Nations Bible

Ezequiel 9

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1ဖျက်ဆီး သော လက်နက် ကို အသီးအသီး ကိုင် လျက် ၊ ဤမြို့ ခံရသောဒဏ်တို့ကို အနီးသို့ဆောင် ခဲ့ကြလော့ ဟု ကျယ် သောအသံ နှင့် ခေါ် တော်မူသည်ကို ငါ ကြား ၏။ 2ထိုအခါ လူ ခြောက် ယောက်တို့သည် အသီးအသီး ကွပ်မျက် စရာ လက်နက် ကို ကိုင် လျက် ၊ တယောက် သည်လည်း ၊ ပိတ် အဝတ်ကိုဝတ် ၍ နံ ပါး၌ မှင်အိုး ပါလျက်၊ မြောက် မျက်နှာ ဘက် အထက် တံခါး လမ်း ဖြင့် ဝင် ၍ ၊ ကြေးဝါ ပလ္လင် အနား မှာရပ် နေကြ၏။ 3ဣသရေလ အမျိုး၏ဘုရားသခင် ဘုန်း တော် သည် ကျိန်းဝပ်ရာ ခေရုဗိမ် မှ အိမ် တော်တံခါး ခုံသို့ တက် ၍၊ ပိတ် အဝတ်ကိုဝတ် လျက်၊ နံပါး ၌ မှင်အိုး ပါသောသူ ကို ခေါ် ၍ ၊ 4ထာဝရဘုရား က၊ ယေရုရှလင် မြို့အလယ် ၌ ရှောက်သွား လော့။ မြို့ ထဲ၌ ပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ၊ ညည်းတွား ငိုကြွေး သောသူ တို့၏ နဖူး ကို ထိုး မှတ်လော့ဟူ၍၎င်း ၊ 5အခြားသောသူတို့ အားလည်း၊ ထိုသူ နောက် မြို့ ထဲ၌ ရှောက်သွား ၍ ဒဏ်ခတ် ကြလော့။ နှမြော စုံမက်ခြင်းမ ရှိကြနှင့်။ 6အသက်ကြီး သောသူ၊ အသက် ငယ်သောသူ၊ အပျိုမ ၊ သူငယ် ၊ မိန်းမ တို့ကို ရှင်းရှင်းသတ် ကြလော့။ သို့ရာတွင် ၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။ 7တဖန်တုံ ၊ အိမ် တော်ကိုညစ်ညူး စေ၍ ၊ ကွပ်မျက်သော သူအသေ ကောင်တို့နှင့် တန်တိုင်း များကို ပြည့် စေပြီးမှ၊ ထွက်သွား ကြလော့ဟု မိန့် တော်မူသည် အတိုင်း ၊ သူတို့သည်ထွက် ၍ မြို့ ထဲ၌ ကွပ်မျက် ကြ၏။ 8ထိုသို့ သူ တို့သည် ကွပ်မျက် ကြသောအခါ ၊ ငါ နေရစ် စဉ်တွင်ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ယေရုရှလင် မြို့အပေါ် သို့ အမျက် တော်ကို သွန်းလောင်း ၍ ၊ ကျန်ကြွင်း သမျှ သောဣသရေလ အမျိုးကို ဖျက်ဆီး တော်မူ မည်လော ဟု ကြွေးကြော် ၍ လျှောက် လေ၏။ 9ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏အပြစ် သည် အလွန် တရာကြီး ၏။ တပြည်လုံး သည် လူ အသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ဖောက်ပြန် ခြင်း အပြစ်နှင့်ပြည့် ၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ် လေပြီ။ ထာဝရဘုရား မမြင် ဟု ဆို ကြ၏။ 10ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သူ တို့အကျင့် တို့၏ အကျိုးအပြစ်ကို သူ တို့ခေါင်း ပေါ် သို့ သက်ရောက် စေမည်ဟု ငါ့အား မိန့်တော်မူ၏။ 11ပိတ် အဝတ်ကို ဝတ် ၍ နံပါး ၌ မှင်အိုး ပါသောသူ ကလည်း၊ ကိုယ်တော် မှာ ထားတော်မူသည်အတိုင်း အကျွန်ုပ်ပြု ပါပြီဟု ပြန်လျှောက် လေ၏။

¿Sabías que…?

El Juicio y la Marca de Protección

  • En la visión de Ezequiel, una figura vestida de lino lleva un tintero de escriba para marcar la frente de las personas que se lamentan por las prácticas corruptas en Jerusalén. Esta marca servía como señal de protección para librarlas de la destrucción.Fuentes: el propio texto bíblico
  • Los ejecutores entran por la puerta del norte y se colocan junto al altar de bronce en el atrio del templo. El juicio comienza en el propio santuario, empezando por los ancianos que estaban delante del edificio del templo.Fuentes: el propio texto bíblico

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Jerusalem · 31.777, 35.234 · versículos 4, 8

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.