Nations Bible

Apocalipsis 10

Common Language Bible · Toca un versículo para ver sus referencias cruzadas.

စာ​စောင်​ငယ်​ကိုင်​ထား​သော​ကောင်း​ကင်​တ​မန်

1ထို​နောက်​ကောင်း​ကင်​မှ​ခွန်​အား​ကြီး​မား​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​ဆင်း​သက်​လာ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ကို​ဝတ်​ဆင် ၍​သူ​၏​ဦး​ခေါင်း​ပတ်​လည်​တွင်​သက်​တန့်​ရှိ​၏။ သူ​၏​မျက်​နှာ​သည်​နေ​နှင့်​တူ​၏။ သူ​၏​ခြေ ထောက်​တို့​သည်​မီး​ဖြင့်​ပြီး​သော​တိုင်​များ နှင့်​တူ​၏။- 2သူ​သည်​ဖွင့်​ထား​သော​စာ​စောင်​ငယ်​ကို​ကိုင် ထား​၏။ လက်ယာ​ခြေ​ဖြင့်​ပင်​လယ်​ပေါ်​၌​လည်း ကောင်း၊ လက်​ဝဲ​ခြေ​ဖြင့်​ကုန်း​မြေ​ပေါ်​၌​လည်း ကောင်း​ရပ်​လျက်၊- 3ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ကျယ်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​၏။ ယင်း​သို့​ကြွေး​ကြော်​လိုက်​သော အ​ခါ​မိုး​ကြိုး​သံ​ခု​နစ်​ချက်​မြည်​လေ​၏။- 4ထို​အ​ချိန်​၌​မိုး​ကြိုး​သံ​တို့​က​မိန့်​မြွက်​သည့် စ​ကား​ကို ငါ​သည်​ရေး​မှတ်​မည်​ပြု​သော်``မ​ရေး မ​မှတ်​နှင့်။ မိုး​ကြိုး​သံ​ခု​နစ်​ချက်​မိန့်​မြွက်​သည့် စ​ကား​ကို​လျှို့​ဝှက်​ထား​လော့'' ဟု​ကောင်း​ကင် မှ​ထွက်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။

5ထို​နောက်​ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ သော​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​လက်ယာ ကို​ကောင်း​ကင်​သို့​မြှောက်​ချီ​ကာ၊- 6ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊- 7သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​၌ ကိုယ်​တော်​သည်​မိ​မိ​၏​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပြီး​မြောက်​စေ တော်​မူ​မည်'' ဟု​ဆို​လေ​သည်။

8ကောင်း​ကင်​မှ​ငါ​ကြား​ရ​သည့်​မိန့်​မြွက်​သံ​က ငါ့​အား``သွား​လော့။ ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ် တွင်​ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​လက် ၌​ဖွင့်​ထား​သော​စာ​စောင်​ကို​ယူ​လော့'' ဟု​ဆို ပြန်​၏။

9သို့​ဖြစ်​၍​ငါ​သည်​ထို​ကောင်း​ကင်​တ​မန်​ထံ သို့​သွား​ပြီး​လျှင် စာ​စောင်​ငယ်​ကို​ပေး​ရန် တောင်း​၏။ ကောင်း​ကင်​တ​မန်​က``ဤ​စာ​စောင် ကို​ယူ​၍​စား​လော့။ သင်​၏​ဝမ်း​ကို​ခါး​စေ လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​ခံ​တွင်း​၌​ပျား ရည်​ကဲ့​သို့​ချို​လိမ့်​မည်'' ဟု​ဆို​၏။

10ငါ​သည်​ကောင်း​ကင်​တ​မန်​၏​လက်​မှ​စာ​စောင် ငယ်​ကို​ယူ​၍​စား​၏။ ထို​စာ​စောင်​သည်​ငါ​၏ ခံ​တွင်း​၌​ပျား​ရည်​ကဲ့​သို့​ချို​၏။ ဝမ်း​တွင်း သို့​ရောက်​သော​အ​ခါ​၌​မူ​ခါး​လေ​သည်။- 11ထို​နောက်​ကောင်း​ကင်​တ​မန်​က``သင်​သည် များ​စွာ​သော​တိုင်း​နိုင်​ငံ​များ၊ ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​များ၊ ရှင် ဘု​ရင်​များ​၏​အ​ကြောင်း​နှင့်​စပ်​လျဉ်း​သည့် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​နောက် တစ်​ဖန်​ဟော​ကြား​ရ​ဦး​မည်'' ဟု​ငါ့​အား ဆို​၏။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

El ángel, los truenos sellados y el rollo

  • Un ángel fuerte desciende del cielo, envuelto en una nube, con un arcoíris sobre la cabeza, el rostro como el sol y las piernas como columnas de fuego. Lleva en la mano un pequeño rollo abierto y pone el pie derecho sobre el mar y el pie izquierdo sobre la tierra.Fuentes: el propio texto bíblico
  • Cuando el ángel clama como un león que ruge, siete truenos hacen oír su voz. El narrador está a punto de escribir lo que dijeron, pero una voz del cielo ordena que eso quede sellado y no se escriba. De pie sobre el mar y sobre la tierra, el ángel levanta la mano derecha al cielo y jura por quien vive por los siglos de los siglos, que creó el cielo y todo lo que hay en él, la tierra y todo lo que hay en ella, y el mar y todo lo que hay en él, que ya no habrá más demora, pero que en los días en que el séptimo ángel esté a punto de tocar la trompeta el misterio de Dios se cumplirá, tal como él lo anunció a sus siervos los profetas.Fuentes: el propio texto bíblico
  • Una voz del cielo manda al narrador tomar de la mano del ángel el pequeño rollo abierto. El ángel dice que lo coma y advierte que será dulce como miel en la boca, pero amargo en el estómago. El narrador lo come y así lo experimenta, y después le dicen que debe profetizar otra vez sobre muchos pueblos, naciones, lenguas y reyes.Fuentes: el propio texto bíblico

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Créditos y licencia de esta traducción
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fuente: http://ebible.org/mya/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.