Isaías 11
Common Language Bible · Toca un versículo para ver sus referencias cruzadas.
ငြိမ်းချမ်းသာယာသည့်နိုင်ငံတော်
1ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
2သူသည်မိမိပြည်သူတို့အားအုပ်စိုးရန် ဉာဏ်ပညာ၊
အသိပညာနှင့်၊ စွမ်းရည်ကို
ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုး အားဖြင့်ရလိမ့်မည်။
သူသည်ထာဝရဘုရား၏အလိုတော်ကိုသိ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေလိမ့်မည်။
3ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။
သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ်
တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။
4ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍
နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။
သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။
ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
5သူသည်မိမိပြည်သူတို့အားမျှတဖြောင့် မတ်စွာ အုပ်စိုးလိမ့်မည်။
6ဝံပုလွေများသည်သိုးတို့နှင့်အတူ အေးချမ်းစွာ နေကြလိမ့်မည်။
ကျားသစ်များသည်လည်းဆိတ်ငယ်များနှင့် အတူ အိပ်ကြလိမ့်မည်။
နွားသူငယ်များနှင့်ခြင်္သေ့များ၊ အတူတူအစာစားကြလျက်
သူတို့အားကလေးသူငယ်များကထိန်းကျောင်း လိမ့်မည်။
7နွားမများနှင့်ဝက်ဝံမတို့သည်အတူတူ အစာစားကြလိမ့်မည်။
သူတို့၏သားငယ်များသည်လည်း အတူတူအေးချမ်းစွာနေကြလိမ့်မည်။
ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက်ကို စားလိမ့်မည်။
8အကယ်၍နို့စို့ကလေးသည်မြွေဆိုးတွင်းဝ၌ပင် ကစားစေကာမူ
ဘေးအန္တရာယ်ရောက်ရလိမ့်မည်မဟုတ်။
9ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌
ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ်
ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။
ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊
ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
ပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြခြင်း
10ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။- 11ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။- 12မိမိသည်ကွဲလွင့်လျက်နေသောဣသရေလ ကိုလည်းကောင်း၊ ပြန့်ကျဲနေသောယုဒလူမျိုး တို့အား ကမ္ဘာမြေပြင်အရပ်လေးမျက်နှာမှ ပြန်လည်စုသိမ်းလျက်နေတော်မူကြောင်း ကိုလည်းကောင်း ဖော်ပြရန်ထာဝရဘုရား သည်အချက်ပြအလံတော်ကိုလွှင့်ထူ တော်မူလိမ့်မည်။- 13ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။- 14ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။- 15ထာဝရဘုရားသည်လေပူကိုတိုက်စေ၍ စူးအက်ပင်လယ်ကွေ့နှင့်ဥဖရတ်မြစ်တို့ကို ခန်းခြောက်စေတော်မူပြီးလျှင် မည်သူမဆို လမ်းလျှောက်ကျော်ဖြတ်နိုင်သည့်ချောင်းငယ် ကလေးခုနစ်ခုသာလျှင် ကျန်ရှိစေတော် မူလိမ့်မည်။- 16အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာစဉ်အခါကကဲ့သို့ပင် အာရှုရိ ပြည်တွင်ကျန်ရှိနေသေးသူကိုယ်တော်၏လူ မျိုးတော်ထွက်ခွာရန်အတွက်လမ်းမကြီး တသွယ်ကိုဖြစ်ပေါ်စေတော်မူလိမ့်မည်။

¿Sabías que…?
El Reino de Paz y el Remanente Restaurado
- Isaí de Belén fue el padre del rey David. Al describir al gobernante venidero como un retoño del tronco de Isaí y como la raíz de Isaí, la profecía señala la renovación de la dinastía davídica, aun después de que la casa real pareciera talada.Fuentes: Jesse · el propio texto bíblico
- Los lugares enumerados para la reunión del remanente reflejan la geografía del antiguo Oriente Próximo: Patros designa el Alto Egipto, Sinar es un nombre antiguo para Babilonia en el sur de Mesopotamia, y Elam era un territorio montañoso situado al este de Babilonia.Fuentes: Pathros · Shinar · Elam · el propio texto bíblico
- Efraín, llamado así por el segundo hijo de José, solía representar en los textos proféticos al reino del norte de Israel. Isaías prevé un tiempo de reconciliación duradera que pondría fin a la antigua rivalidad y discordia entre las tribus del norte y Judá.Fuentes: Ephraim · el propio texto bíblico
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Assyria · 36.359, 43.153 · versículos 11, 16
- Cush · Hoy: Cush 1 · 16.935, 33.751 · versículo 11
- Egypt · 30.129, 31.308 · versículos 11, 16
- Elam · 32.189, 48.258 · versículo 11
- Great Sea · Hoy: Mediterranean Sea · 31.805, 34.170 · versículo 11
- Hamath · Hoy: Hama · 35.136, 36.750 · versículo 11
- Pathros · Hoy: Upper Egypt · 24.100, 32.700 · versículo 11
- Shinar · Hoy: Babylonia · 32.543, 44.422 · versículo 11
- Ammon · 31.955, 35.934 · versículo 14
- East · Hoy: region around Amman · 31.955, 35.934 · versículo 14
- Edom · 30.746, 35.604 · versículo 14
- Moab · Hoy: Moab 1 · 31.181, 35.701 · versículo 14
- Philistia · 31.664, 34.546 · versículo 14
- Euphrates · Hoy: Euphrates River · 31.004, 47.442 · versículo 15
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fuente: http://ebible.org/mya/ · eBible.org