Salmos 48
Common Language Bible · Toca un versículo para ver sus referencias cruzadas.
ထာဝရဘုရား၏မြို့တော်ဇိအုန်
1ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍သန့်ရှင်း မြင့်မြတ်သည့်တောင်တော် တည်းဟူသော
ငါတို့ဘုရား၏မြို့တော်တွင်အလွန် ထောမနာပြုခြင်းကိုခံထိုက်ပေ၏။
2ဘုရားသခင်၏တောင်တော်ဖြစ်သည့်
ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။
မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။
3ထိုမြို့တော်၏ခံတပ်များအတွင်းအထံ တော်တွင်
ဘေးမဲ့လုံခြုံမှုရှိကြောင်းကိုဘုရားသခင် ပြသတော်မူပြီ။
4ရှင်ဘုရင်တို့သည်စုရုံးလျက်ဇိအုန်တောင်ကို တိုက်ခိုက်ရန်ချီတက်လာကြ၏။
5ထိုတောင်ကိုမြင်သောအခါသူတို့သည် အံ့သြထိတ်လန့်၍ထွက်ပြေးကြ၏။
6သူတို့သည်သားဖွားချိန်နီးသည့် အမျိုးသမီးကဲ့သို့လည်းကောင်း၊
ပြင်းထန်သောလေမုန်တိုင်းမိသဖြင့်လူးနေရသော
သင်္ဘောကြီးများကဲ့သို့လည်းကောင်း ထိတ်လန့်တုန်လှုပ်ကြကုန်၏။
8ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။
ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင်
ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။
ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
9အို ဘုရားသခင်၊
ကိုယ်တော်ရှင်၏ဗိမာန်တော်အတွင်း၌
ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုဆင်ခြင်ကြပါ၏။
10နေရာတကာတွင်လူအပေါင်းတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။
ကိုယ်တော်ရှင်၏ဂုဏ်သတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ပျံ့နှံ့နေပါ၏။
ကိုယ်တော်ရှင်သည်တရားမျှတစွာ အုပ်စိုးတော်မူပါ၏။
11ဇိအုန်မြို့သူမြို့သားတို့သည်ဝမ်းမြောက် ကြပါစေ။
ကိုယ်တော်သည်ဖြောင့်မှန်စွာတရားစီရင် တော်မူပါ၏။
ယုဒပြည်မြို့ကြီးများတွင်ရွှင်လန်းမှုရှိ ပါစေ။
12ဘုရားသခင်၏လူစုတော်ဝင်တို့၊ဇိအုန်တောင် ကို လှည့်ပတ်၍ပြအိုးတို့ကိုရေတွက်လော့။
13ထိုမြို့၏တံတိုင်းများကိုမှတ်သား၍ခံတပ် များကို စစ်ဆေးကြည့်ရှုကြလော့။
ထိုအခါသင်တို့သည်``ဤဘုရားကား ကမ္ဘာအဆက်ဆက်ငါတို့၏ဘုရားဖြစ်တော်မူ၏။
ကိုယ်တော်သည်ထာဝစဉ်ငါတို့အား လမ်းပြပို့ဆောင်တော်မူလိမ့်မည်'' ဟု
နောင်လာနောက်သားတို့အား ပြောကြားနိုင်ကြလိမ့်မည်။

¿Sabías que…?
Sión, la Ciudad del Gran Rey
- El monte Sión, originalmente la colina fortificada al sureste de Jerusalén tomada por David a los jebuseos, llegó a ser la Ciudad de David y el lugar de su alcázar. En el Salmo 48, se le celebra como la santa montaña de Dios, ensalzada y protegida frente al avance de reyes enemigos.Fuentes: el propio texto bíblico · Mount Zion · Zion
- El salmo ilustra el poder divino destrozando fuerzas enemigas como un viento del este que naufraga las naves de Tarsis. Muchos especialistas identifican Tarsis con un lejano puerto comercial fenicio en el suroeste de España, aunque otras fuentes antiguas propusieron lugares como Cartago o puertos en el oriente.Fuentes: el propio texto bíblico · Tarshish
- Se invita a los fieles a recorrer el perímetro de Sión, contar sus torres y examinar sus murallas y fortalezas. Esta inspección de las defensas de la ciudad tenía el propósito de transmitirse a las generaciones venideras como testimonio del amparo de Dios.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Mount Zion · 31.772, 35.229 · versículos 2, 11
- Zaphon · Hoy: Jebel Aqra · 35.953, 35.969 · versículo 2
- Jerusalem · 31.777, 35.234 · versículo 3
- Zion · Hoy: Jerusalem · 31.777, 35.234 · versículo 12
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fuente: http://ebible.org/mya/ · eBible.org