Números 33
Common Language Bible · Toca un versículo para ver sus referencias cruzadas.
အီဂျစ်ပြည်မှမောဘပြည်သို့ခရီးစဉ်
1မောရှေနှင့်အာရုန်ခေါင်းဆောင်၍ဣသရေလ အမျိုးသားတို့သည် အီဂျစ်ပြည်မှအနွယ် အလိုက်ထွက်ခွာလာခဲ့ကြ၏။ သူတို့၏ ခရီးစဉ်ကိုဖော်ပြပေအံ့။- 2ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည် သူတို့ရပ်နားရာစခန်းအဆင့် ဆင့်တို့၏နာမည်များကိုမှတ်သားထား လေသည်။
3ဣသရေလအမျိုးသားတို့သည် ပထမဦး ဆုံးကျင်းပသောပသခါပွဲတော်လွန်ပြီး နောက်တစ်နေ့ဖြစ်သောပထမလတစ်ဆယ် ငါးရက်နေ့၌ အီဂျစ်ပြည်မှထွက်ခွာလာခဲ့ ကြ၏။ သူတို့သည်ထာဝရဘုရား၏အကာ အကွယ်ဖြင့် အီဂျစ်အမျိုးသားတို့ရှေ့မှောက် တွင်ရာမသက်မြို့မှထွက်ခွာလာကြ၏။- 4ထိုစဉ်အခါကအီဂျစ်အမျိုးသားတို့သည် ထာဝရဘုရားဒဏ်ခတ်ခြင်းခံရသော သားဦးများကိုမြှုပ်နှံလျက်နေကြ၏။ ထို သို့ဒဏ်ခတ်ခြင်းအားဖြင့်ထာဝရဘုရား သည် အီဂျစ်အမျိုးသားတို့၏ဘုရားများ ထက်တန်ခိုးကြီးကြောင်းပြတော်မူ၏။
5ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ ထွက်ခွာလာကြပြီးနောက်သုကုတ် စခန်းတွင်ရပ်နားကြ၏။- 6ထိုမှတစ်ဆင့်တောကန္တာရအစွန်ရှိဧသံ စခန်းတွင်ရပ်နားကြ၏။- 7တစ်ဖန်သူတို့သည်ဗာလဇေဖုန်စခန်း အရှေ့ရှိပိဟဟိရုတ်စခန်းသို့ပြန်လှည့် ကြပြီးလျှင် မိဂဒေါလစခန်းအနီး၌ ရပ်နားကြ၏။- 8သူတို့သည်ပိဟဟိရုတ်စခန်းမှထွက်လာ ၍ ပင်လယ်နီကိုဖြတ်ကူးပြီးလျှင်ဧသံ တောကန္တာရသို့ရောက်ကြ၏။ သုံးရက်ခရီး သွားပြီးနောက်မာရစခန်း၌ရပ်နား ကြ၏။- 9ထိုစခန်းမှထွက်လာပြီးနောက်စမ်းရေတွင်း တစ်ဆယ့်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ် ရှိသောဧလိမ်စခန်းသို့ရောက်လာကြ၏။
10တစ်ဖန်သူတို့သည်ဧလိမ်စခန်းမှထွက် လာ၍ ဆူးအက်ပင်လယ်ကွေ့အနီးတွင် စခန်းချကြ၏။- 11ထိုနောက်သိန်တောကန္တာရသို့ရောက်လာ ကြ၏။- 12တစ်ဖန်ဒေါဖကာစခန်း၌လည်းကောင်း၊- 13ထိုမှတစ်ဆင့်အာလုရှစခန်း၌လည်း ကောင်းရပ်နားကြ၏။- 14တစ်ဖန်ခရီးဆက်ကြရာလူတို့အတွက် သောက်ရေမရှိသောရေဖိဒိမ်စခန်းသို့ ရောက်ကြ၏။
15သူတို့သည်ရေဖိဒိမ်စခန်းမှဟောရတောင် သို့ သွားသောခရီးလမ်းတွင်ရပ်နားသော စခန်းများနာမည်စာရင်းမှာသိနာတော ကန္တာရ၊ ကိဗြုတ်ဟတ္တဝါသို့မဟုတ်``မွတ်သိပ် ရာသင်္ချိုင်း၊'' ဟာဇရုတ်၊ ရိသမ၊ ရိမ္မုန်ဖာရက်၊ လိဗန၊ ရိဿ၊ ကေဟလာသ၊ ရှာဖာတောင်၊ ဟာရဒ၊ မက္ကလုတ်၊ တာဟတ်၊ တာရ၊ မိသကာ၊ ဟာရှမောန၊ မောသရုတ်၊ ဗင်္ယာကန်၊ ဟောရ ဂိဒ်ဂဒ်၊ ယုမ္ဘာသ၊ ဧဗြောန၊ ဧဇယုန်ဂါဗာ၊ ဇိနတောကန္တာရ(ယင်းသည်ကာဒေရှဖြစ်၏) ဧဒုံပြည်နယ်စပ်ရှိဟောရတောင်တို့ဖြစ် သည်။
38ထာဝရဘုရား၏အမိန့်တော်အရ ယဇ် ပုရောဟိတ်အာရုန်သည်ဟောရတောင်ပေါ် သို့တက်လေ၏။ ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှ ထွက်လာခဲ့ပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ လဆန်း တစ်ရက်နေ့တွင်အသက်တစ်ရာ့နှစ်ဆယ့် သုံးနှစ်ရှိသောအာရုန်သည် ထိုတောင်ပေါ် တွင်အနိစ္စရောက်လေသည်။
40ထိုအချိန်၌ခါနာန်ပြည်တောင်ပိုင်းတွင် စိုးစံသောအာရဒ်ဘုရင်သည် ဣသရေလ အမျိုးသားတို့ချီတက်လာနေကြောင်း ကြားသိရလေ၏။
41ဟောရတောင်မှမောဘလွင်ပြင်သို့သွား သောခရီးလမ်းတွင် ဣသရေလအမျိုး သားတို့ရပ်နားခဲ့သောစခန်းများနာမည် စာရင်းမှာဇာလမောန၊ ပုနုန်၊ သြဗုတ်၊ မောဘပြည်ထဲရှိဣဇာဗာရိမ်၊ ဒိဗုန်ဂဒ်၊ အာလမုန်ဒိ ဗလသိမ်၊ နေဗောတောင်အနီး ရှိအာဗရိမ်တောင်၊ ဗက်ယေရှိမုတ်နှင့်အာ ကာရှားချိုင့်ဝှမ်းအကြားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင် ပြင်တို့ဖြစ်သည်။
ယော်ဒန်မြစ်ကိုမကူးမီထာဝရဘုရား၏ မိန့်မှာချက်များ
50ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်အနီး ရှိမောဘလွင်ပြင်တွင် ထာဝရဘုရားသည် မောရှေမှတစ်ဆင့်ဣသရေလအမျိုးသား တို့အား၊- 51မိန့်မှာတော်မူသည်ကား``သင်တို့သည်ယော်ဒန် မြစ်ကိုကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သော အခါ၊- 52ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။- 53ငါသည်ထိုပြည်ကိုသင်တို့အားပေးသဖြင့် သင်တို့သည် ထိုပြည်ကိုသိမ်းပိုက်၍အခြေ ချနေထိုင်ကြရမည်။- 54ဣသရေလအနွယ်များနှင့်သားချင်းစု အသီးသီးတို့အား ထိုပြည်ကိုမဲချ၍ခွဲ ဝေပေးရမည်။ သားချင်းစုဦးရေအနည်း အများအလိုက် မြေကိုအချိုးချခွဲဝေ ပေးရမည်။- 55သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ကျန်ရှိနေသောသူတို့သည်ဆူးငြောင့် သဖွယ်ဖြစ်၍သင်တို့ကိုရန်မူကြလိမ့်မည်။- 56သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ငါသည်သူတို့အားပေးမည့်ဒဏ်ကိုသင် တို့အပေါ်သို့ကျရောက်စေမည်'' ဟူ၍ဖြစ် သည်။

¿Sabías que…?
El itinerario por el desierto y las instrucciones finales
- Por mandato de Dios, Moisés registró el itinerario completo de la travesía de Israel, comenzando con la salida de Ramesés en Egipto y concluyendo en su campamento en las llanuras de Moab, junto al Jordán frente a Jericó.Fuentes: el propio texto bíblico · Rameses · Moab
- El itinerario señala la muerte del sacerdote Aarón en la cumbre del monte Hor, en la frontera de Edom, ocurrida el primer día del quinto mes del cuadragésimo año después del Éxodo, cuando tenía 123 años de edad.Fuentes: el propio texto bíblico · Mount Hor · Aaron
- En su último campamento junto al Jordán, se ordenó a Israel destruir todas las imágenes talladas, ídolos de fundición y lugares altos en Canaán, y repartir la tierra entre sus tribus y clanes por sorteo según el tamaño de cada uno.Fuentes: el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Egypt · 30.129, 31.308 · versículos 1, 4, 38
- Wilderness of Sinai · Hoy: about 50 km around Jebel Musa · 28.540, 33.973 · versículos 15, 16
- Mount Shepher · Hoy: within 50 km of Wadi Lussan · 30.507, 34.304 · versículos 23, 24
- Terah · Hoy: within 50 km of Wadi Umm Hashim · 30.641, 34.411 · versículos 27, 28
- Zin · Hoy: Zin Desert · 30.971, 35.325 · versículo 36
- Edom · 30.746, 35.604 · versículo 37
- Canaan · 32.767, 35.333 · versículos 40, 51
- Negeb · 31.245, 34.841 · versículo 40
- Moab · Hoy: Moab 1 · 31.181, 35.701 · versículo 44
- Dibon · Hoy: Tall Dhiban · 31.502, 35.777 · versículos 45, 46
- Abarim · 31.754, 35.715 · versículos 47, 48
- Jericho · Hoy: Tell es Sultan · 31.872, 35.445 · versículos 48, 50
- Jordan · Hoy: Jordan River · 31.761, 35.558 · versículos 48, 49, 50, 51
- Moab · Hoy: Moab 2 · 31.840, 35.674 · versículos 48, 49, 50
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fuente: http://ebible.org/mya/ · eBible.org