Nations Bible

1 Corintios 3

မြန်မာကျမ်းစာ · Toca un versículo para ver sus referencias cruzadas.

1ညီအစ်ကို တို့၊ အထက်က ငါ သည် ဝိညာဉ် လူတို့အား ဟောပြောသကဲ့သို့ သင် တို့အား ဟောပြော ရသော အခွင့်မ ရှိ ဘဲ၊ ဇာတိ ပကတိလူတို့အား၎င်း၊ ခရစ်တော် ၌ သူငယ် ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ 2ယခုတိုင်အောင်သင် တို့သည် ခဲဘွယ် စားဘွယ်ကို မ ကြေနိုင် သောကြောင့် ငါမ ကျွေးရ၊ နို့ ကိုသာ တိုက် ရ ၏။ ယခုပင် လည်း ၊ သင်တို့သည် မ ကြေနိုင် ကြသေး ။ 3ယခုပင်လည်း၊ ဇာတိ ပကတိလူဖြစ် ကြသေး ၏။ ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိသည်ဖြစ်၍ ၊ သင် တို့သည်ဇာတိ ပကတိ လူဖြစ် ကြသည် မ ဟုတ်လော။ လောကီ ထုံးစံအတိုင်း ကျင့်ဆောင် ကြသည် မဟုတ်လော။ 4တစ်ယောက် က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏ ဟူ၍၎င်း၊ တစ်ယောက် က၊ ငါ သည်အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြော ကြလျှင် ၊ ဇာတိပကတိလူ ဖြစ် ကြသည်မ ဟုတ်လော။ 5ပေါလု ကား အဘယ်သူ နည်း။ အာပေါလု ကား အဘယ်သူ နည်း။ အခြားသောသူမဟုတ်၊ ထာဝရ ဘုရား သည် အသီးသီး တို့အား အခွင့်ပေး သနားတော်မူသည်နှင့်အညီ ၊ သင်တို့ကို ယုံကြည် ခြင်းသို့ ရောက်စေသော ဓမ္မဆရာ ပေတည်း။ 6ငါ သည်စိုက်ပျိုး သောသူဖြစ်၏။ အာပေါလု သည် ရေလောင်း သော သူဖြစ်၏။ အပင်ကိုကြီးပွား စေသော သူ ကား ၊ ဘုရားသခင် ပေတည်း။ 7စိုက်ပျိုး သောသူ မ တတ်နိုင်။ ရေလောင်း သော သူ လည်း မ တတ်နိုင်။ ကြီးပွား စေတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။ 8သို့သော်လည်း ၊ စိုက်ပျိုး သောသူ နှင့် ရေလောင်း သောသူ သည် တစ်လုံးတစ်ဝတည်း ဖြစ် ၍ ၊ အသီးအသီး မိမိ လုပ် သည်အတိုင်း မိမိ အကျိုး ကို ခံရ လိမ့်မည်။ 9ငါတို့သည် ဘုရားသခင့် ထံ၌အလုပ် လုပ်သော သူချင်းဖြစ် ကြ၏။ သင်တို့သည် ဘုရားသခင် ၏ ဥယျာဉ် တော်ဖြစ်ကြ၏။ ဘုရားသခင် ၏ ကျောင်း တော်တိုက်လည်း ဖြစ် ကြ၏။ 10ဘုရားသခင် ၏ကျေးဇူး တော်ကို ငါ ခံရ သည်နှင့်အညီ ၊ လိမ္မာ သော ဗိသုကာ ကဲ့သို့ တိုက်မြစ် ကိုချ ပြီ။ အခြား သောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ ၏။ သို့ရာတွင် ၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက် သည်ကို လူတိုင်းသတိပြု ပါစေ။ 11အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသော ၊ ချ လျက်ရှိသော တိုက်မြစ် မှတပါး အခြား သော တိုက်မြစ်ကို အဘယ်သူ မျှမချ နိုင် ။ 12ထို တိုက်မြစ် အပေါ် ၌ရွှေ ၊ ငွေ ၊ ကျောက် ကောင်း ၊ သစ်သား ၊ မြက်ပင် ၊ ကောက်ရိုး များကို ထပ်ဆင့်၍ တည်ဆောက် သောသူရှိသမျှ ၊ 13အသီးသီး လုပ်သော အလုပ် သည် ထင်ရှား လိမ့်မည် ။ အဘယ်သို့ နည်းဟူမူကား ၊ ဖော်ပြ ချိန် နေ့ရက် သည် မီး အားဖြင့် ထင်ရှား စေလိမ့်မည်။ လူ တိုင်းလုပ်သောအလုပ် သည် အဘယ်သို့ သော အလုပ်ဖြစ် သည်ကို မီး သည်စစ်ကြော စုံစမ်းလိမ့်မည်။ 14ထို တိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက် သော အကြင်သူ ၏ အလုပ် သည်မြဲ ၏။ ထိုသူသည် အကျိုး ကို ခံရ လိမ့်မည်။ 15အကြင်သူ ၏အလုပ် သည် ကျွမ်းလောင် ၏၊ ထိုသူ သည် အရှုံး ခံရလိမ့်မည်။ သို့သော်လည်း ၊ မီး နှင့် လွတ် သကဲ့သို့ သူသည် ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။ 16သင်တို့သည် ဘုရားသခင် ၏ ဗိမာန် တော် ဖြစ် ကြသည်ကို၎င်း ၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် သင် တို့အထဲ ၌ ကျိန်းဝပ် တော်မူသည်ကို၎င်း မ သိ ကြသလော။ 17အကြင်သူ သည် ဘုရားသခင် ၏ ဗိမာန် တော်ကို ဖျက်ဆီး ၏။ ထို သူကို ဘုရားသခင် ဖျက်ဆီး တော်မူလိမ့်မည်။ ဘုရားသခင် ၏ ဗိမာန် တော်သည် သန့်ရှင်း ရ၏။ သင် တို့သည်လည်း၊ ထိုဗိမာန် တော် ဖြစ် ကြ၏။ 18အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ၌ ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။ 19အကြောင်းမူကား ၊ လောကီ ပညာ သည် ဘုရားသခင့် ရှေ့၌ မိုက်မဲ ခြင်းဖြစ် ၏။ ကျမ်းစာ လာသည်ကား ၊ ဘုရားသခင် သည် ပညာရှိ တို့ကို သူ တို့၏ ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏ဟု လာသတည်း။ 20တစ်ဖန်တုံ ၊ပညာရှိ တို့၏ အကြံအစည် တို့သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရ ဘုရားသိ တော်မူ၏ဟု လာသတည်း။ 21ထိုသို့ဖြစ်လျှင်၊ အဘယ်သူ မျှလူတို့ ၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်း သောအရာတို့သည် သင် တို့ အဘို့ ဖြစ် ကြ၏။ 22ပေါလု ဖြစ်စေ ၊ အာပေါလု ဖြစ်စေ ၊ ကေဖ ဖြစ်စေ ၊ ဤလောက ဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ သေ ခြင်း ဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောက် လာလတံ့သော အရာဖြစ်စေ ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ ဖြစ်ကြ၏။ 23သင် တို့သည်လည်း ၊ ခရစ်တော် အဘို့ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ဘုရားသခင် အဘို့ ဖြစ်တော်မူ၏။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

Maestros rivales y el campo de Dios

  • Las frases «Yo soy de Pablo» y «Yo soy de Apolos» se refieren a dos maestros que los corintios conocían. Apolos, un judío de Alejandría descrito como elocuente y versado en las Escrituras, fue a Corinto después de que Aquila y Priscila lo instruyeron más a fondo, y sus seguidores se apegaron mucho a él.Fuentes: el propio texto bíblico · Apollos
  • Pablo convierte el trabajo de ambos en una imagen compartida: él plantó la semilla, Apolos la regó, y Dios la hizo crecer. Los llama siervos por medio de los cuales los corintios creyeron, y colaboradores con un mismo propósito, cada uno recompensado según su propio trabajo.Fuentes: el propio texto bíblico · Apollos
  • Una nota biográfica tradicional dice que Apolos estaba con Pablo en Éfeso cuando se escribió esta carta. Pablo sigue hablando de ambos como siervos y dice a los corintios que dejen de gloriarse en los hombres —Pablo, Apolos o Cefas—, porque los corintios pertenecen a Cristo, y Cristo pertenece a Dios.Fuentes: Apollos · el propio texto bíblico

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Créditos y licencia de esta traducción
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fuente: http://ebible.org/myajvb/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.