Nations Bible

Gálatas 3

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1ပညာ မဲ့သောဂလာတိ လူတို့၊ လက်ဝါးကပ်တိုင် မှာအသေခံတော်မူသောယေရှု ခရစ် ကို သင် တို့ မျက်မှောက် ၌ ထင်ရှား စွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှာသင် တို့ကို အဘယ်သူ ပြုစား သနည်း။ 2ပညတ် တရား၏အကျင့် အားဖြင့် ဝိညာဉ် တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည် ခြင်းတရားကို ကြားနာ ခြင်းအားဖြင့် ခံရ ကြသလောဟူသောအရာ တစ်ခုကိုသာ သင် တို့၌ ငါသိ လို ၏။ 3ဤမျှလောက် ပညာ မဲ့ကြသလော။ ဝိညာဉ် တော်ကိုအမှီပြု၍ လုပ်စရှိ ပြီးမှ၊ ဇာတိ ကိုအမှီပြု၍ ပြီး စေကြသလော။ 4ဤမျှလောက် ဆင်းရဲ ခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီး သက်သက် ဖြစ် ရမည်လော။ 5ထိုမှတပါးဝိညာဉ် တော်ကို သင် တို့အား ပေး ၍၊ သင် တို့၌ တန်ခိုး များကိုပြ သောသူသည်ပညတ် တရား၏ အကျင့် အားဖြင့် ပြသလော။ ယုံကြည် ခြင်းတရားကို နာ ခြင်းအားဖြင့် ပြသလော။ 6ထိုနည်းတူအာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။ 7ယုံကြည် ခြင်းရှိသောသူ သည် အာဗြဟံ ၏သား ဖြစ် သည်ဟု အမှန်သိမှတ် ကြလော့။ 8ဘုရားသခင် သည် ယုံကြည် ခြင်းကိုထောက်၍ ၊ တစ်ပါး အမျိုးသားတို့ကို ဖြောင့်မတ် ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာ သည်မြော်မြင် လျက် ၊ အာဗြဟံ အား အမိန့်ရှိ၍၊ သင့် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိ တရားကို ဟောနှင့်လေ၏။ 9သို့ဖြစ်၍ ယုံကြည် ခြင်းရှိသောသူ တို့သည် ယုံကြည် သော အာဗြဟံ နှင့်အတူ ကောင်းကြီး မင်္ဂလာကိုခံရကြ၏။ 10ပညတ် တရား၏အကျင့် ကို အမှီပြု သောသူ ရှိသမျှ တို့သည် အကျိန် နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား ၊ ပညတ္တိ ကျမ်းစာ ၌ ပါ သမျှ သော စကား တို့ကို အမြဲ မ ကျင့်သောသူ တိုင်း ကျိန် တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏။ 11တဖန်တုံ၊ ဖြောင့်မတ် သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။ 12ပညတ် တရားမူကား ၊ ယုံကြည် ခြင်းနှင့် မ စပ်ဆိုင် ။ ထိုအကျင့်ကို ကျင့် သောသူ သည်၊ ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ဆိုသတည်း။ 13ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။ 14အကြောင်းမူကား ၊ အာဗြဟံ ခံရသော ကောင်းကြီး မင်္ဂလာသည်ယေရှု ခရစ် အားဖြင့် တပါး အမျိုးသားတို့၌ သက်ရောက် သည်ဖြစ်၍ ၊ ငါတို့သည် ဂတိ တော်နှင့် ယှဉ်သော ဝိညာဉ် တော်ကိုယုံကြည် ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း။ 15ညီအစ်ကို တို့၊ လောကီ ဝေါဟာရအားဖြင့် ငါပြော မည်။ လူ သော်လည်း ဝန်ခံ စာကိုချုပ် ပြီးမှအဘယ်သူ မျှမပယ် ရ။ ထပ်ဆင့် ၍စကားကို မသွင်းရ။ 16ဂတိ တော်တို့ကို အာဗြဟံ နှင့် သူ ၏အမျိုးအနွယ် ၌ ထား တော်မူ၏။ အမျိုးအနွယ်တို့ဟု အများ သောသူ တို့ကိုရည်မှတ် ၍ မိန့် တော်မူသည်မ ဟုတ်။ သင် ၏ အမျိုးအနွယ်ဟု တစ် ယောက်သောသူကို ရည်မှတ် ၍ မိန့် တော်မူ၏။ ထိုတစ်ယောက်သောသူ ကား ခရစ်တော် ဖြစ် သတည်း။ 17ငါဆို သည်ကား၊ ခရစ်တော်ကိုရည်မှတ် ၍ ဘုရားသခင် တည် စေတော်မူနှင့်သောပဋိညာဉ် တရားကို အနှစ် လေးရာ သုံးဆယ် လွန် ပြီးမှနောက်ဖြစ် သောပညတ် တရားသည်မ ပယ် နိုင်။ ဂတိ တော်ကို အချည်းနှီး မဖြစ်စေနိုင်။ 18ထိုမှတစ်ပါး၊ အမွေ တော်သည် ပညတ် တရားနှင့် စပ်ဆိုင် လျှင် ဂတိ တော်နှင့်မ စပ်ဆိုင် ။ ဘုရားသခင် သည် ဂတိ တော်အားဖြင့် အာဗြဟံ အား ထိုအမွေတော်ကို သနား တော်မူ၏။ 19သို့ဖြစ်၍ ပညတ် တရားသည် အဘယ် အကျိုးရှိသနည်းဟူမူကား၊ ဂတိ တော်ကိုခံသော အမျိုးအနွယ် မ ဖြစ် မှီတိုင်အောင်၊ ဒုစရိုက် များကြောင့် ထိုတရားကို ထပ် ၍ပေးတော်မူ၏။ ထိုတရား ကိုကောင်းကင် တမန်များအားဖြင့် အာမခံ ၏ လက် ၌ထား တော်မူ၏။ 20အာမခံ မည်သည်ကား၊ တစ် ဘက်နှင့်သာဆိုင် သည်မ ဟုတ်။ ဘုရားသခင် မူကား တစ် ဘက်ဖြစ် တော်မူ၏။ 21သို့ဖြစ်၍ ပညတ် တရားသည် ဘုရားသခင် ၏ ဂတိ တော်နှင့် ဆန့်ကျင်ဘက် ဖြစ်သလော။ ထိုသို့ မ ဖြစ် နိုင်ရာ။ အသက် ရှင်စေနိုင် သော ပညတ် တရားကို ပေး တော်မူသည်မှန်လျှင် ၊ အကယ်စင်စစ် ထိုတရား အားဖြင့် ဖြောင့်မတ် ခြင်းကိုရ လိမ့်မည် ။ 22ယခုမူကား ၊ ယုံကြည် သောသူ တို့သည် ယေရှု ခရစ် ကို ယုံကြည် ခြင်းနှင့် စပ်ဆိုင် သော ဂတိ တော်ကို ရ မည်အကြောင်း ကျမ်းစာ သည်လူအပေါင်း တို့ကို အပြစ် ၌ ချုပ် ထား၏။ 23ယုံကြည် ခြင်းတရားမ ရောက် မှီ ပညတ် တရားသည်စောင့် နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှား လတံ့သော ယုံကြည် ခြင်းတရားကိုမြော်လင့်၍ ချုပ် ထားလျက်ရှိကြ၏။ 24ထိုကြောင့် ငါတို့သည်ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်စေခြင်းငှါ ပညတ် တရားသည် ခရစ်တော် ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါ တို့၏ အထိန်း ဖြစ် သတည်း။ 25ယုံကြည် ခြင်းတရားသည် ရောက်လာ သောအခါ၊ ငါတို့သည် ထိုအထိန်း လက်မှ လွတ် ကြ၏။ 26အဘယ်သို့ နည်းဟူမူကား၊ သင်တို့အပေါင်း သည် ယေရှု ခရစ် ကို ယုံကြည် သဖြင့် ဘုရားသခင် ၏သား ဖြစ် ကြ၏။ 27ခရစ်တော် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် ခရစ်တော် ကို ယူတင်ဝတ်ဆောင် သောသူဖြစ်ကြ၏။ 28ယေရှု ခရစ် ၌ ယုဒ လူမ ရှိ ၊ ဟေလသ လူမ ရှိ၊ ကျွန် မ ရှိ ။ လူ လွတ်မ ရှိ၊ ယောက်ျား မ ရှိ ၊ မိန်းမ မရှိ၊ ထိုသခင်၌ သင် တို့အပေါင်း သည် တလုံးတဝတည်း ဖြစ် ကြ၏။ 29ခရစ်တော် နှင့် စပ်ဆိုင်လျှင် အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ်၍ ၊ ဂတိ တော်အတိုင်း အမွေခံ ၏ အရာ၌ တည်ကြ၏။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

La fe, la promesa y la ley

  • Este capítulo dice que Abraham creyó a Dios y que eso se le contó por justicia, y que quienes tienen fe son hijos de Abraham y herederos según la promesa. Una entrada de diccionario lo llama heredero de las promesas y dice que fue nombrado antes que sus hermanos mayores, Nacor y Harán, porque ocupaba ese lugar.Fuentes: el propio texto bíblico · Abraham
  • El capítulo enseña que un pacto humano, una vez ratificado, no puede anularse ni enmendarse, y que la ley, llegada 430 años después, no revoca la promesa que Dios ya había concedido a Abraham. Una cronología fecha la peregrinación en Canaán y Egipto como iniciada en 1920 a. C. y con una duración de 430 años.Fuentes: el propio texto bíblico · Sojourn in Canaan and Egypt
  • El capítulo dice que la Escritura previó que Dios justificaría a los gentiles por la fe y anunció de antemano a Abraham el evangelio de que todas las naciones serían bendecidas por medio de él. Llamado padre de una multitud, vivió en Caldea hasta los setenta años, luego dejó Ur a causa de un llamado de Dios y permaneció quince años en Harán, unas 300 millas al norte.Fuentes: el propio texto bíblico · Abraham

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.