Nations Bible

Colosenses 3

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော် နှင့်အတူထမြောက် ကြသည်မှန်လျှင် ၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်မှာ ခရစ်တော် သည် ထိုင် နေ တော်မူရာအရပ် ၌ရှိ သော အထက် အရာ တို့ကိုရှာ ကြလော့။ 2မြေကြီး ပေါ်မှာ ရှိသောအရာ တို့ကို စွဲလမ်းသောစိတ်မ ရှိကြနှင့်။ အထက် အရာ တို့ကိုသာစိတ် စွဲလမ်းခြင်း ရှိကြလော့။ 3အကြောင်းမူကား ၊ သင်တို့သည် သေ သောသူ ဖြစ်၍သင် တို့အသက် သည် ခရစ်တော် နှင့်အတူ ဘုရားသခင် ၌ ဝှက်ထား လျက်ရှိ၏။ 4ငါ တို့အသက် တည်းဟူသောခရစ်တော် သည် ထင်ရှား တော်မူသောအခါ ၊ ငါ တို့သည်လည်း ထိုသခင် နှင့်အတူ ဘုန်းကြီး ၍ ထင်ရှား ကြလတံ့။ 5ထိုကြောင့် မတရား သော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူး စွာကျင့်ခြင်း၊ ကိလေသာ ပူပန်ခြင်း၊ ဆိုးညစ် သော တပ်မက် ခြင်း၊ ရုပ်တု ကိုကိုးကွယ်ခြင်းဖြစ်သောလောဘ လွန်ကျူးခြင်းတည်းဟူသော ၊ မြေကြီး ပေါ်မှာ ရှိသောသင်တို့၏ ကိုယ်အင်္ဂါ တို့ကို သေ စေကြလော့။ 6ထိုအမှု များကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် သော သူတို့အပေါ် ၌သင့်ရောက် ပေ၏။ 7ထိုသူ တို့နှင့် သင် တို့သည်လည်း အထက် က ပေါင်းဖော် သောအခါ ၊ ထို အမှုများ၌ ကျင်လည် ကြ၏။ 8ယခု မူကား ၊ ထိုအမှုအလုံးစုံ တို့ကို၎င်း၊ အမျက်ထွက် ခြင်း၊ စိတ်ဆိုး ခြင်း၊ မနာလို ခြင်း၊ သူ့ အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူး သော စကားကို သုံးခြင်းတို့ကို၎င်း၊ သင် တို့နှုတ် မှ ပယ်ရှင်း ကြလော့။ 9အချင်းချင်း မုသာ စကားကို မ ပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူ ဟောင်း ၏ အကျင့် တို့ နှင့် လူဟောင်း ၏ ကိုယ်ကို ချွန်ပယ် ၍၊ 10ဖန်ဆင်း တော်မူသောသူ ၏ ပုံ သဏ္ဌာန်နှင့်အညီ ၊ မှန်သောပညာ အားဖြင့် အသစ် ပြုပြင်သော လူသစ် ကို ယူတင်ဝတ်ဆောင် သောသူ ဖြစ်ကြ၏။။ 11ထို ဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသ လူမ ရှိ ၊ ယုဒ လူမရှိ၊ အရေဖျားလှီး မင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်း မရှိ၊ သကုသိ လူမရှိ၊ ကျွန် မရှိ၊ လူ လွတ်မရှိ၊ ခရစ်တော် သည် အလုံးစုံ တို့၌ အလုံးစုံ ဖြစ်တော်မူ၏။။ 12ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက် သောသူ၊ သန့်ရှင်း သောသူ၊ ချစ် အပ်သောသူ ကဲ့သို့ ၊ သနားစုံမက် ခြင်း၊ ကျေးဇူး ပြုခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။။ 13တစ်ယောက် ၌ တစ်ယောက် အပြစ်တင် စရာအခွင့် ရှိ လျှင် ၊ အချင်းချင်း သည်းခံ ၍ အပြစ်ကိုလွှတ် ကြလော့။ ခရစ်တော် သည် သင် တို့၏အပြစ်ကို လွှတ် တော်မူသကဲ့သို့ ၊ ထိုနည်းတူ ပြုကြလော့။။ 14စုံလင် ခြင်းအဖွဲ့အစည်း တည်းဟူသော ချစ် ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။။ 15သင် တို့စိတ် နှလုံးအထဲ ၌ ခရစ်တော် ၏ ငြိမ်သက် ခြင်းအုပ်စိုး စေ။ ထိုသို့အလိုငှာ သင် တို့သည် တစ် လုံးတစ်ကိုယ် တည်း၌ ခေါ် ထားတော်မူခြင်းကို ခံကြသည် ဖြစ်၍၊ ကျေးဇူး တော်ကို သိသောစိတ်ရှိ ကြလော့။။ 16ခရစ်တော် ၏ နှုတ်ကပတ် တရားသည် ပညာ အမျိုးမျိုး နှင့် သင် တို့အထဲ ၌ ကြွယ်ဝ စွာ တည်နေ ၍ သင်တို့သည် ဆာလံ သီချင်းမှစသောဓမ္မ သီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်း တို့ကို ဆုံးမ သွန်သင် ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ် သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ် လျောက်ပတ်စွာ သီချင်း ဆို ကြလော့။။ 17စကား ပြောသော်၎င်း ၊ အမှုဆောင်ရွက် သော်၎င်း၊ သခင် ယေရှု ၏ နာမ တော်ကို ထောက်၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူ လျက် ၊ ကျေးဇူး တော်ကြီးလှပါ၏ဟု ထိုသခင် ကို အမှီပြု ၍ ခမည်းတော် ဘုရားသခင် ရှေ့၌ ဝန်ခံကြလော့။။ 18အချင်းမိန်းမ တို့၊ သခင် ဘုရား၌ လျောက်ပတ် သည်အတိုင်း ၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြ လော့။။ 19အချင်းယောက်ျား တို့၊ ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။ ကြမ်းတမ်း စွာမ ပြုကြနှင့်။။ 20သားသမီး တို့၊ မိဘ စကားကို အရာရာ ၌ နားထောင် ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင် ဘုရားနှစ်သက် တော်မူသော အမှုဖြစ် ၏။။ 21အဘ တို့၊ ကိုယ် သားသမီး ကို စိတ်ဆိုး စေခြင်းငှာ မ ပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့ စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။။ 22အစေခံကျွန် တို့၊ သခင် ဘုရားကို ကြောက်ရွံ့ လျက်၊ သူ တို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ ၊ မျက်မှောက် ၌သာ နားထောင်သည်မ ဟုတ်၊ စိတ် နှစ်ခွ မရှိဘဲ၊ လောကီ သခင် ၏စကားကို အရာရာ ၌ နားထောင် ကြလော့။။ 23လူ ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မ ဟုတ်၊ သခင် ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ၊ ပြု လေသမျှ တို့၌ စေတနာစိတ် နှင့် ပြု ကြလော့။။ 24သင်တို့သည် သခင် ခရစ်တော် ၏ အစေ ကို ခံကြသည်ဖြစ်၍၊ အမွေ တော်တည်းဟူသောအကျိုး ကို၊ ထို သခင်ဘုရား၏ လက်တော်မှ ခံရ လိမ့်မည်ဟု သိမှတ် ကြလော့။။ 25မတရား သောအမှုကို ပြုသောအမှုမည်သည်ကား၊ မိမိ ပြုသောအမှု၏ အကျိုးအပြစ်ကို ခံရ လိမ့်မည်။ အဘယ်သူ ၏ မျက်နှာ ကို မှတ်တော်မ မူ။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

Vida nueva en un solo cuerpo y en el hogar

  • Este capítulo presenta la vida transformada como un cambio de ropa. Se afirma que los lectores se han despojado del viejo hombre con sus prácticas y se han revestido del nuevo hombre, que se va renovando en conocimiento a imagen de su Creador. Luego se les pide que se vistan de un corazón compasivo, de bondad, humildad, mansedumbre y paciencia, y que por encima de todas estas virtudes se revistan de amor, vínculo de la perfecta unidad.Fuentes: el propio texto bíblico
  • El capítulo enumera griego y judío, circunciso e incircunciso, bárbaro, escita, esclavo y libre, y declara que aquí no permanece ninguna de esas distinciones, porque Cristo es todo y está en todos.Fuentes: el propio texto bíblico
  • El capítulo pasa luego a dar instrucciones para las relaciones del hogar: esposas y esposos, hijos y padres, y esclavos y sus amos terrenales. Se advierte a los padres que no provoquen a sus hijos, para que no se desalienten. A los esclavos se les dice que obedezcan con sinceridad de corazón, no solo mientras los observan, y que trabajen con todo su ser para el Señor y no para los hombres, con la promesa de una herencia de parte del Señor como recompensa; quien hace el mal recibirá el pago de lo que hizo, y no hay favoritismo.Fuentes: el propio texto bíblico

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.