Salmos 135
Common Language Bible · Toca un versículo para ver sus referencias cruzadas.
ထောမနာသီချင်း
1ထာဝရဘုရားကိုထောမနာပြုကြလော့။
ထာဝရဘုရား၏အစေခံသူ၊ထာဝရ ဘုရား၏ အိမ်တော်တည်းဟူသော
ငါတို့ဘုရား၏ဗိမာန်တော်တွင်ရပ်နေသူတို့ နာမတော်အားထောမနာပြုကြလော့။
3ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကိုယ်တော်အားထောမနာပြုကြလော့။
ကိုယ်တော်သည်သနားကြင်နာတော်မူသည် ဖြစ်၍ နာမတော်အားထောမနာသီချင်းဆိုကြလော့။
4ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊
ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
5ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။
ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။
6ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊
ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်း
အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
7ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍
မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။
လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။
8အီဂျစ်ပြည်တွင်လူနှင့်တိရစ္ဆာန်သားဦးရှိ သမျှကို သေဒဏ်ခတ်တော်မူ၏။
9ထိုပြည်တွင်ဖာရောဘုရင်နှင့်
သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန်
ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။
10များစွာသောတိုင်းနိုင်ငံတို့ကို
ပြိုပျက်စေတော်မူ၍ဘုန်းကြီးသော ဘုရင်တို့ကိုကွပ်မျက်တော်မူ၏။
11အာမောရိဘုရင်ရှိဟုန်မင်း၊ဗာရှန်ဘုရင်
သြဃမင်းနှင့်ခါနာန်နိုင်ငံမှဘုရင်အပေါင်း တို့ကို ကွပ်မျက်တော်မူ၏။
12သူတို့၏နယ်မြေများကိုမိမိ၏လူစုတော်အား ပေးတော်မူ၏။
ထိုနယ်မြေများကိုဣသရေလအမျိုးသား တို့အား ပေးတော်မူ၏။
13အို ထာဝရဘုရား၊
ကိုယ်တော်ရှင်သည်ဘုရားဖြစ်တော်မူကြောင်းကို
လူတို့သည်အခါခပ်သိမ်းကြားသိကြပါ လိမ့်မည်။
ကိုယ်တော်၏နာမတော်သည်ကာလအစဉ် အဆက် ကျော်ကြားပါလိမ့်မည်။
14ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာတော်မူလိမ့်မည်။
မိမိ၏အစေခံတို့အားကရုဏာ ထားတော်မူလိမ့်မည်။
15လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။
ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။
16ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊
မျက်စိများရှိပါလျက်မမြင်နိုင်။
17သူတို့သည်နားများရှိပါလျက်မကြားနိုင်။
သူတို့၏ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။
18ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကို
ကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။
19အို ဣသရေလအမျိုးသားတို့၊ထာဝရ ဘုရားအား ထောမနာပြုကြလော့။
ဘုရားသခင်၏ယဇ်ပုရောဟိတ်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
20လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
21ဇိအုန်တောင်တော်ပေါ်တွင်လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်တော်မူရာ
ယေရုရှလင်မြို့တွင်လည်းကောင်းကိုယ်တော် အား ထောမနာပြုကြလော့။
ထာဝရဘုရားအားထောမနာပြုကြလော့။

¿Sabías que…?
Alabanza al Dios Soberano de Israel
- El Salmo 135 destaca a Sehón, rey de los amorreos, y a Og, rey de Basán, como gobernantes prominentes derrotados antes de que Israel recibiera su heredad. Ambos reyes gobernaban territorios al este del río Jordán y eran recordados en los cánticos israelitas por su derrota durante la marcha hacia Canaán.Fuentes: el propio texto bíblico · Sihon · Og
- El salmo concluye con una liturgia dirigida a grupos distintos en el culto: la comunidad general ('casa de Israel'), el linaje sacerdotal ('casa de Aarón') y los demás servidores del templo ('casa de Leví') que servían en los atrios de la casa del Señor.Fuentes: el propio texto bíblico · Aaron · Levi (patriarch)
- Para resaltar el poder soberano de Dios sobre la creación y la historia, el salmo lo contrasta con los ídolos paganos de plata y oro. El texto describe estas estatuas fabricadas como completamente inertes, carentes de aliento e incapaces de hablar, ver u oír.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Egypt · 30.129, 31.308 · versículos 8, 9
- Bashan · 32.781, 35.935 · versículo 11
- Canaan · 32.767, 35.333 · versículo 11
- Jerusalem · 31.777, 35.234 · versículo 21
- Zion · Hoy: Jerusalem · 31.777, 35.234 · versículo 21
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fuente: http://ebible.org/mya/ · eBible.org