Nations Bible

Hebreos 3

Common Language Bible · Toca un versículo para ver sus referencias cruzadas.

မော​ရှေ​ထက်​သ​ခင်​ယေ​ရှု​ကြီး​မြတ်​တော်​မူ​ခြင်း

1ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော်​မူ​ခြင်း ကို ခံ​ရ​သော​သန့်​ရှင်း​သူ​ညီ​အစ်​ကို​တို့၊ သ​ခင် ယေ​ရှု​အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ လော့။ ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​ဆိုင်​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​တော်​မူ​စေ​ရန် ကိုယ် တော်​အား​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။- 2မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​၌​မိ​မိ ထမ်း​ဆောင်​ရ​မည့်​အ​လုပ်​တွင် သစ္စာ​စောင့်​သ​ကဲ့ သို့​သ​ခင်​ယေ​ရှု​သည်​လည်း​မိ​မိ​အား ဤ​အ​လုပ် တာ​ဝန်​ကို​ပေး​အပ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား​သစ္စာ​စောင့်​တော်​မူ​၏။- 3အိမ်​တစ်​ဆောင်​ကို​တည်​ဆောက်​သူ​သည် အိမ်​ထက် ပို​၍​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို​ခံ​ထိုက်​သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​သည်​လည်း မော​ရှေ​ထက်​ပို​၍​ချီး မြှင့်​ခြင်း​ကို​ခံ​ထိုက်​ပေ​သည်။- 4အိမ်​မည်​သည်​ကား​တည်​ဆောက်​သူ​တစ်​ဦး​ရှိ မြဲ​ပင်​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​တည်​ဆောက် သူ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။- 5မော​ရှေ​သည်​အ​စေ​ခံ​အ​နေ​ဖြင့်​ဘု​ရား သ​ခင်​၏​အိမ်​တော်​တွင်​သစ္စာ​စောင့်​လျက် အ​နာ ဂတ်​ကာ​လ​၌​ကိုယ်​တော်​မိန့်​ကြား​တော်​မူ မည့်​အ​ရာ​များ​ကို​ပြော​ကြား​ပေ​သည်။- 6ခ​ရစ်​တော်​မူ​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော် ကို​အ​စိုး​ရ​သော​သား​တော်​အ​နေ​ဖြင့် သစ္စာ စောင့်​တော်​မူ​သ​တည်း။ ငါ​တို့​သည်​ရဲ​စွမ်း သတ္တိ​ရှိ​၍​မိ​မိ​တို့​မျှော်​လင့်​သည့်​အ​ရာ​ကို ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ပါ​လျှင်​ငါ​တို့​သည် ကိုယ်​တော်​၏​အိမ်​တော်​ဖြစ်​ကြ​၏။

ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အ​တွက် ငြိမ်​ဝပ်​ရာ​ချမ်း​သာ

7သို့​ဖြစ်​၍​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။

``ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ယ​နေ့​ကြား လျှင်

8ခေါင်း​မ​မာ​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​သည် ကိုယ်​တော်​အား​ပုန်​ကန်​၍

တော​ကန္တာ​ရ​တွင်​ကိုယ်​တော်​ကို​အ​ကဲ​စမ်း​ကြ​၏။

သူ​တို့​ခေါင်း​မာ​ကြ​သ​ကဲ့​သို့​သင်​တို့​ခေါင်း မ​မာ​ကြ​နှင့်။

9သင်​တို့​ဘိုး​ဘေး​များ​သည်​အ​နှစ်​လေး​ဆယ်​တိုင် တိုင်

ငါ​ပြု​တော်​မူ​သော​အ​မှု​ကို​တွေ့​မြင်​ခဲ့​သော်​လည်း ငါ့​ကို​ဆန့်​ကျင်​၍​အ​ကဲ​စမ်း​ကြ​၏။

10သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက် သြဖင့် `သူ​တို့​သည်​အ​စဉ်​သစ္စာ​ဖောက်​ကြ​၏။

ငါ​၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ' ဟု ငါ​ဆို​၏။

11ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်`သူ​တို့​သည် အ​ဘယ်​အ​ခါ​၌​မျှ

ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ခံ​စား​ရန်၊ြုပည်​တော်​သို့ ဝင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်'

ဟု​ငါ​ကျိန်​ဆို​ခဲ့​၏။''

12ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။- 13သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​၏​လှည့်​စား​မှု​ကို ခံ​ရ​ကာ​ခေါင်း​မ​မာ​ကြ​စေ​ရန် ကျမ်း​စာ​တွင် ဖော်​ပြ​သည့်`ယ​နေ့' ဟူ​သော​စ​ကား​ရပ်​သည် ငါ​တို့​နှင့်​ဆိုင်​သ​မျှ​ကာ​လ​ပတ်​လုံး​နေ့​စဉ် နေ့​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​ကူ​ညီ​မ​စ​ရ​မည်။- 14ငါ​တို့​သည်​အ​စ​က​ကဲ့​သို့​အ​ဆုံး​တိုင်​အောင် ခိုင်​မြဲ​စွာ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​နှင့်​အ​တူ​တွဲ​ဖက်​လုပ်​ဆောင်​သူ များ​ဖြစ်​ကြ​၏။

15ကျမ်း​စာ​တော်​က၊

``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင်

ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များ

ပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်''

ဟု​ဖော်​ပြ​ပေ​သည်။- 16ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ကြား​ကြ​ပြီး မှ ကိုယ်​တော်​ကို​ပုန်​ကန်​ကြ​သူ​များ​ကား​အ​ဘယ် သူ​တို့​နည်း။ ထို​သူ​တို့​ကား​အီ​ဂျစ်​ပြည်​မှ မော​ရှေ ထုတ်​ဆောင်​လာ​သော​သူ​အ​ပေါင်း​တို့​ဖြစ်​ပေ သည်။- 17နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင် ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​ရှ​ခြင်း​ကို​ခံ​ရ​သူ​တို့​ကား အ​ဘယ်​သူ​များ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ပြု သ​ဖြင့် တော​ကန္တာ​ရ​တွင်​လဲ​၍​သေ​ဆုံး​သူ များ​ဖြစ်​၏။- 18``သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန် ပြည်​တော်​သို့​ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ ငါ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​ဘယ်​သူ​တို့ ကို​ရည်​ညွှန်း​၍​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ပါ​သ​နည်း။ ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​သူ​များ​ကို​ရည်​ညွှန်း​ခြင်း​ပင် မ​ဟုတ်​လော။- 19သို့​ဖြစ်​၍​သူ​တို့​သည်​မ​ယုံ​ကြည်​သော ကြောင့် ပြည်​တော်​သို့​မ​ဝင်​နိုင်​သည်​ကို​ငါ တို့​သိ​ကြ​၏။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

Mayor gloria que Moisés

  • Hebreos pide a sus lectores que fijen la atención en Jesús, el apóstol y sumo sacerdote que confiesan. Fue fiel a quien lo designó, así como Moisés fue fiel en toda la casa de Dios, pero Jesús es considerado digno de mayor gloria que Moisés, como el constructor de una casa tiene más honra que la casa misma. Moisés fue fiel como siervo; Cristo es fiel como Hijo sobre la casa de Dios.Fuentes: el propio texto bíblico
  • La advertencia se vuelve hacia el pueblo que Moisés sacó de Egipto. Durante cuarenta años en el desierto pusieron a Dios a prueba; Dios estuvo enojado con aquella generación y juró que nunca entrarían en su descanso, y sus cuerpos cayeron en el desierto. El capítulo dice que la incredulidad les impidió entrar.Fuentes: el propio texto bíblico
  • Egipto, la tierra que dejaron con Moisés, es la tierra del Nilo y de las pirámides. El diccionario bíblico de Easton (1897) explica el nombre Moisés como sacado, o lo vincula con la palabra egipcia mesu, que significa hijo.Fuentes: el propio texto bíblico · Egypt · Moses

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Egypt · 30.129, 31.308 · versículo 16

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fuente: http://ebible.org/mya/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.