Nations Bible

Gálatas 4

Common Language Bible · Toca un versículo para ver sus referencias cruzadas.

1ဆက်​လက်​၍​ဖော်​ပြ​ပါ​မည်။ လူ​တစ်​ဦး​တစ်​ယောက် ၏​သား​သည်​အ​ဖ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​အ​မွေ ခံ​ထိုက်​သ​ဖြင့် အ​မှန်​ပင်​ပိုင်​ဆိုင်​သူ​ဖြစ်​သော်​လည်း အ​ရွယ်​မ​ရောက်​မီ​ကာ​လ​အ​တွင်း​၌​ကျွန်​တစ် ယောက်​ကဲ့​သို့​နေ​ရ​၏။- 2သူ​သည်​ဖ​ခင်​သတ်​မှတ်​ပေး​သည့်​အ​ချိန်​ကာ​လ​မ ရောက်​မီ အုပ်​ထိန်း​သူ​များ​နှင့်​မိ​မိ​၏​အ​မှု​ကိစ္စ အ​ဝ​ဝ​ကို​စီ​မံ​အုပ်​ချုပ်​သူ​များ​၏​လက်​အောက် တွင်​နေ​ရ​၏။- 3ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။- 4သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။

6သင်​တို့​သည်​ကိုယ်​တော်​၏​သား​များ​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်``အဗ္ဗ၊ အ​ဘ'' ဟု​ကြွေး​ကြော်​သော သား​တော်​၏​ဝိ​ညာဉ်​တော်​ကို​ငါ​တို့​စိတ်​နှ​လုံး ထဲ​သို့​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။- 7သို့​ဖြစ်​၍​သင်​သည်​ကျွန်​မ​ဟုတ်​တော့​ဘဲ​သား ဖြစ်​လေ​ပြီ။ သား​ဖြစ်​သ​ဖြင့်​သား​များ​ခံ​စား ထိုက်​သည်​များ​ကို​ဘု​ရား​သ​ခင်​သည်​သင့် အား​ပေး​တော်​မူ​လတ္တံ့။

ဂ​လာ​တိ​အ​သင်း​တော်​ဝင်​တို့​အ​တွက်​ပေါ​လု စိုး​ရိမ်​ကြောင့်​ကြ​ခြင်း

8အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို မ​သိ​ကြ​သ​ဖြင့် မ​စစ်​မ​မှန်​သော​ဘု​ရား​တို့​၏ ကျွန်​ဖြစ်​ခဲ့​ကြ​၏။- 9ယ​ခု​မှာ​မူ​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ရှိ လာ​ကြ​လေ​ပြီ။ သင်​တို့​အား​ဘု​ရား​သ​ခင်​သိ​ရှိ တော်​မူ​လေ​ပြီ​ဟု​ငါ​ဆို​သင့်​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​အား​နည်း​၍​သ​နား​စ​ရာ​ကောင်း​သည့်​ဝိ​ညာဉ် များ​ထံ​သို့​အ​ဘယ်​ကြောင့်​ပြန်​လည်​သွား​လို​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​၏​ကျွန်​ပြန်​၍ ဖြစ်​လို​ကြ​သ​နည်း။- 10သင်​တို့​သည်​အ​ချို့​သော​နေ့၊ လ၊ ရာ​သီ​နှင့်​နှစ်​များ ကို​အ​ထူး​ဂ​ရု​စိုက်​အ​ရေး​ပေး​နေ​ကြ​သည်။- 11ငါ​သည်​သင်​တို့​အ​တွက်​စိုး​ရိမ်​မိ​၏။ သင်​တို့ အ​တွက် ငါ​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​ရာ​တို့ သည်​အ​ချည်း​နှီး​ဖြစ်​ရ​လေ​တော့​မည်​လော။

12ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​ကဲ့​သို့​ဖြစ်​ကြ​ရန် ငါ​တောင်း​ပန်​၏။ ငါ​သည်​သင်​တို့​ကဲ့​သို့​ပင်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား ခဲ့​ကြ။- 13ပ​ထ​မ​ဆုံး​အ​ကြိမ်​သင်​တို့​အား​သ​တင်း ကောင်း​ကို​ငါ​ဟော​ပြော​ကြေ​ညာ​ရ​ခြင်း​မှာ ငါ​၏​ကျန်း​မာ​ရေး​ချို့​တဲ့​မှု​ကြောင့်​ဖြစ် ကြောင်း​သင်​တို့​သိ​ကြ​၏။- 14ငါ​၏​ကျန်း​မာ​ရေး​အ​ခြေ​အ​နေ​ကြောင့်​သင်​တို့ အ​တွက်​အ​နှောင့်​အ​ယှက်​ဖြစ်​သော်​လည်း သင်​တို့ သည်​ငါ့​ကို​အ​ထင်​အ​မြင်​မ​သေး​ကြ။ မ​ပစ် ပယ်​ကြ။ ငါ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ဖြစ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ် တော်​ယေ​ရှု​အား​ကြို​ဆို​သ​ကဲ့​သို့​လည်း​ကောင်း သင်​တို့​က​ငါ့​အား​ကြို​ဆို​လက်​ခံ​ကြ​၏။- 15ထို​အ​ခါ​က​သင်​တို့​အ​လွန်​ပျော်​ကြ​ပါ​သည် တ​ကား။ ယ​ခု​အ​ဘယ်​သို့​ဖြစ်​ကြ​လေ​ပြီ​နည်း။ ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ဖြစ်​နိုင်​ပါ​မူ မိ​မိ တို့​၏​မျက်​စိ​များ​ကို​ပင်​လျှင်​ထုတ်​၍​ငါ့​အား ပေး​လှူ​လို​သည်​ဟု​ငါ​သက်​သေ​ခံ​၏။- 16ယ​ခု​ငါ​သည်​သင်​တို့​အား​မှန်​ရာ​ကို​ပြော​ဆို သည့်​အ​တွက်​သင်​တို့​၏​ရန်​သူ​ဖြစ်​လေ​ပြီ​လော။

17ငါ့​ကို​အ​တိုက်​အ​ခံ​ပြု​သူ​များ​သည်​သင်​တို့ အ​ပေါ်​တွင်​များ​စွာ​စိတ်​ဝင်​စား​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ရိုး​သား​သော​ရည်​ရွယ်​ချက်​ဖြင့် မ​ဟုတ်။ သင်​တို့​၏​တုံ့​ပြန်​စိတ်​ဝင်​စား​မှု​ကို ခံ​ယူ​ရ​ရှိ​နိုင်​ရန်​သင်​တို့​အား​ငါ​နှင့်​အ​ဆက် ဖြတ်​စေ​လို​သော​ကြောင့်​ဖြစ်​သည်။- 18ရိုး​သား​သည့်​ရည်​ရွယ်​ချက်​ဖြင့်​စိတ်​ဝင်​စား​လျှင် ကောင်း​၏။ ထို​သို့​သော​စိတ်​ဝင်​စား​မှု​သည်​သင်​တို့ နှင့်​အ​တူ​ငါ​ရှိ​နေ​ချိန်​အ​တွင်း​သာ​မ​က​အ​စဉ် ရှိ​အပ်​၏။- 19ငါ​ချစ်​သော​သား​သ​မီး​တို့၊ ခ​ရစ်​တော်​၏​စိတ် နေ​သ​ဘော​ထား​မျိုး​ကို​သင်​တို့​မ​ရ​မ​ချင်း ငါ​သည်​သား​ဖွား​သည့်​မိ​ခင်​ကဲ့​သို့​တစ်​ဖန် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​၏။- 20သင်​တို့​အား​ငါ​ဆုံး​မ​သံ​ပြောင်း​စေ​ရန်​ငါ​သည် ယ​ခု​ပင်​လျှင် သင်​တို့​နှင့်​အ​တူ​ရှိ​ချင်​ပါ​ဘိ။ ငါ သည်​သင်​တို့​အ​တွက်​အ​လွန်​စိုး​ရိမ်​ပူ​ပန်​လျက် ရှိ​၏။

ဟာ​ဂ​ရ​နှင့်​စာ​ရာ​တို့​၏​ဥ​ပ​မာ

21ပ​ညတ်​တ​ရား​၏​လက်​အောက်​တွင်​နေ​လို​သူ​တို့၊ သင်​တို့​သည်​ပ​ညတ်​ကျမ်း​၏​မိန့်​ဆို​ချက်​ကို​မ ကြား​ကြ​သ​လော။- 22ထို​ကျမ်း​က​အာ​ဗြ​ဟံ​တွင်​သား​နှစ်​ယောက်​ရှိ ကြောင်း၊ တစ်​ယောက်​သည်​ကျွန်​မ​နှင့်​ရ​သော​သား ဖြစ်​၍​အ​ခြား​တစ်​ယောက်​မှာ​လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​ဖြစ်​ကြောင်း​ဖော်​ပြ​ပေ​သည်။- 23ကျွန်​မ​နှင့်​ရ​သော​သား​သည်​သာ​မန်​သ​ဘာ​ဝ အ​တိုင်း​မွေး​ဖွား​လာ​သူ​ဖြစ်​၏။ လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​မူ​ကား​ဘု​ရား​သ​ခင် ၏​က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​သူ​တည်း။- 24ဤ​အ​ဖြစ်​အ​ပျက်​သည်​ပုံ​ဆောင်​ချက်​ဖြစ်​၏။ အ​မျိုး​သ​မီး​နှစ်​ယောက်​သည်​ပ​ဋိ​ညာဉ်​တော် နှစ်​ပါး​ကို​ဆို​လို​၏။ အ​မျိုး​သ​မီး​တစ်​ယောက် သည်​ဟာ​ဂ​ရ​ဖြစ်​၍​မွေး​ဖွား​သော​သား​သ​မီး များ​သည်​ကျွန်​ဖြစ်​ကြ​၏။ ဟာ​ဂ​ရ​သည်​သိ​နာ တောင်​တွင်​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​သ​ရုပ် ဆောင်​သ​တည်း။- 25ဟာ​ဂ​ရ​သည်​အာ​ရေ​ဗျ​ပြည်​တွင်​ရှိ​သော​သိ​န တောင်​ကို​ကိုယ်​စား​ပြု​၏။ သူ​သည်​ယ​ခု​ကျွန်​ခံ နေ​ရ​သော​ယေ​ရု​ရှ​လင်​နှင့်​မြို့​သူ​မြို့​သား​များ ကို​သ​ရုပ်​ဆောင်​၏။- 26သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ဆိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​ကား လွတ်​လပ်​သော​မြို့​ဖြစ်​၍​ငါ​တို့​၏​မိ​ခင် ဖြစ်​၏။- 27အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က၊

``အ​ချင်း​မိန်း​မ​မြုံ၊

သင်​သည်​ကိုယ်​ဝန်​မ​ဆောင်​ဘူး​သော်​လည်း ရွှင်​လန်း​ဝမ်း​မြောက်​လော့။

သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​မ​ခံ​ဘူး​သော်​လည်း ကြွေး​ကြော်​အော်​ဟစ်​လော့။

လင်​ယောကျာ်း​စွန့်​ပစ်​၍​ထား​သော​မိန်း​မ​သည်

လင်​ရှိ​သော​မိန်း​မ​ထက်​ပင်​ပို​၍​သား​သ​မီး များ​ကို ရ​ရှိ​လိမ့်​မည်''

ဟု​ဖော်​ပြ​သော​ကြောင့်​ဖြစ်​၏။

28ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဣ​ဇာက်​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ရ​ဖွား​မြင် သော​သား​သ​မီး​များ​ဖြစ်​ကြ​၏။- 29ထို​စဉ်​အ​ခါ​က​သာ​မန်​သ​ဘာ​ဝ​အား​ဖြင့် မွေး​ဖွား​သော​သား​သည် ဝိ​ညာဉ်​အား​ဖြင့်​မွေး ဖွား​သော​သား​အား​ညှဉ်း​ဆဲ​နှိပ်​စက်​ခဲ့​၏။ ယခု အ​ခါ​၌​လည်း​ထို​နည်း​တူ​ပင်​ဖြစ်​၏။- 30သို့​ရာ​တွင်​ကျမ်း​စာ​တော်​က​အ​ဘယ်​သို့​ဖော်​ပြ သ​နည်း။ ``ဤ​ကျွန်​မ​နှင့်​သူ​၏​သား​ကို​နှင်​ထုတ် လော့။ ကျွန်​မ​၏​သား​သည်​လွတ်​လပ်​သော​မိန်း​မ ၏​သား​နှင့်​အ​တူ​အ​မွေ​စား​အ​မွေ​ခံ​မ​ဖြစ် ရ'' ဟု​ဖော်​ပြ​သည်။- 31သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​ကား​ကျွန်​မ ၏​သား​များ​မ​ဟုတ်။ လွတ်​လပ်​သော​မိန်း​မ​၏ သား​များ​ဖြစ်​သ​တည်း။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

Ya no esclavos, sino hijos

  • Este capítulo dice que Abraham tuvo dos hijos, uno de la esclava y otro de la mujer libre, y que las dos mujeres representan dos pactos. Agar, la esclava, era egipcia, sierva de Sara, dada a Abraham como segunda esposa; su hijo fue Ismael. Isaac, único hijo de Abraham con Sara, es el hijo de la promesa con el que el capítulo compara a sus lectores.Fuentes: el propio texto bíblico · Hagar · Isaac
  • El capítulo identifica a Agar con el monte Sinaí, en Arabia, montaña también llamada Horeb. El Diccionario Bíblico de Easton (1897) describe esa región montañosa como el lugar al que los hebreos llegaron en el tercer mes después del Éxodo, donde acamparon cerca de un año, y sitúa la península del Sinaí en Arabia Occidental.Fuentes: el propio texto bíblico · Mount Sinai · Arabia
  • El capítulo contrasta la Jerusalén de su propio tiempo, de la que dice que está esclavizada con sus hijos, con la Jerusalén de arriba, a la que llama libre. El Diccionario Bíblico de Easton (1897) la llama ciudad santa y ciudad de Dios, y dice que su nombre, de forma dual, significa posesión de paz o fundación de paz, refiriéndose probablemente a los montes Sión y Moriah o, como algunos suponen, a la ciudad alta y la ciudad baja.Fuentes: el propio texto bíblico · Jerusalem

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Arabia · Hoy: Arabia Petraea · 30.070, 35.350 · versículo 25
  • Jerusalem · 31.777, 35.234 · versículos 25, 26

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fuente: http://ebible.org/mya/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.