Salmos 39
Common Language Bible · Toca un versículo para ver sus referencias cruzadas.
ဝေဒနာရှင်တစ်ဦး၏ဖော်ပြဝန်ခံချက်
1``ငါပြုသည့်အမှုအတွက်ငါသတိထားမည်။
နှုတ်ဖြင့်မျှမပြစ်မှားမိစေရန်ငါသည်သတိ ပြုမည်။
ဆိုးညစ်သူတို့အနီး၌ရှိစဉ်ငါသည်အဘယ် စကားကိုမျှမပြောဘဲနေမည်'' ဟုငါဆို၏။
2ငါသည်စကားတစ်ခွန်းမျှမပြောဘဲ ဆိတ်ဆိတ်နေခဲ့၏။ အကောင်းကိုပင်မပြော ဆိုခဲ့ပါ။
သို့ရာတွင်ငါ၏ဝေဒနာသည်ပိုမိုဆိုးရွား ၍သာလာ၏။
3ငါသည်ပူပင်သောကရောက်ခဲ့၏။
စဉ်းစားလေလေပို၍စိတ်ဒုက္ခရောက်လေလေ ဖြစ်ခဲ့၏။
``အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်အဘယ်မျှအသက်ရှည်ပါ မည်နည်း။
အဘယ်အခါသေရပါမည်နည်း။
ကျွန်တော်မျိုးအားအနိစ္စတရားကို သိစေတော်မူပါ'' ဟု
ကိုယ်တော်အားငါမမေးမလျှောက်ဘဲမနေနိုင်ပါ။
5ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။
ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏
အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။
အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
6အရိပ်တမျှခဏသာအသက်ရှင်ပါ၏။
သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။
သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း
အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
7သို့ဖြစ်၍ အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်အဘယ်အရာကို မျှော်ကိုးနိုင်ပါမည်နည်း။
ကျွန်တော်မျိုးသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
8ကျွန်တော်မျိုး၏အပြစ်အပေါင်းမှကယ်တော် မူပါ။
ကျွန်တော်မျိုးအားလူမိုက်တို့လှောင်ပြောင် စေတော်မမူပါနှင့်။
9ကိုယ်တော်သည်ကျွန်တော်မျိုးအား
ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။
စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
10ထပ်မံ၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။
ကိုယ်တော်ရှင်ပေးတော်မူသည့်
ဒဏ်ရာဒဏ်ချက်များကြောင့်ကျွန်တော်မျိုး သည် သေလုပါပြီ။
11ကိုယ်တော်ရှင်သည်လူအားသူ၏
အပြစ်ဒုစရိုက်အတွက်ဆုံးမ၍အပြစ်ဒဏ် ပေးတော်မူပါ၏။
သူနှစ်သက်စွဲလန်းသောအရာတို့ကိုပိုးဖလံ ကဲ့သို့ ကိုယ်တော်ဖျက်ဆီးပစ်တော်မူပါ၏။
အကယ်စင်စစ်လူသည်ထွက်သက်ဝင်သက်မျှသာ ဖြစ်ပါသည်တကား။
12အို ထာဝရဘုရား၊
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
ကျွန်တော်မျိုး၏ပန်ကြားချက်ကို နားထောင်တော်မူပါ။
ကျွန်တော်မျိုးငိုယိုသောအခါကူမရန်ကြွ တော်မူပါ။
ဘိုးဘေးတို့ကဲ့သို့ကျွန်တော်မျိုးသည်
ကိုယ်တော်ရှင်၏ဧည့်သည်အဖြစ်နှင့် ခဏမျှသာနေရပါ၏။
13ကျွန်တော်မျိုးသေ၍ပျောက်ကွယ်မသွားမီ ရွှင်လန်းမှုအနည်းငယ်ရရှိစေရန်
ကျွန်တော်မျိုးထံမှမျက်နှာတော်ကိုလွှဲတော်မူပါ။

¿Sabías que…?
La fragilidad y brevedad de la vida humana
- El encabezado dedica esta composición al director del coro y a Jedutún, atribuyendo la oración a David.Fuentes: el propio texto bíblico · David
- El salmo ilustra la brevedad de la existencia al describir la vida humana como apenas unos palmos—una medida antigua basada en el ancho de la mano—y como un soplo pasajero o una sombra.Fuentes: el propio texto bíblico
- El orador se identifica como un forastero y peregrino que habita junto a Dios, reflejando una postura de total dependencia de la misericordia y la hospitalidad divinas.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Créditos y licencia de esta traducción
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fuente: http://ebible.org/mya/ · eBible.org