Jeremías 28
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
1ထိုနှစ်တည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံစတုတ္ထ နှစ် ၊ ပဉ္စမ လ တွင် ၊ ဂိဗောင် မြို့နေ၊ အာဇုရ သား ဟာနနိ က၊ 2ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်။ 3ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ အရပ် မှ ဗာဗုလုန် မြို့သို့ ယူသွားသောဗိမာန် တော် တန်ဆာ အလုံးစုံ တို့ကို နှစ် နှစ်အတွင်း တွင်၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။ 4ဗာဗုလုန် မြို့သို့ သိမ်း သွားသော ယုဒ ပြည်သား အပေါင်း တို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ မင်းကိုလည်း ၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ ဗိမာန် တော်၌ ယဇ် ပုရောဟိတ်များ၊ လူ များအပေါင်း တို့ ရှေ့ မှာ ငါ့အား ပြောဆို၏။ 5ထိုအခါ ပရောဖက် ယေရမိ သည် ဗိမာန် တော်၌ ရပ် နေသောယဇ် ပုရောဟိတ်များနှင့် လူ များအပေါင်း တို့ ရှေ့ မှာ၊ ပရောဖက် ဟာနနိ အား ပြန်ပြော သည်ကား၊ 6အာမင် ၊ ထာဝရဘုရား ပြု တော်မူပါစေသော။ ဗိမာန် တော်တန်ဆာ များနှင့်တကွ ၊ ဤ အရပ် မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသော သူများအပေါင်း တို့ကို၊ ထာဝရဘုရား သည် တဖန်ဆောင် ခဲ့၍၊ သင်ဟောပြော သော စကား မှန် ကြောင်းကို ပြ တော်မူပါစေသော။ 7သို့ရာတွင် ၊ သင် နှင့် တကွလူ အပေါင်း တို့အား ငါ ယခု ဟောပြော သော စကား ကို နားထောင် လော့။ 8ငါ တို့မဖြစ်မှီ ရှေး ကာလ၌ ဖြစ်ဘူးသော ပရောဖက် တို့သည်၊ များပြား သော ပြည် ၊ အားကြီး သော တိုင်း နိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက် မည်အကြောင်း ၊ ဘေး ရောက်မည်အကြောင်း ၊ ကာလနာ ပေါ်မည်အကြောင်း တို့ကို ဟော ပြောတတ်ကြ၏။ 9ငြိမ်ဝပ် မည်အကြောင်း ကို ဟောပြော သော ပရောဖက် ရှိလျှင်၊ သူ ၏ စကား ပြည့်စုံ သောအခါ စင်စစ်ထာဝရဘုရား စေလွှတ် တော်မူသော ပရောဖက် ဖြစ် ကြောင်း ထင်ရှား လိမ့်မည်ဟု ပြောဆို၏။ 10ထိုအခါ ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ လည်ပင်း မှ ထမ်းဘိုး ကို ယူ ၍ ချိုး လျက် ၊ 11ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ လူ အမျိုးမျိုး တို့၏ လည်ပင်း ပေါ် မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ် နှစ်အတွင်းတွင် ငါချိုး ပယ်မည်ဟု မိန့် တော်မူကြောင်းကို၊ လူ အပေါင်း တို့ရှေ့ မှာ ပြောဆို ၏။ ထို အခါ ပရောဖက် ယေရမိ သည် ထွက် သွားလေ၏။ 12ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ ၏ လည်ပင်း မှ ထမ်းဘိုး ကို ချိုး ပယ်သောနောက် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊ 13သင်သွား ၍ ထာဝရဘုရား ၏ အမိန့် တော်ကို ဟာနနိ အား ဆင့်ဆို ရမည်မှာ၊ သင်ချိုး သော သစ်သား ထမ်းဘိုး အစား ၊ သံ ထမ်းဘိုး ကို လုပ် ရမည်။ 14ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး ရှိသမျှ တို့သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုခံစေခြင်းငှါ ၊ သူတို့လည်ပင်း ပေါ် မှာ သံ ထမ်းဘိုး ကို ငါတင် ပြီ။ ထိုသူတို့သည် ထိုမင်း ၏ အစေ ကိုခံ ရကြမည်။ တော တိရစ္ဆာန် များကိုလည်း ၊ သူ ၌ ငါအပ်ပေး ပြီဟု မိန့်တော်မူ၏။ 15ပရောဖက်ယေရမိ ကလည်း ၊ ဟာနနိ၊ နားထောင် လော့။ ထာဝရဘုရား သည် သင့် ကို စေလွှတ် တော်မ မူ။ ဤ လူမျိုး သည် မုသာ ၌ ခိုလှုံမည်အကြောင်းကို သင် ပြု တတ်၏။ 16ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ထာဝရဘုရား ကို ပုန်ကန် စေခြင်းငှါ သွန်သင် သောကြောင့် ၊ သင့် ကို မြေပြင် မှ ငါ ပယ်ရှင်း မည်။ ယခုနှစ် တွင် သင် သည် သေ ရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို ၏။ 17ထိုသို့ နှင့်အညီပရောဖက် ဟာနနိ သည် ထို နှစ် တွင် ၊ သတ္တမ လ ၌ သေ လေ၏။

¿Sabías que…?
Jeremías y el falso profeta Hananías
- Hananías, hijo de Azur de la ciudad benjamita de Gabaón, confrontó públicamente a Jeremías en el templo de Jerusalén durante el cuarto año del rey Sedequías. Profetizó que, en dos años, Dios rompería el yugo de Babilonia, devolvería los utensilios del templo y traería de vuelta al rey Jeconías y a los cautivos.Fuentes: el propio texto bíblico · Gibeon · Zedekiah · Jehoiachin
- Jeremías llevaba un yugo de madera en el cuello como señal física de sumisión al rey Nabucodonosor de Babilonia. Después de que Hananías le quitó el yugo y lo quebró ante los sacerdotes y el pueblo, Dios declaró mediante Jeremías que el yugo de madera roto sería sustituido por un ineludible yugo de hierro sobre las naciones.Fuentes: el propio texto bíblico · Jeremiah · Nebuchadnezzar
- Jeremías advirtió a Hananías que el Señor no lo había enviado y que había hecho confiar al pueblo en una mentira. Por haber predicado rebelión contra Dios, se le anunció que moriría ese mismo año, y falleció dos meses después, en el séptimo mes.Fuentes: el propio texto bíblico · Hananiah · Jeremiah
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Gibeon · Hoy: El Jib · 31.847, 35.183 · versículo 1
- Babylon · 32.543, 44.422 · versículos 2, 3, 4, 6, 11, 14
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org