Nations Bible

Zacarías 5

Common Language Bible · Toca un versículo para ver sus referencias cruzadas.

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​စာ​လိပ်​ပျံ​ကို​တွေ့​မြင်​ရ​ခြင်း

1ငါ​သည်​နောက်​တစ်​ဖန်​ကြည့်​လိုက်​ပြန်​သော​အ​ခါ လေ​ထဲ​တွင်​ပျံ​ဝဲ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ရ​၏။- 2ကောင်း​ကင်​တ​မန်​က``သင်​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​မေး​လျှင်​ငါ​သည်​လည်း``လေ ထဲ​တွင်​ပျံ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ပါ​၏။ ထို​စာ​လိပ်​သည်​အ​လျား​ပေ​သုံး​ဆယ် အ​နံ​တစ်​ဆယ့်​ငါး​ပေ​ရှိ​ပါ​သည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။

3ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``တစ်​နိုင်​ငံ​လုံး အ​ပေါ်​သို့​သက်​ရောက်​မည့်​ကျိန်​စာ​ကို​ထို​စာ လိပ်​တွင်​ရေး​သား​ထား​ပါ​သည်။ စာ​လိပ်​တစ် မျက်​နှာ​၌​သူ​ခိုး​မှန်​သ​မျှ​တို့​သည် ဤ​နိုင်​ငံ မှ​ဖယ်​ရှား​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ အ​ခြား​တစ်​မျက်​နှာ​၌​မူ​မ​မှန် မ​ကန်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​အ​ပေါင်း တို့​သည်​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ထား ပါ​သည်။- 4အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က​ငါ​သည် ဤ​ကျိန်​စာ​ကို​စေ​လွှတ်​လိုက်​မည်​ဖြစ်​၍​ယင်း သည်​ငါ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​မှန်​သ​မျှ​နှင့်​သူ​ခိုး​မှန် သ​မျှ​တို့​၏​အိမ်​များ​တွင်​ဝင်​၍​နေ​လိမ့်​မည်။ ထို​အိမ်​တို့​သည်​လည်း​ကျိန်​စာ​ထွက်​ခွာ​သွား သော​အ​ခါ ယို​ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ် ကြ​လိမ့်​မည်'' ဟု​ဆို​၏။

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ခြင်း​တောင်း​ထဲ​မှာ အ​မျိုး​သ​မီး​ကို​တွေ့​မြင်​ရ​ခြင်း

5ကောင်း​ကင်​တ​မန်​သည်​တစ်​ဖန်​ပေါ်​လာ​ပြန် ၍``ကြည့်​လော့။ အ​ရာ​ဝတ္ထု​တစ်​ခု​သည်​ရွေ့ လျား​၍​လာ​နေ​၏'' ဆို​၏။

6ငါ​က``ထို​အ​ရာ​ကား​အ​ဘယ်​နည်း'' ဟု မေး​လျှင်၊

ကောင်း​ကင်​တ​မန်​က``ထို​အ​ရာ​သည်​ခြင်း တောင်း​တစ်​ခု​ဖြစ်​၍​တစ်​နိုင်​ငံ​လုံး​၏​အ​ပြစ် ကို​သ​ရုပ်​ဆောင်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား လေ​သည်။-

7ထို​ခြင်း​တောင်း​တွင်​ခဲ​ဖြင့်​ပြီး​သော​အ​ဖုံး တစ်​ခု​ရှိ​၏။ ထို​အ​ဖုံး​သည်​ငါ​ကြည့်​လျက် နေ​စဉ်​၌​ပင်​ပွင့်​၍​လာ​လေ​သည်။ ခြင်း​တောင်း ထဲ​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​ထိုင်​လျက် နေ​ပါ​သည်​တ​ကား။

8ကောင်း​ကင်​တ​မန်​က၊``ဤ​အ​မျိုး​သ​မီး​သည် ယုတ်​မာ​မှု​ကို​သ​ရုပ်​ဆောင်​၏'' ဟု​ဆို​ကာ သူ့​အား​ခြင်း​တောင်း​ထဲ​သို့​နှိပ်​ချ​လိုက်​ပြီး လျှင်​အ​ဖုံး​ပြန်​ဖုံး​၍​ထား​လိုက်​လေ​သည်။- 9ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ငှက် ကျား​၏​အ​တောင်​ကဲ့​သို့​ကြီး​မား​သည့် အ​တောင်​များ​နှင့် ငါ့​ထံ​သို့​ပျံ​လာ​နေ​သော အ​မျိုး​သမီး​နှစ်​ဦး​ကို​မြင်​ရ​၏။ သူ​တို့​သည် ခြင်း​တောင်း​ကို​ချီ​ယူ​ကာ​အ​ဝေး​သို့​ပျံ သွား​ကြ​၏။

10ငါ​သည်​ကောင်း​ကင်​တ​မန်​အား``ထို​သူ​တို့ သည်​ခြင်း​တောင်း​ကို​အ​ဘယ်​အ​ရပ်​သို့ ယူ​ဆောင်​သွား​ကြ​ပါ​သ​နည်း'' ဟု​မေး လျှင်၊

11ကောင်း​ကင်​တ​မန်​က``ဗာ​ဗု​လုန်​ပြည်​သို့​ဖြစ် ပါ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဗိ​မာန်​တစ်​ခု ကို​တည်​ဆောက်​ကြ​ပါ​လိမ့်​မည်။ ထို​နောက်​ဝတ် ပြု​ကိုး​ကွယ်​ရန်​ထို​ဗိ​မာန်​တော်​ထဲ​တွင်​ခြင်း တောင်း​ကို​တည်​ထား​ကြ​ပါ​လိမ့်​မည်'' ဟု ဆို​၏။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

Visiones del Rollo Volador y la Cesta

  • Zacarías ve un enorme rollo volador que mide veinte codos de largo por diez codos de ancho. El ángel intérprete explica que representa una maldición que recorre la tierra contra ladrones y perjuros, permaneciendo en sus casas hasta consumir sus vigas y piedras.Fuentes: el propio texto bíblico
  • La segunda visión del capítulo presenta a una mujer que personifica la Maldad encerrada dentro de una cesta de medir bajo una pesada tapa de plomo. Dos mujeres con alas de cigüeña transportan la cesta a la tierra de Sinar, región bíblica asociada con el sur de Mesopotamia y la antigua Babilonia, donde se le prepara una casa sobre un pedestal.Fuentes: el propio texto bíblico · Shinar

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Shinar · Hoy: Babylonia · 32.543, 44.422 · versículo 11

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fuente: http://ebible.org/mya/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.