2, 18
  • Jerusalem · 31.777, 35.234 · versículo 5
  • Samaria · 32.276, 35.195 · versículo 5
  • Shechem · Hoy: Tell Balatah · 32.214, 35.282 · versículo 5
  • Shiloh · Hoy: Khirbet Seilun · 32.056, 35.290 · versículo 5
  • Ammon · 31.955, 35.934 · versículos 10, 15
  • Gibeon · Hoy: El Jib · 31.847, 35.183 · versículos 12, 16
  • Bethlehem · 31.704, 35.208 · versículo 17
  • Egypt · 30.129, 31.308 · versículo 17
  • Geruth Chimham · Hoy: within 5 km of Bethlehem · 31.704, 35.208 · versículo 17
  • Chaldea · 30.962, 46.104 · versículo 18

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.