Isaías 4
မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.
1ထိုကာလ ၌ မိန်းမ ခုနစ် ယောက်တို့သည် ယောက်ျား တ ယောက်ကို ကိုင် ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ် မုန့် ကို စား ပါမည်။ ကိုယ် အဝတ် ကိုလည်း ဝတ် ပါမည်။ ကျွန်မ တို့ကို မောင် ၏နာမ ဖြင့် သမုတ် ခြင်းသာရှိစေ၍၊ ကျွန်မ တို့ ရှက် ကြောက်ခြင်းကို ပယ် ဖျောက်ပါဟု ဆို ကြလိမ့်မည်။ 2ထို ကာလ ၌ ထာဝရဘုရား ၏အညွန့် သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ် သောဣသရေလ အမျိုးသားတို့အဘို့၊ မြေ အသီး အနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။ 3ထာဝရဘုရား သည် တရားစီရင် သောဝိညာဉ် ၊ မီးလောင် သောဝိညာဉ် တော်အားဖြင့် ၊ ဇိအုန် သတို့သမီး တို့၏အညစ်အကြေး ကို ဆေးကြော ၍၊ ယေရုရှလင် မြို့၏အသွေး ကိုမြို့ ထဲ က ပယ်ရှား တော်မူပြီးလျှင်၊ 4ဇိအုန် တောင်မှာကျန်ကြွင်း ၍၊ ယေရုရှလင် မြို့၌ နေရစ် သောသူတည်းဟူသော အသက် စာရင်းဝင် သမျှ သော ယေရုရှလင် မြို့သားတို့သည် သန့်ရှင်း ခြင်းရှိကြလိမ့်မည်။ 5ထာဝရဘုရား သည်လည်း ဇိအုန် တောင် မှာရှိသမျှ သောအိမ် များနှင့် စည်းဝေး ရာ ပရိသတ်များအပေါ် တွင်၊ နေ့ အချိန်၌ မိုဃ်းတိမ် နှင့် မီးခိုး ကို၎င်း၊ ညဉ့် အချိန်၌ မီးလျှံ အလင်း ကို၎င်းဖန်ဆင်း တော်မူ၍၊ မြတ် သောအရာ အလုံးစုံ တို့ကို လွှမ်းမိုး တော်မူလိမ့်မည်။ 6နေ့ အချိန်၌လည်း နေပူ ကိုကွယ်ကာ သောတဲ ၊ မိုဃ်းသက် မုန်တိုင်း ရောက်မှ လုံခြုံသော ခိုလှုံ ရာဖြစ် လိမ့်မည်။

¿Sabías que…?
La purificación y restauración de Sion
- El monte Sion era una de las elevaciones naturales sobre las que se edificó Jerusalén. Conquistado a los jebuseos por David, pasó a conocerse como la Ciudad de David y en los textos proféticos representa a menudo el núcleo de la comunidad santa.Fuentes: Mount Zion · Jerusalem · el propio texto bíblico
- El capítulo comienza mostrando las secuelas de un conflicto devastador, donde siete mujeres suplican llevar el nombre de un solo hombre mientras costean su propia comida y ropa, con el fin de quitar su deshonra social.Fuentes: el propio texto bíblico
- Isaías describe la restauración divina mediante la imagen de un dosel protector sobre el monte Sion, que toma la forma de una nube de humo de día y un fuego resplandeciente de noche para dar sombra y refugio a los sobrevivientes contados entre los vivos.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Jerusalem · 31.777, 35.234 · versículos 3, 4
- Zion · Hoy: Jerusalem · 31.777, 35.234 · versículos 3, 4
- Mount Zion · 31.772, 35.229 · versículo 5
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fuente: http://ebible.org/myajvb/ · eBible.org