Nations Bible

1 Crónicas 24

Common Language Bible · Toca un versículo para ver sus referencias cruzadas.

ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​သတ်​မှတ်​ထား​သည့် အ​လုပ်​တာ​ဝန်

1အာ​ရုန်​၏​သား​မြေး​များ​မှ​ဆင်း​သက်​လာ သော​အုပ်​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။- 2နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​မိ​မိ​တို့​၏​အ​ဖ မ​ကွယ်​လွန်​မီ​သေ​သွား​ကြ​သ​ဖြင့် သူ​တို့​တွင် သား​မြေး​များ​မ​ကျန်​ရစ်။ သို့​ဖြစ်​၍​သူ​တို့ ၏​ညီ​များ​ဖြစ်​သော​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​လာ​ကြ သည်။- 3ဒါ​ဝိဒ်​သည်​အာ​ရုန်​၏​သား​မြေး​တို့​အား​သူ တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​အ​လိုက် အုပ်​စု​များ ခွဲ​၍​ပေး​တော်​မူ​၏။ ဤ​သို့​တာ​ဝန်​ခွဲ​ပေး​ရာ ၌​မင်း​ကြီး​အား​ဧ​လာ​ဇာ​၏​သား​မြေး​ဖြစ်​သူ ဇာ​ဒုတ်​နှင့်​ဣ​သ​မာ​၏​သား​မြေး​ဖြစ်​သူ အ​ဟိ​မ​လက်​တို့​က​ကူ​ညီ​ကြ​၏။- 4ဧ​လာ​ဇာ​၏​သား​မြေး​တို့​ကို​အုပ်​စု​တစ်​ဆယ့် ခြောက်​ခု​ဖွဲ့​၍ ဣ​သ​မာ​၏​သား​မြေး​တို့​ကို​မူ အုပ်​စု​ရှစ်​ခု​ဖွဲ့​၍​ထား​လေ​သည်။ ဤ​သို့​ပြု​ရ ခြင်း​အ​ကြောင်း​မှာ​ဧ​လာ​ဇာ​၏​သား​မြေး တို့​တွင်​အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​ဦး​ရေ ပို​၍​များ​သော​ကြောင့်​ဖြစ်​၏။- 5ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​နှစ်​ဦး​စ​လုံး​၏​သား မြေး​တို့​တွင်​ဗိ​မာန်​တော်​အ​ရာ​ရှိ​များ​နှင့် ဝိ​ညာဉ်​ရေး​ခေါင်း​ဆောင်​များ​ပါ​ရှိ​သ​ဖြင့် တာ​ဝန်​ခွဲ​ခန့်​သတ်​မှတ်​မှု​ကို​မဲ​ချ​၍​ဆောင် ရွက်​ရ​ကြ​လေ​သည်။- 6ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​၏​သား​မြေး​များ သည် အ​လှည့်​ကျ​မဲ​နှိုက်​ရ​ကြ​၏။ ထို့​နောက်​သူ တို့​၏​နာ​မည်​များ​ကို​နာ​သ​နေ​လ​၏​သား၊ လေ​ဝိ​အ​နွယ်​ဝင်​အ​တွင်း​ရေး​မှူး​တစ်​ဦး​ဖြစ် သူ ရှေ​မာ​ရ​က​မှတ်​ပုံ​တင်​ရ​၏။ ယင်း​သို့​မှတ် ပုံ​တင်​ရာ​တွင်​ရှင်​ဘု​ရင်၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​၏​သား​အ​ဟိ မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အိမ်​ထောင်​ဦး​စီး များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။

7မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့် သတ်​မှတ်​ပေး​ခြင်း​ခံ​ကြ​ရ​သော အိမ်​ထောင် အုပ်​စု​နှစ်​ဆယ့်​လေး​စု​တို့​မှာ၊

၁။ ယော​ယာ​ရိပ်၊

၂။ ယေ​ဒါ​ယ၊

၃။ ဟာ​ရိမ်၊

၄။ စော​ရိမ်၊

၅။ မာ​လ​ခိ​ယ၊

၆။ မိ​ယ​မိန်၊

၇။ ဟက္ကုတ်၊

၈။ အ​ဘိ​ယ၊

၉။ ယေ​ရွှာ၊

၁၀။ ရှေ​က​နိ၊

၁၁။ ဧ​လျာ​ရှိပ်၊

၁၂။ ယာ​ကိမ်၊

၁၃။ ဟုပ္ပ၊

၁၄။ ယေ​ရှေ​ဗပ်၊

၁၅။ ဗိ​လ​ဂ၊

၁၆။ ဣ​မ္မေရ၊

၁၇။ ဟေ​ဇိ​ရ၊

၁၈။ အပ်​ဇဇ်၊

၁၉။ ပေ​သ​ဟိ၊

၂၀။ ယေ​ဇ​ကျေ​လ၊

၂၁။ ယာ​ခိန်၊

၂၂။ ဂါ​မု​လ၊

၂၃။ ဒေ​လာ​ယ​နှင့်

၂၄။ မာ​ဇိ တို့​ဖြစ်​သ​တည်း။

19ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဘိုး​ဘေး အာ​ရုန်​စီ​ရင်​သတ်​မှတ်​ထား​သည့်​အ​တိုင်း​ဗိ​မာန် တော်​သို့​သွား​ရောက်​၍ မိ​မိ​တို့​အပ်​နှင်း​ခံ​ရ​သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​ရန် ဤ သူ​တို့​၏​နာ​မည်​များ​ကို​မှတ်​ပုံ​တင်​၍​ထား လေ​သည်။

လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း

20လေ​ဝိ​မှ​ဆင်း​သက်​လာ​သူ​အ​ခြား​အိမ်​ထောင် ဦး​စီး​များ​မှာ ရှု​ဗွေ​လ​မှ​တစ်​ဆင့်​အာ​မ​ရံ မှ​ဆင်း​သက်​လာ​သူ​ယေ​ဒေ​ယ။

21ရေ​ဟ​ဘိ​မှ​ဆင်း​သက်​လာ​သူ​ဣ​ရှ​ယာ။

22ရှေ​လော​မိတ်​မှ​တစ်​ဆင့်​ဣ​ဇ​ဟာ​မှ​ဆင်း​သက် လာ​သူ​ယာ​ဟတ်။

23ကြီး​စဉ်​ငယ်​လိုက်​ဟေ​ဗြုန်​၏​သား​များ​ဖြစ် သော​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့် ယေ​က​မံ။

24မိက္ခာ​မှ​တစ်​ဆင့်​သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ ရှ​မိ​ရ။

25သြ​ဇေ​လ​၏​သား၊ မိက္ခာ​၏​ညီ​ဣ​ရှ​ယာ​မှ​တစ်​ဆင့် သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ​ဇာ​ခ​ရိ။

26မေ​ရာ​ရိ​မှ​ဆင်း​သက်​လာ​သူ​များ​ဖြစ်​ကြ​သော မ​ဟာ​လိ၊ မု​ရှိ​နှင့်​ယာ​ဇိ။- 27ရှော​ဟံ၊ ဇက္ကု​ရ​နှင့်​ဣဗရိ​ဟူ​၍​သား​သုံး​ယောက် ယာ​ဇိ​၌​ရှိ​၏။- 28ဧ​လာ​ဇာ​နှင့်​ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက် မ​ဟာ​လိ​၌​ရှိ​၏။ ဧ​လာ​ဇာ​တွင်​သား​မ​ရှိ။ သို့​ရာ​တွင်​ကိ​ရှ​၌​ယေ​ရ​မေ​လ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။- 30မု​ရှိ​၌​မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​ဟူ သော​သား​သုံး​ယောက်​ရှိ​သ​တည်း။

ဤ​သူ​တို့​သည်​အိမ်​ထောင်​စု​အ​လိုက်​လေဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​၏။

31မိ​မိ​တို့​၏​ဆွေ​မျိုး​များ​ဖြစ်​သော​အာ​ရုန်​မှ ဆင်း​သက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​များ​ပြု​ခဲ့ ကြ​သည့်​နည်း​တူ၊ အိမ်​ထောင်​စု​တိုင်း​မှ​အိမ် ထောင်​ဦး​စီး​နှင့်​ယင်း​အိမ်​ထောင်​မှ​ညီ​ဖြစ်​သူ တစ်​ယောက်​သည်​မဲ​ချ​၍ တာ​ဝန်​ဝတ္တ​ရား​များ ကို​ယူ​ရ​ကြ​၏။ ဤ​သို့​ပြု​ရာ​၌​ဒါ​ဝိဒ်​မင်း၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​အိမ်​ထောင်​ဦး​စီး​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​၏​အိမ်​ထောင်​ဦး​စီး​များ​သည်​အ​သိ သက်​သေ​ဖြစ်​ကြ​၏။

Ilustración artística: una interpretación, no un registro histórico.

¿Sabías que…?

Organización de los sacerdotes y levitas

  • Como los dos hijos mayores de Aarón, Nadab y Abiú, murieron sin hijos tras ofrecer fuego no autorizado, solo las líneas de Eleazar e Itamar continuaron el sacerdocio. El rey David organizó a estos descendientes en veinticuatro turnos, dieciséis de Eleazar y ocho de Itamar, para atender el santuario.Fuentes: el propio texto bíblico · Eleazar · Ithamar · Nadab
  • Para asegurar la equidad entre ambas ramas sacerdotales, el orden de servicio se determinó por sorteo ante el rey David, Sadoc y Ahimelec. El escriba Semaías, un levita, registró por escrito el nombre de cada familia conforme salía su turno.Fuentes: el propio texto bíblico · Zadok · Ahimelech
  • Los clanes levitas restantes, incluidos los descendientes de Coat y Merari, también recibieron sus tareas mediante sorteo. La asignación se llevó a cabo con imparcialidad, tratando por igual a los jefes de familia y a sus hermanos menores.Fuentes: el propio texto bíblico · Merari

Notas escritas con ayuda de IA a partir de fuentes abiertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, dominio público) y revisadas antes de publicarse.

Lugares de este capítulo

  • Holy Place · Hoy: on Mount Moriah · 31.778, 35.236 · versículo 5

Solo aparecen lugares identificados con alta confianza (90 % o más según las fuentes académicas reunidas por OpenBible). Mapa de la época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa actual: © colaboradores de OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos y licencia de esta traducción
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fuente: http://ebible.org/mya/ · eBible.org

Habla con nosotros

Cuéntanos desde dónde lees, cómo te ha ayudado la Biblia o qué podemos mejorar. Leemos todos los mensajes.