2 Samuel 23
Common Language Bible · Toca un versículo para ver sus referencias cruzadas.
ဒါဝိဒ်၏နောက်ဆုံးမိန့်မြွက်သည့်စကား
1ဘုရားသခင်ချီးမြှင့်တော်မူခြင်းကိုခံရသော ဘုရင်အဖြစ်ဖြင့် ယာကုပ်၏ဘုရားဘိသိက်ပေး တော်မူသောဣသရေလနိုင်ငံတွင် သာယာစွာ သီချင်းဖွဲ့ဆိုသောယေရှဲ၏သားဒါဝိဒ်၏နောက် ဆုံးမိန့်မြွက်သည့်စကားကားအောက်ပါအတိုင်း ဖြစ်သည်။
2ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။
နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
3ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင်
ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။
``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊
4မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက်
အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
5ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည်
မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။
သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။
ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
6သို့ရာတွင်ဘုရားမဲ့သူတို့မူကားဖယ် ရှားခြင်းကို ခံရသည့်ဆူးပင်များနှင့်တူကြ၏။
ထိုဆူးပင်တို့ကိုအဘယ်သူမျှလက်နှင့် မကိုင်မတွယ်နိုင်။
7ယင်းတို့ကိုကိုင်တွယ်ရန်သံတန်ဆာသို့မဟုတ် လှံတံကိုအသုံးပြုရ၏။
ထိုဆူးပင်တို့သည်မီးရှို့၍လုံးဝဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
ဒါဝိဒ်၏နာမည်ကျော်သူရဲကောင်းများ
8ဒါဝိဒ်၏သူရဲကောင်းတို့၏နာမည်များကို ဖော်ပြအံ့။ ပထမသူရဲကောင်းမှာဟပေါနိ မြို့သား၊ သူရဲကောင်းသုံးဦးတို့၏ခေါင်းဆောင် ယာရှောဘံဘက်ရှိဗက်ဖြစ်သည်။ သူသည်တိုက် ပွဲတစ်ခုတည်း၌လူရှစ်ရာကိုမိမိ၏လှံဖြင့် ထိုးသတ်ခဲ့သူဖြစ်၏။
9သူရဲကောင်းသုံးဦးတို့အနက်ဒုတိယသူရဲ ကောင်းမှာအာဟော၏သားချင်းစုဝင်ဒေါဒေါ ၏သား၊ ဧလာဇာဖြစ်၏။ အခါတစ်ပါးက ဧလာဇာသည်စစ်ဆင်ရန်စုရုံးလျက်ရှိသော ဖိလိတ္တိအမျိုးသားတို့အားဒါဝိဒ်နှင့်တကွ စိန်ခေါ်ခဲ့၏။ ဣသရေလအမျိုးသားတို့ ဆုတ်ခွာကြသော်လည်း၊- 10သူသည်မဆုတ်ခွာဘဲလက်အံသေ၍ဋ္ဌား ကိုလက်နှင့်ခွာမရသည့်တိုင်အောင် ဖိလိတ္တိ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။ ထို နေ့၌ထာဝရဘုရားသည်အောင်ပွဲကြီး ကိုခံစေတော်မူသဖြင့်တိုက်ပွဲပြီးဆုံး သွားသောအခါဣသရေလအမျိုးသား တို့သည်ကျဆုံးသည့်သူများထံမှလက် နက်တန်ဆာများကိုသိမ်းယူရန်ဧလာ ဇာရှိရာသို့လာရောက်ကြ၏။
11တတိယသူရဲကောင်းမှာအာဂိ၏သား၊ ဟရရိမြို့သားရှမ္မဖြစ်၏။ ဖိလိတ္တိအမျိုး သားတို့သည်ပဲခင်းရှိသောလေဟိအရပ် တွင်စုရုံးလျက်နေကြ၏။ ဣသရေလ အမျိုးသားတို့သည်ဖိလိတ္တိအမျိုးသား တို့ထံမှထွက်ပြေးကြသော်လည်း၊- 12ရှမ္မသည်ပဲခင်းမှမဆုတ်ခွာဘဲခုခံကာ ကွယ်ကာဖိလိတ္တိအမျိုးသားတို့ကိုသတ် ဖြတ်သဖြင့် ထိုနေ့၌ထာဝရဘုရားသည် အောင်ပွဲကြီးကိုခံစေတော်မူ၏။
13ကောက်ရိတ်ချိန်နီးသောအခါရဲဘော်သုံး ကျိပ်ဝင်သူရဲကောင်းသုံးယောက်တို့သည် ဒါဝိဒ်ရှိရာအဒုလံဥမင်သို့ဆင်းသွား ကြ၏။ ထိုအချိန်၌ဖိလိတ္တိအမျိုးသား တစ်စုသည်ရေဖိမ်ချိုင့်ဝှမ်း၌တပ်စခန်း ချလျက်ရှိနေကြ၏။- 14ထိုအခါကဒါဝိဒ်သည်တောင်ပေါ်ခံတပ် ထဲတွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စု ကဗက်လင်မြို့ကိုသိမ်းယူထားကြ၏။- 15ဒါဝိဒ်က``ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကိုငါသောက်ချင်ပါဘိ'' ဟုတောင့်တပြောဆိုမိရာ၊- 16နာမည်ကျော်ရဲဘော်သုံးယောက်တို့သည် ဖိလိတ္တိတပ်စခန်းကိုထိုးဖောက်ပြီးနောက် ရေတွင်းမှရေကိုခပ်ယူ၍ဒါဝိဒ်ထံသို့ ယူဆောင်ခဲ့ကြ၏။ သို့ရာတွင်မင်းကြီးသည် ထိုရေကိုသောက်တော်မမူဘဲထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့်သွန်း လောင်းလျက်၊- 17``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အဘယ် နည်းနှင့်မျှဤရေကိုမသောက်နိုင်ပါ။ အသက် စွန့်၍ရေခပ်ကြသူတို့၏သွေးကိုသောက် သည်နှင့်တူပါလိမ့်မည်'' ဟုလျှောက်၏။
ဤကားနာမည်ကျော်သူရဲကောင်းသုံးဦး တို့၏စွန့်စားခန်းများပင်တည်း။
18ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်ခဲ့သ ဖြင့်ရဲဘော်သုံးကျိပ်တွင်နာမည်ကြီးလာ ၏။- 19သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
20ကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။- 21သူသည်လှံကိုကိုင်ဆောင်ထားသူအလွန် ကြီးမားသောအီဂျစ်အမျိုးသားတစ် ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယသည် ထိုသူကိုတင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ ၏လက်မှလှံကိုလုယူလိုက်၏။ ထိုနောက် ထိုလှံဖြင့်ပင်သူ့အားသတ်လိုက်၏။- 22ဤသည်တို့ကားရဲဘော်သုံးကျိပ်ဝင်ဗေ နာယ၏စွန့်စားခန်းများပင်ဖြစ်၏။- 23သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်သည်သူ့ အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့်ခန့် ထားတော်မူ၏။
24ရဲဘော်သုံးကျိပ်ဝင်အခြားသူရဲကောင်း များကိုဖော်ပြအံ့။
ယွာဘ၏ညီအာသဟေလ၊
ဗက်လင်မြို့နေဒေါဒေါ၏သားဧလဟာနန်၊
ဟရောဒိမြို့သား၊ ရှမ္မနှင့်ဧလိက၊
ဖာလာတိမြို့သားဟေလက်
တေကောမြို့နေဣကေရှ၏သားဣရ
အနေသောသိမြို့သားအဗျေဇာ၊
ဟုရှသိမြို့သားမေဗုန္နဲ၊
အဟောဟိမြို့သားဇာလမုန်၊
နေတောဖာသိမြို့သားမဟာရဲနှင့်
ဗာနာ၏သားဟေလက်၊
ဗင်္ယာမိန်နယ်ဂိဗာမြို့နေရိဘဲ၏သားအိတ္တဲ၊
ပိရသောနိမြို့သားဗေနာယ၊
ဂါရှအနီးရှိချိုင့်ဝှမ်းနေဟိဒ္ဒဲ၊
အရဗမြို့သားအဗျာလဗုန်၊
ဗာဟုမိမြို့သားအာဇမာဝက်၊
ရှာလဗောနိမြို့သားဧလျာဘ၊
ယာရှင်၏သားများ၊
ယောနသန်၊
ဟာရာရိမြို့သားရှမ္မ၊
အာရာမြို့နေရှာရ၏သားအဟိအံ၊
မာခါသိမြို့နေအဟသဘဲ၏သားဧလိဖ၊
ဂိလောမြို့နေအဟိသောဖေလ၏သား ဧလျံ၊
ကရမေလမြို့သားဟေဇရဲ၊
အာရပ်မြို့သားဖာရဲ၊
ဇောဘမြို့နေနာသန်၏သားဣဂါလ၊
ဂဒ်နယ်၏သားဗာနိ၊
အမ္မုန်အမျိုးသားဇေလက်၊
ဇေရုယာ၏သားယွာဘ၏လက်နက်ကိုင်
ဗေရောသိမြို့သားနဟာရဲ၊
ဣသရိမြို့သားဣရနှင့်ဂါရက်၊
ဟိတ္တိအမျိုးသားဥရိယ၊
စသည်ဖြင့်နာမည်ကျော်သူရဲကောင်းစုစု ပေါင်းသုံးကျိပ်ခုနစ်ယောက်ရှိသတည်း။
¿Sabías que…?
Las últimas palabras y los valientes de David
- El oráculo poético de David describe al gobernante ideal como alguien que ejerce el poder con justicia y temor de Dios, comparando ese liderazgo con la luz clara de un amanecer sin nubes y la frescura de la lluvia sobre la hierba.Fuentes: el propio texto bíblico
- Mientras David se refugiaba en la cueva de Adulam y los filisteos acampaban en el valle de Refaim y Belén, tres guerreros rompieron el cerco enemigo para sacar agua del pozo junto a la puerta de Belén. Conmovido por su lealtad, David no quiso beberla y la derramó como libación ante el Señor, considerándola la sangre de hombres que habían arriesgado sus vidas.Fuentes: el propio texto bíblico · Adullam · Bethlehem · Valley of Rephaim
- Entre los guerreros de élite mencionados figuraba Benaía hijo de Joiada, oriundo de Cabseel, recordado por abatir a dos héroes de Moab, matar a un león en un foso en un día de nieve y desarmar a un gigante egipcio para matarlo con su propia lanza.Fuentes: el propio texto bíblico · Benaiah · Kabzeel
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Valley of Rephaim · 31.763, 35.219 · versículo 13
- Bethlehem · 31.704, 35.208 · versículos 14, 15, 16, 24
- Moab · Hoy: Moab 1 · 31.181, 35.701 · versículo 20
- Tekoa · Hoy: Khirbet Teku’a · 31.632, 35.210 · versículo 26
- Arabah · 30.417, 35.151 · versículo 31
- Maacah · 33.258, 35.581 · versículo 34
- Zobah · 33.935, 36.151 · versículo 36
- Ammon · 31.955, 35.934 · versículo 37
- Jattir · Hoy: Khirbet Attir · 31.352, 35.016 · versículo 38
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fuente: http://ebible.org/mya/ · eBible.org