Salmos 3
Common Language Bible · Toca un versículo para ver sus referencias cruzadas.
ကယ်မတော်မူရန်နံနက်ချိန်ဆုတောင်း ပတ္ထနာ
1ထာဝရဘုရား၊ ကျွန်တော်မျိုးတွင်ရန်သူများစွာရှိပါ၏။
ကျွန်တော်မျိုးတစ်ဘက်၌ထကြွသူများကြပါ၏။
2သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို
ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။
3သို့ရာတွင် အို ထာဝရဘုရား၊
ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။
ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို
ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
4ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ
ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ
ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။
5ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ
စောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။
6မိမိပတ်လည်တွင်ဝိုင်းရံလျက်ရှိသော
ရန်သူထောင်သောင်းများစွာတို့ကို ငါသည်မကြောက်။
7အို ထာဝရဘုရား၊ ကြွလာတော်မူပါ။
ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။
ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။
8ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။
ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။

¿Sabías que…?
Una Oración Matutina en el Exilio
- El salmo se enmarca tradicionalmente en la huida de David ante su hijo Absalón, una crisis en la que muchos aseguraban que Dios ya no lo libraría.Fuentes: el propio texto bíblico
- A pesar de estar rodeado por millares de adversarios, el autor expresa una profunda paz, señalando que puede acostarse, dormir y despertar a salvo porque el Señor lo sostiene.Fuentes: el propio texto bíblico
- El antiguo término hebreo Selah aparece tres veces en esta breve composición, pausando el texto tras momentos de angustia, oración respondida y la bendición final.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Créditos y licencia de esta traducción
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fuente: http://ebible.org/mya/ · eBible.org