Santiago 5
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
1အချင်းသူဌေး၊ သူကြွယ်တို့ ၊ ယခု လာ ကြ၊ သင် တို့အပေါ် ၌ရောက် လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေး အော်ဟစ် ကြ။ 2သင် တို့ဥစ္စာပစ္စည်း သည် ပုပ်စပ် လျက်ရှိ၏။ အဝတ် ကိုလည်း ပိုးကိုက်စား လေပြီ။ 3ရွှေ ငွေ လည်း အချေး တက်၍ ပျက်ကုန်ပြီ။ ထိုအချေး သည် သင် တို့တစ်ဘက်၌ သက်သေ ဖြစ်၍၊ မီး ကဲ့သို့ သင် တို့အသား ကိုစား လိမ့်မည်။ နောက်ဆုံး သောနေ့ရက် ကာလအဘို့ ဘဏ္ဍာ ကို ဆည်းဖူးကြပြီတကား၊ 4နားထောင်ကြ၊ သင် တို့လယ်ကွက် ၌ ရိတ် သောသူ တို့ကို လှည့်စား ၍၊ အခ မပေးဘဲနေသောကြောင့်၊ ထိုအခ သည် ကြွေးကြော် လေ၏။ ရိတ် သောသူ တို့၏ အော်ဟစ် ခြင်းအသံသည်လည်း ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား၏ နား တော်ထဲသို့ ဝင် လေပြီ။ 5သင်တို့သည်မြေကြီး ပေါ်မှာ ကာမဂုဏ် ခံစား၍ အလွန်ပျော်မွေ့ ကြပြီ။ သတ် ရသောနေ့ ၌ ကဲ့သို့၊ မိမိ တို့ နှလုံး ကို မွေးမြူ ကြပြီ။ 6ဖြောင့်မတ် သောသူ ကို အပြစ်စီရင် ၍ ကွပ်မျက် ကြပြီ။ သူသည်လည်း သင် တို့ကို မ ဆီးတား ။ 7ထိုကြောင့် ၊ ညီအစ်ကို တို့၊ သခင် ဘုရားကြွလာ တော်မူသည်တိုင်အောင် သည်းခံ လျက် စောင့် နေကြ လော့။ အကယ်၍လယ် လုပ်သော သူသည်အရင် မိုဃ်း၊ နောက် မိုဃ်းကိုရ သည်တိုင်အောင် ၊ အဘိုး ထိုက်သော မြေ အသီး ကို သည်းခံ လျက် စောင့် နေ၍ မြော်လင့် တတ်၏။ 8သင် တို့သည်လည်း သည်းခံ လျက်စောင့် နေကြလော့။ ကိုယ် စိတ် နှလုံး ကိုမြဲမြံ စေကြလော့။ သခင် ဘုရား ကြွလာ တော်မူသောအချိန်ရောက် လုနီးပြီ။ 9ညီအစ်ကို တို့၊ စစ်ကြော စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အချင်းချင်း ငြင်းခုံ ပြစ်တင်ခြင်း ကို မ ပြုကြနှင့်။ တရား စီရင် ပိုင်သောသူ သည် တံခါး နား မှာ ရှိ တော်မူ၏။ 10ငါ့ညီအစ်ကို တို့၊ ထာဝရ ဘုရား၏ နာမ တော်ကို အမှီပြု ၍ ဟောပြော သော ပရောဖက် တို့သည် ဆင်းရဲ ဒုက္ခတွေ့ခြင်း၊ သည်းခံ ခြင်း၏ ပုံ သက်သေကို ပြ ကြပြီဟုမှတ်ကြလော့။ 11သည်းခံ နိုင်သောသူ တို့သည် မင်္ဂလာ ရှိသောသူဟူ၍ငါတို့သည် ခေါ်ကြ၏။ ယောဘ သည် သည်းခံ ကြောင်းကို သင်တို့ကြား ရကြပြီ။ ထာဝရ ဘုရားသည် မိမိအမှုကို လက်စသတ် တော်မူရာမှာ အလွန် သနား စုံမက် တော်မူကြောင်းကိုလည်း သိမြင် ရ ကြပြီ။ 12ငါ့ ညီအစ်ကို တို့၊ ခပ်သိမ်း သောအမှုအရာတို့တွင် ကျိန်ဆို ခြင်းကိုသာ၍ရှောင် ကြလော့။ ကောင်းကင် ဘုံကို တိုင်တည် ၍ မ ကျိန်ကြနှင့်။ မြေကြီး ကိုတိုင်တည်၍ မ ကျိန်ကြနှင့်။ ထိုမှတပါး ၊ အဘယ် အကျိန်အားဖြင့်မျှ မ ကျိန်ကြနှင့်။ အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ သင် တို့စကားမှာ ၊ ဟုတ် သည်ကို အဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေကြလော့။ 13သင် တို့တွင် ဆင်းရဲ ခံရသောသူ ရှိလျှင် ဆုတောင်း စေ။ ရွှင်လန်း သောသူ ရှိလျှင် ဆာလံသီချင်း ကိုဆို စေ။ 14နာ သောသူ ရှိလျှင်၊ သင်းအုပ် ကိုခေါ် ၍ သူတို့ သည် သခင် ဘုရား၏ နာမ တော်ကို အမှီပြု လျက်၊ လူနာ ကိုဆီ နှင့်လူး ၍ သူ့ အပေါ်မှာ ဆုတောင်း ကြစေ။ 15ထိုသို့ပြုလျှင်၊ ယုံကြည် ခြင်း၏ပဌနာ သည် လူနာ ကို ကယ်ဆယ် ၍ ၊ သခင် ဘုရားသည် သူ့ ကိုထမြောက် စေတော်မူမည်။ သူ သည်အပြစ် ပြု မိ သော်လည်း ထိုအပြစ် ကို လွှတ်တော်မူမည်။ 16အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ၊ ကိုယ်အပြစ် ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာ ရမည် အကြောင်း ၊ အချင်းချင်းတို့အဘို့ ဆုတောင်း ကြလော့။ သူတော်ကောင်း ဆုတောင်း ၍ အရှိန် ကြီးသောပဌနာ သည် အလွန် တန်ခိုး ပါ၏။ 17ဧလိယ သည် ငါ တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် သော်လည်း ၊ မိုဃ်း မ ရွာမည် အကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ၊ သုံး နှစ် နှင့် ခြောက် လ ပတ်လုံးမြေ ပေါ်သို့ မိုဃ်း မ ရွာဘဲနေ၏။ 18တဖန် ဆုတောင်း သောအခါ ၊ မိုဃ်းကောင်းကင် သည် မိုဃ်းရွာ စေ၏။ မြေကြီး သည်လည်း မိမိ အသီး ကိုသီး လေ၏။ 19ညီအစ်ကို တို့၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် သမ္မာတရား လမ်းမှ လွဲ သွား၍ သူတစ်ပါး သည် ထိုသူ ကို ပြန် စေလျှင်မူကား ၊ 20အပြစ် ရှိသောသူကို မှားယွင်း သောလမ်း မှ ပြန် စေသောသူ သည်၊ ဝိညာဉ် ကို သေ ခြင်းမှ ကယ်တင် ၍ များစွာ သောအပြစ် တို့ကို ဖုံးအုပ် တတ် သည်ဟု ထိုသူသည် သိမှတ် စေ။

¿Sabías que…?
Riqueza, paciencia y oración
- Santiago 5 recuerda la perseverancia de Job y el resultado que el Señor le dio. El Easton's Bible Dictionary (1897) lo describe como un patriarca árabe que vivía en la tierra de Uz y mantuvo su integridad en medio de pruebas repentinas. El artículo dice que Dios después le concedió una prosperidad aún mayor que antes, que vivió ciento cuarenta años después del período de prueba y que es un ejemplo de paciencia bajo una calamidad severa.Fuentes: el propio texto bíblico · Job
- Santiago dice que Elías era un hombre igual a nosotros. Oró con fervor para que no lloviera, y no llovió sobre la tierra durante tres años y medio; oró otra vez, los cielos dieron lluvia, y la tierra produjo sus cosechas. El Easton's Bible Dictionary (1897) lo llama el tisbita, el “Elias” del Nuevo Testamento, y señala que entregó un mensaje del Señor a Acab.Fuentes: el propio texto bíblico · Elijah
- Para animar a la paciencia hasta la venida del Señor, Santiago señala al agricultor que espera el fruto precioso de la tierra y las lluvias de otoño y de primavera, y dice que el Juez está de pie a la puerta. El mismo capítulo advierte que los salarios retenidos a los trabajadores que segaron los campos están clamando, y que el clamor de los segadores ha llegado a los oídos del Señor de los ejércitos.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org