Nations Bible

Jeremías 26

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် နန်း ထိုင်စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် လာ ၍၊ 2ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်၌ ကိုးကွယ် အံ့သောငှါ ရောက် လာသောယုဒ မြို့ သူရွာသားအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ငါသည်သင် ၌ မှာ ထားသမျှ သောစကား တို့ကို ဗိမာန် တော် တန်တိုင်း ထဲမှာ ရပ် လျက်၊ သူ တို့အား ပြန်ပြော လော့။ တခွန်း ကိုမျှ မ ထိမ် မဝှက်နှင့်။ 3သူတို့သည် နားထောင် ၍ ၊ အသီးအသီး မိမိ တို့ အဓမ္မ လမ်း မှ လွှဲရှောင် ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါ သည်လည်း သူ တို့ပြု သောဒုစရိုက် ကြောင့် အပြစ် ပေး မည်ဟု ကြံစည် ခြင်းကို နောင်တရ မည်။ 4သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ သင် တို့၌ ငါထား သော ပညတ် တရားလမ်း သို့ မလိုက် ၊ 5ငါ သည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ် စေလွှတ် သော ငါ ၏ကျွန် ပရောဖက် တို့၏ စကား ကို နား မထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နား မ ထောင်ဘဲ နေလျှင် ၊ 6ဤ အိမ် ကို ရှိလော ရွာကဲ့သို့ ငါဖြစ် စေမည်။ ဤ မြို့ ကိုလည်း ၊ မြေ ပေါ်မှာ လူ အမျိုးမျိုး ကျိန်ဆဲ သော မြို့ဖြစ် စေမည်ဟု မိန့်တော်မူ၏။ 7ထို စကား ကို ဗိမာန် တော်၌ ယေရမိ ဟောပြော သည်ကို ယဇ် ပုရောဟိတ်များ၊ ပရောဖက် များ၊ လူ များ အပေါင်း တို့သည် ကြား ကြ၏။ 8လူ များအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ထာဝရဘုရား မှာ ထားတော်မူသမျှ သော စကားတော်ကို အကုန်အစင်ဟော ပြောပြီး မှ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ လူ များအပေါင်း တို့သည် ယေရမိ ကို ဘမ်းဆီး ၍၊ သင်သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ 9ဤ အိမ် တော်သည် ရှိလော ရွာကဲ့သို့ ဖြစ် လိမ့်မည် ။ ဤ မြို့ သည် လူမ ရှိ ၊ ဆိတ်ညံ ရာအရပ်ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား ၏နာမ တော်ကို အမှီ ပြု၍ အဘယ်ကြောင့် ဟော သနည်းဟုပြော ဆိုလျက် ၊ လူ များ အပေါင်း တို့သည် ဗိမာန် တော်တွင် ယေရမိ တဘက် ၌ စုဝေး ကြ၏။ 10ယုဒ မှူးမတ် တို့သည် ထို အမှု ကို ကြားသိ သောအခါ ၊ နန်းတော် မှ ဗိမာန် တော်သို့လာ ၍ ၊ ဗိမာန် တော် တံခါး သစ် အတွင်း၌ ထိုင် ကြ၏။ 11ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့က၊ ဤ သူ သည် အသေ ခံထိုက် ပေ၏။ သင်တို့သည် ကိုယ် နား နှင့် ကြား သည်အတိုင်း ၊ ဤ မြို့ ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောပါပြီတကားဟု မှူးမတ် အစရှိ သော လူ များ အပေါင်း တို့အား ပြော ဆိုကြ၏။ 12ယေရမိ ကလည်း ၊ သင်တို့ကြား သမျှ အတိုင်း၊ ဤ အိမ် တော်နှင့် ဤ မြို့ တော်ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောစေခြင်းငှါ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူပြီ။ 13ယခု မှာသင် တို့၏ ကျင့်ကြံ ပြုမူ ခြင်းတို့ကို ပြောင်းလဲ ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ထာဝရဘုရား သည် သင် တို့၌ ဘေးဥပဒ် ရောက်စေမည်ဟု ခြိမ်း တော်မူသော်လည်း၊ တဖန် နောင်တရ တော်မူလိမ့်မည်။ 14ငါ မူကား၊ သင် တို့လက် ၌ ရှိပါ၏။ သင် တို့စိတ် ၌ ဖြောင့်မတ် လျောက်ပတ် သည်ဟု ထင်သည်အတိုင်း ၊ ငါ့ ကို ပြု ကြလော့။ 15သို့ရာတွင် ၊ ငါ့ ကိုသတ် လျှင် အပြစ် မရှိသောအသွေး ကို သင် တို့သည် ကိုယ် အပေါ် သို့၎င်း ၊ ဤ မြို့ နှင့် မြို့ သား တို့အပေါ် သို့၎င်း စင်စစ်ရောက် စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ် ကြလော့။ ဤ စကား အလုံးစုံ တို့ကို သင် တို့အား ကြား ပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ ကို စင်စစ် စေလွှတ် တော်မူပြီဟု မှူးမတ် အစ ရှိသောလူ များအပေါင်း တို့အား ပြော ဆိုလေ၏။ 16ထိုအခါ မှူးမတ် အစ ရှိသော လူ များအပေါင်း တို့ က၊ ဤ သူ သည် အသေခံ ထိုက်သည်မ ဟုတ်။ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့ အား ဟော ပြောလေပြီဟု ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့အား ပြော ဆိုကြ၏။ 17ပြည် သား အသက်ကြီး သူ အချို့ကလည်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ လက်ထက် ၊ မောရရှ ရွာသားမိက္ခါ သည် ပရောဖက် ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ 18ဇိအုန် တောင်သည် လယ် ကဲ့သို့ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့သည်လည်း၊ မြေပုံ များဖြစ်လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း၊ တော တောင် ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒ ပြည်သား အပေါင်း တို့အား ဟောပြော ၏။ 19ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ဟေဇကိ သည် ထိုပရောဖက် ကိုသတ် သလော။ ထိုမင်းသည် ထာဝရဘုရား ကို ကြောက်ရွံ သည် မ ဟုတ်လော။ ရှေ့ တော်၌ တောင်းပန် သည် မဟုတ်လော။ ထာဝရဘုရား သည် သူ တို့၌ ဘေးဥပဒ် ကို ရောက် စေမည် ဟု ခြိမ်း တော်မူသော်လည်း၊ တဖန် နောင်တရ တော်မူသည် မဟုတ်လော။ ငါ တို့မူကား၊ ကိုယ်အကျိုး ကို ဖျက်ဆီး ခြင်းငှါပြုကြသည်တကားဟု စည်းဝေး သောသူ အပေါင်း တို့အား ပြော ဆိုကြ၏။ 20ကိရယတ် ယာရိမ်မြို့နေ၊ ရှေမာယ ၏သား ဥရိယ သည်လည်း၊ ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ထို မြို့ နှင့် ထိုပြည် တဘက် ၌ ပရောဖက် ပြု၍၊ ယေရမိ ဟောပြောသောစကား နှင့် တညီတည်းဟောပြော ၏။ 21ယောယကိမ် မင်းကြီး နှင့် မင်း များ၊ မှူးမတ် များ အပေါင်း တို့သည် ထိုပရောဖက် ၏ စကား ကို ကြား သောအခါ ၊ သူ့ ကိုသတ် အံ့သောငှါမင်းကြီး သည် ရှာကြံ ၏။ ထိုသိတင်းကိုကြား လျှင် ၊ ဥရိယ သည်ကြောက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြေး သွားလေ၏။ 22ယောယကိမ် မင်းကြီး သည် အာခဗော် သား ဧလနာသန် နှင့်တကွ လူ အချို့တို့ကို အဲဂုတ္တု ပြည်သို့ စေလွှတ် ၍ ၊ 23ထိုသူတို့သည် ဥရိယ ကို အဲဂုတ္တု ပြည်မှ ယောယကိမ် မင်း ထံသို့ ပို့ဆောင် သဖြင့် ၊ မင်းကြီးသည် ဥရိယ ကို ထား နှင့် သတ် ၍ ၊ အသေ ကောင်ကို ဆင်းရဲသား တို့၏ သင်္ချိုင်း ၌ ပစ် ထားလေ၏။ 24သို့ သော်လည်း၊ ရှာဖန် သား အဟိကံ သည် ယေရမိ ကို မစသောကြောင့်၊ အသေခံ စေခြင်းငှါ လူ များ တို့ လက် သို့ မ အပ် ရ။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

El juicio de Jeremías y sus precedentes

  • Cuando sacerdotes y profetas exigieron la muerte de Jeremías por anunciar la ruina del templo, varios ancianos apelaron al precedente de Miqueas de Moreset, ocurrido más de un siglo atrás. En tiempos del rey Ezequías, Miqueas proclamó una advertencia similar contra Jerusalén, pero el monarca buscó el favor del Señor en lugar de ejecutar al profeta.Fuentes: el propio texto bíblico · Micah · Hezekiah
  • El pasaje subraya el peligro que corría Jeremías al recordar la suerte de Urías hijo de Semaías, quien anunció un mensaje idéntico. Cuando el rey Joacim intentó matarlo, Urías huyó a Egipto, pero el monarca envió soldados a extraditarlo, lo hizo degollar y arrojó su cadáver a las fosas del pueblo común.Fuentes: el propio texto bíblico · Urijah · Jehoiakim
  • Jeremías se salvó en gran medida gracias a la intervención de Ahicam hijo de Safán, un noble influyente cuya familia había colaborado en las reformas religiosas del rey Josías.Fuentes: el propio texto bíblico · Ahikam

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Jerusalem · 31.777, 35.234 · versículos 6, 9, 18
  • Shiloh · Hoy: Khirbet Seilun · 32.056, 35.290 · versículos 6, 9
  • New Gate · Hoy: in Jerusalem · 31.777, 35.234 · versículo 10
  • Mount Zion · 31.772, 35.229 · versículo 18
  • Zion · Hoy: Jerusalem · 31.777, 35.234 · versículo 18
  • Kiriath-jearim · Hoy: Deir el Azar · 31.809, 35.104 · versículo 20
  • Egypt · 30.129, 31.308 · versículos 21, 22, 23

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.