Nations Bible

2 Reyes 25

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1ဇေဒကိမင်းနန်းစံကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ ပတ်လည် ၌ တပ်ချ ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊” 2ဇေဒကိ မင်း နန်းစံတဆယ် တ နှစ် တိုင်အောင် မြို့ ကိုဝိုင်း ထားလေ၏ 3ထိုနှစ်စတုတ္ထလ ကိုး ရက်နေ့တွင် ၊ မြို့ ထဲမှာ အလွန်အစာ အာဟာရခေါင်းပါးသဖြင့် ၊ မြို့သူ မြို့သားတို့ သည် စားစရာ မ ရှိ သောအခါ၊ “ 4ခါလဒဲ လူတို့သည်မြို့ ရိုးကို ဖြို ဖောက်၍ မြို့ ကို လည်း ဝိုင်း နေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့ သည် ညဉ့် အခါ ပြေး ၍ မြို့ရိုး နှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွားကြ၏ 5ခါလဒဲ စစ်သူရဲ တို့သည် ရှင် ဘုရင်ကို လိုက် ၍ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ၊ ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏ 6ရန်သူတို့သည် ရှင် ဘုရင်ကိုဘမ်းဆီး ၍ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည် အတိုင်း၊” 7ဇေဒကိ မင်း၏ သား တို့ကို အဘ မျက်မှောက် ၌ သတ် ကြ၏။ ဇေဒကိ မျက်စိ ကိုလည်း ဖောက် ပြီးမှ ၊ သူ့ ကိုကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ဗာဗုလုန် မြို့သို့ ယူ သွားကြ၏ 8ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံဆယ် ကိုး နှစ် ၊ ပဉ္စမ လ ခုနစ် ရက်နေ့တွင် ၊ အမှု တော်ထမ်း ကိုယ်ရံတော် မှူးနေဗုဇာရဒန် သည် ယေရုရှလင် မြို့သို့ လာ ၍၊ “ 9ဗိမာန် တော်၊ နန်းတော် ၊ မင်း အိမ်၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီးရှို့ လေ၏ 10ကိုယ်ရံတော် မှူး၌ပါသော ခါလဒဲ စစ်သူရဲ အပေါင်း တို့သည် ယေရုရှလင် မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက် ကြ၏ 11ထိုအခါ ကိုယ်ရံတော် မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန်ကြွင်း သောသူ ၊ ဗာဗုလုန် ရှင်ဘုရင် ဘက် သို့ ကူး သွားနှင့်သောသူ ၊ ကြွင်း သမျှသောသူတို့ကို သိမ်း သွား လေ၏ 12သို့ရာတွင် စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ ၊ ဆင်းရဲသား အချို့တို့ကိုထား ခဲ့လေ၏ 13ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း ၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည် ချိုးဖဲ့ ၍ ၊ ကြေးဝါ ရှိသမျှကို ဗာဗုလုန် မြို့သို့ ယူ သွားကြ၏ 14အိုးကင်း ၊ တူးရွင်း ပြား၊ မီးညှပ် ၊ ဇွန်း မှစ၍ အမှု တော်ထမ်းစရာ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏ 15ရွှေ တန်ဆာ၊ ငွေ တန်ဆာတည်းဟူသော လင်ပန်း ၊ အိုး အစရှိသော တန်ဆာများကို ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ကိုယ်ရံတော် မှူးသည် ယူ သွားလေ၏ 16ဗိမာန် တော်၌ ရှောလမုန် မင်းလုပ် သော တိုင် နှစ် တိုင်၊ ရေကန် တခု ၊ အခြေအမြစ်များ၌ပါသောကြေးဝါ သည် အချိန် အားဖြင့် အတိုင်းမသိများ၏ 17တိုင် အမြင့် ကားတဆယ် ရှစ် တောင် ရှိ၏။ ကြေးဝါ တိုင် ထိပ်လည်း ရှိ၏။ တိုင် ထိပ်အမြင့် ကား သုံး တောင် ရှိ၍ ၊ ထိပ် ပတ်လည် ကြေးဝါ ကွန်ရွက် ၊ ကြေးဝါသလဲ သီးတို့နှင့် ပြည့်စုံ၏။ အခြား သောတိုင် သည်လည်း ထို အတူ ဖြစ်၍ ကွန်ရွက် နှင့် ပြည့်စုံ ၏ 18ကိုယ်ရံတော် မှူးသည် ယဇ်ပုရောဟိတ် မင်း စရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန်တော် တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏ 19စစ် သူရဲတို့ကိုအုပ် သော ဗိုလ် တ ယောက်၊ မြို့ ထဲ၌ တွေ့ မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော် သော တပ် စာရေး ကြီး တယောက်၊ မြို့ ထဲ၌ တွေ့ မိသော ပြည်သား ခြောက်ဆယ် တို့ ကိုမြို့ ထဲက ခေါ် သွား၍၊ “ 20ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် ခဲ့ ပြီးလျှင်၊ “ 21ဗာဗုလုန် ရှင် ဘုရင်သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ် ပေး၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်းသွား ခြင်းကို ခံရသတည်း 22ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အခွင့်နှင့် ယုဒ ပြည် ၌ ကျန်ကြွင်း သေးသော လူ တို့ကို အုပ်ရသောမင်းအရာ၌၊ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ကို ခန့်ထား တော်မူ၏ 23ဗာဗုလုန် ရှင် ဘုရင်သည် ဂေဒလိ ကို ပြည်အုပ် အရာ၌ခန့်ထား ကြောင်း ကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ၊ နာသနိ သား ဣရှမေလ ၊ ကာရာ သား ယောဟနန် ၊ နေတောဖတ် အမျိုး၊ တာနုမက် သား စရာယ ၊ မာခသိ အမျိုးသား ယေဇနိ တို့သည် မိမိ လူ များနှင့်တကွ ၊ ဂေဒလိ ရှိရာမိဇပါ မြို့သို့ လာ ၍၊ “ 24ဂေဒလိ က၊ ခါလဒဲ မင်းအမှုကို ဆောင်ရွက်ရမည် အခွင့်ကို မ စိုးရိမ် ကြနှင့်။ ဤပြည် ၌ နေ ကြလော့။ ဗာဗုလုန် ရှင် ဘုရင်၏အမှုကို ဆောင်ရွက် ကြလော့။ သို့ပြုလျှင် ချမ်းသာ ရကြလိမ့်မည်ဟူ၍ထိုသူ တို့အား ကျိန်ဆို လေ၏ 25သတ္တမ လ တွင် ၊ ဆွေတော်မျိုးတော်ဧလိရှမာ သား နာသနိ ၏ သား ဣရှမေလ သည် လူ တကျိပ် နှင့်တကွ လာ၍ ဂေဒလိ ကို၎င်း၊ မိဇပါ မြို့ ၌ ဂေဒလိထံမှာရှိသော ယုဒ လူတို့နှင့် ခါလဒဲ လူတို့ကို၎င်း သေ အောင် လုပ်ကြံ လေ၏ 26ထိုအခါ တပ်မှူး များနှင့် ပြည်သူ ပြည်သားအကြီး အငယ် အပေါင်း တို့သည် ခါလဒဲ လူတို့ကို ကြောက် သောကြောင့် ထ ၍ အဲဂုတ္တု ပြည်သို့ သွား ကြ၏ 27ယုဒ ရှင်ဘုရင် ယေခေါနိ သည် အချုပ် ခံရသောသက္ကရာဇ် သုံးဆယ် ခုနစ် နှစ်၊ ဒွါ ဒသမ လ နှစ်ဆယ် ခုနစ် ရက်နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် ဧဝိလ မေရောဒက်နန်းစံ စက၊ ယုဒ ရှင်ဘုရင် ယေခေါနိ ကို ထောင် ထဲ က နှုတ် ၍ ချမ်းသာပေးလေ၏ 28ကောင်းမွန်စွာ နှုတ်ဆက် ၍ သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှာ အထံ တော်၌ ရှိသော မင်းကြီး များထိုင်ရာပလ္လင် တို့ထက် ချီးမြှင့် လေ၏ 29ယေခေါနိမင်းသည် ထောင် ထဲမှာ ဝတ်သော အဝတ် ကို လဲ ၍ ၊ အသက် ရှည်သမျှကာလ ပတ်လုံးအစဉ် မပြတ်အထံ တော်၌ စား သောက်ရ၏ 30အသက် ရှည် သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာ ဘို့ ဗာဗုလုန်ရှင်ဘုရင် ပေး သနားတော်မူ၏

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

La caída de Jerusalén y el exilio

  • El rey Nabucodonosor dirigió la campaña contra Jerusalén desde su cuartel general en Ribla, situada en la tierra de Hamat, a orillas del río Orontes. Tras ser capturado en las llanuras de Jericó, el rey Sedequías fue llevado a Ribla, donde sus hijos fueron ejecutados en su presencia y él fue cegado antes de ser llevado con grilletes de bronce a Babilonia.Fuentes: Riblah · Zedekiah · el propio texto bíblico
  • Cuando Nabuzaradán, capitán de la guardia, incendió Jerusalén, los caldeos rompieron las monumentales columnas de bronce, las bases móviles y el gran Mar de bronce fabricados por el rey Salomón para el templo, llevándose todo el metal a Babilonia.Fuentes: Nebuzar-adan · Solomon · el propio texto bíblico
  • Tras la destrucción de la ciudad, Nabucodonosor designó a Gedalías, hijo de Ahicam, como gobernador sobre la población restante en Mizpa. Sin embargo, Ismael, hijo de Netanías y miembro de la familia real, asesinó a Gedalías, lo que llevó a los atemorizados sobrevivientes a huir a Egipto.Fuentes: Gedaliah · Ishmael · Mizpah · el propio texto bíblico

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Babylon · 32.543, 44.422 · versículos 1, 6, 7, 8, 11, 13, 20, 21, 22, 23, 24, 27, 28, 29
  • Jerusalem · 31.777, 35.234 · versículos 1, 2, 8, 9, 10
  • Arabah · 30.417, 35.151 · versículos 4, 5
  • Chaldea · 30.962, 46.104 · versículos 4, 5, 10, 13, 25, 26
  • Jericho · Hoy: Tell es Sultan · 31.872, 35.445 · versículo 5
  • Riblah · Hoy: Rableh · 34.460, 36.573 · versículos 6, 20, 21
  • Hamath · Hoy: Hama · 35.136, 36.750 · versículo 21
  • Egypt · 30.129, 31.308 · versículo 26

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.