1 Samuel 31
Common Language Bible · Toca un versículo para ver sus referencias cruzadas.
ရှောလုနှင့်သားတော်များကွယ်လွန်ခြင်း
1ဂိလဗောတောင်ပေါ်တွင်ဖိလိတ္တိအမျိုးသား တို့နှင့် ဣသရေလအမျိုးသားတို့တိုက်ပွဲ ဖြစ်ရာ ဣသရေလအမျိုးသားအများ အပြားကျဆုံးကြ၏။ ကျန်သောသူတို့ သည်ထွက်ပြေးကြ၏။- 2ဖိလိတ္တိအမျိုးသားတို့သည်ရှောလု၏သား များဖြစ်ကြသောယောနသန်၊ အဘိနဒပ် နှင့်မေလခိရွှတို့ကို လိုက်၍မီသဖြင့် သတ်ဖြတ်လိုက်ကြ၏။- 3ရှောလု၏ပတ်လည်တွင်တိုက်ပွဲပြင်းထန်သည် ဖြစ်၍ မင်းကြီးကိုယ်တိုင်ပင်မြားမှန်သဖြင့် ပြင်းစွာဒဏ်ရာရလေ၏။- 4မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။- 5ရှောလုသေသွားသည်ကိုမြင်လျှင် လူငယ်သည် မိမိဋ္ဌားပေါ်တွင်လှဲချကာရှောလုနှင့်အတူ သေလေ၏။- 6ဤကားရှောလုသားတော်သုံးပါးနှင့် လူငယ် တို့သေရကြပုံဖြစ်ပေသည်။ ထိုနေ့၌ရှောလု ၏လူအပေါင်းတို့သည်သေဆုံးကြကုန်၏။- 7ယေဇရေလချိုင့်ဝှမ်းတစ်ဘက်၊ ယော်ဒန်မြစ် အရှေ့ဘက်ရှိဣသရေလအမျိုးသားတို့ သည် ဣသရေလတပ်မတော်ထွက်ပြေးပြီ ဖြစ်ကြောင်းကြားသိကြသောအခါ မိမိ တို့မြို့များကိုစွန့်၍ထွက်ပြေးကြကုန်၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည်လာ ရောက်၍ထိုမြို့များတွင်နေထိုင်ကြ၏။
8တိုက်ပွဲဖြစ်ပြီးနောက်တစ်နေ့၌ဖိလိတ္တိ အမျိုးသားတို့သည် လူသေအလောင်းတို့ ထံမှပစ္စည်းတန်ဆာများကိုချွတ်ရန်ရောက် ရှိလာကြရာ ဂိလဗောတောင်ထိပ်တွင်လဲ ၍သေနေသောရှောလုနှင့်သားတော်သုံးပါး ကိုတွေ့ရှိကြ၏။- 9သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ သူ့ ထံမှချွတ်ယူသောလက်နက်တန်ဆာများနှင့် တကွ ဖိလိတ္တိပြည်ရှိမိမိတို့၏နတ်ဘုရား ရုပ်တုများနှင့် မိမိတို့၏အမျိုးသားများ ထံသတင်းကောင်းကိုပြောကြားရန်လူ လွှတ်ပေးပို့ကြလေသည်။- 10ထိုနောက်သူတို့သည်အဆိုပါလက်နက် တန်ဆာများကို အရှတရက်နတ်သမီး ၏ဝတ်ကျောင်းတွင်ထားရှိ၍ရှောလု၏ အလောင်းကိုမူဗက်ရှန်မြို့ရိုးတွင်ဆွဲ ထားကြ၏။
11ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကြသည်ကို ဂိလဒ်ပြည်ယာဗက်မြို့ သားတို့ကြားသိကြသောအခါ၊- 12သူရဲကောင်းအချို့တို့သည် ဗက်ရှန်မြို့ကို တစ်ညလုံးချီတက်သွားကြ၏။ သူတို့သည် ရှောလုနှင့်သားတော်တို့၏အလောင်းများ ကိုမြို့ရိုးမှဖြုတ်ယူပြီးလျှင် ယာဗက်မြို့ သို့သယ်ဆောင်၍မီးသင်္ဂြိုဟ်လိုက်ကြ၏။- 13ထိုနောက်အရိုးတို့ကိုကောက်ယူ၍မြို့ရှိ မန်ကျည်းပင်အောက်တွင်မြှုပ်နှံပြီးနောက် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြ၏။ ဋ္ဌမ္မရာဇဝင်ပထမစောင်ပြီး၏။
¿Sabías que…?
La muerte de Saúl y el rescate en Bet-sán
- En el monte Gilboa, Israel sufrió una aplastante derrota contra los filisteos. Saúl y tres de sus hijos —Jonatán, Abinadab y Malquisúa— murieron en el campo de batalla el mismo día, poniendo fin al reinado del primer rey de Israel.Fuentes: el propio texto bíblico · Saul · Jonathan · Mount Gilboa
- Los filisteos despojaron la armadura de Saúl, la colocaron en el templo de sus ídolos de Astoret, le cortaron la cabeza y colgaron su cuerpo y los de sus hijos en el muro de la ciudad de Bet-sán para proclamar su triunfo.Fuentes: el propio texto bíblico · Beth-shan
- Al enterarse de lo ocurrido con Saúl, hombres valientes de Jabes de Galaad marcharon toda la noche hacia Bet-sán para recuperar los cuerpos. Los llevaron de vuelta cruzando el Jordán hasta Jabes, donde quemaron los restos, enterraron sus huesos bajo un tamarisco y ayunaron siete días.Fuentes: el propio texto bíblico · Jabesh-gilead · Beth-shan
Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.
Lugares de este capítulo
- Mount Gilboa · 32.434, 35.414 · versículos 1, 8
- Jordan · Hoy: Jordan River · 31.761, 35.558 · versículo 7
- Valley of Jezreel · Hoy: Jezreel Valley · 32.596, 35.242 · versículo 7
- Philistia · 31.664, 34.546 · versículo 9
Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos y licencia de esta traducción
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fuente: http://ebible.org/mya/ · eBible.org