Nations Bible

Zechariah 10

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1နောက် မိုဃ်းရွာရာကာလ တွင် မိုဃ်း ရွာစေမည် အကြောင်း၊ ထာဝရဘုရား ထံ တော်၌ ဆုတောင်း ကြလော့။ ထာဝရဘုရား သည် လျှပ်စစ် ကိုပြင်ဆင် ၍ များစွာမိုဃ်း ရွာ စေသဖြင့်၊ ခပ်သိမ်း သောလူတို့အဘို့ လယ်ပြင် ၌ အပင် ပေါက်စေတော်မူမည်။ 2တေရပ်ရုပ်တု တို့သည် အနတ္တ စကားကို ပြော ကြ၏။ ပရောဖက် လုပ်သောသူတို့ သည် မုသာ ရူပါရုံကိုမြင် ၍ ၊ မ မှန်သော အိပ်မက် ကို ဟောပြော ကြ၏။ အချည်းနှီး နှစ်သိမ့် စေကြ၏။ ထိုကြောင့် ၊ သိုးစု ကဲ့သို့ လည် သွား၍ သိုးထိန်း မ ရှိသောကြောင့် ဆင်းရဲ ခံရကြ၏။ 3သိုးထိန်း တို့ကို ငါ အမျက် ထွက် ၍ ၊ ဆိတ်ထီး တို့ကို စစ်ကြော သဖြင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မိမိ သိုးစု ယုဒ အမျိုး ကို အကြည့်အရှု ကြွလာ ၍ ၊ ဘုန်း တော်ကို ဆောင်သော စစ်တိုက် မြင်း ကဲ့သို့ ဖြစ် စေတော်မူမည်။ 4ထိုအမျိုး ထဲက တိုက်ထောင့် အမြစ်ကျောက်၊ တံစို့ ၊ စစ်တိုက် လေး ၊ မင်း ဖြစ်သော လူအပေါင်း တို့သည် ထွက် ကြလိမ့်မည်။ 5သူတို့သည် စစ်တိုက် ရာတွင် လမ်း ၌ ရှိသောရွှံ့ ကိုနင်း သော စစ် သူရဲကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် ၍ မြင်း စီး သူရဲတို့ကို အရှက် ခွဲကြလိမ့်မည်။ 6ယုဒ အမျိုး ကိုလည်း ငါခိုင်ခံ့ စေမည်။ ယောသပ် အမျိုး ကိုလည်း ငါကယ်တင် မည်။ သူ တို့ကို သနား စုံမက်သောကြောင့် နေရာ ချမည်။ သူ တို့သည် နှင်ထုတ် ခြင်းကို မ ခံဘူးသကဲ့သို့ ဖြစ် ကြလိမ့်မည်။ ငါ သည် သူ တို့၏ဘုရား သခင် ထာဝရဘုရား ဖြစ်၍ သူ တို့စကားကို နားထောင် မည်။ 7ဧဖရိမ် အမျိုးသားတို့သည် သူရဲ ကဲ့သို့ ဖြစ် ၍ ၊ စပျစ်ရည် နှင့်ဝသကဲ့သို့ ဝမ်းမြောက် ကြလိမ့်မည်။ သား မြေးတို့သည် မြင် လျက် ဝမ်းမြောက် ၍ ၊ ထာဝရဘုရား ကို အမှီပြု လျက် ရွှင်လန်း ကြလိမ့်မည်။ 8သူ တို့ကို ငါနှိုးဆော် ၍ စုဝေး စေမည်။ သူ တို့သည် ငါ၏ရွေးနှုတ် ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြား ကြလိမ့်မည်။ 9သူ တို့ကို တပါး အမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ငါကြဲ သဖြင့် ၊ ဝေး သောပြည်၌ ငါ့ ကိုအောက်မေ့ ၍ ၊ သားမြေး တို့နှင့်တကွ အသက်ရှင် လျက် ပြန် လာကြလိမ့်မည်။ 10သူ တို့ကို အဲဂုတ္တု ပြည် မှ တဖန် ငါဆောင် ခဲ့ဦးမည်။ အာရှုရိ ပြည်မှ ခေါ်၍ စုဝေး စေမည်။ ဂိလဒ် ပြည် နှင့် လေဗနုန် ပြည်သို့ တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။ 11ပင်လယ် အလယ် ၌ ရှောက်သွား ၍ ညှဉ်းဆဲ လျက် ၊ ပင်လယ် တံပိုးများကို ဒဏ်ခတ် တော်မူမည်။ မြစ် ၌ နက်နဲ သောအရပ်ရှိသမျှ တို့လည်း ခန်းခြောက် ကြ လိမ့်မည်။ အာရှုရိ ပြည်၏မာန ကို နှိမ့်ချ ၍ ၊ အဲဂုတ္တု မင်း၏ အာဏာ သည်လည်း ကွယ်ပျောက် လိမ့်မည်။ 12သူ တို့ကို ထာဝရဘုရား အားဖြင့် ငါခိုင်ခံ့ စေမည်။ နာမ တော်ကို အမှီပြုလျက် လှည့်လည်၍ သွား ကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။

Did you know?

Restoration and the Gathering of the Flock

  • Zechariah opens by contrasting the Lord, who provides the crucial spring rains for crops, with household idols and diviners whose empty promises left the people wandering like leaderless sheep.Sources: the Bible text itself
  • The prophecy explicitly mentions both the house of Judah and the house of Joseph (represented by Ephraim), envisioning the reunion and strengthening of both the southern and northern branches of Israel.Sources: the Bible text itself · Joseph (son of Jacob) · Ephraim
  • Egypt and Assyria represent the historical superpowers and regions of exile from which the scattered people would be gathered back to settle fertile lands like Gilead east of the Jordan and Lebanon in the north.Sources: the Bible text itself · Egypt · Assyria

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Assyria · 36.359, 43.153 · verses 10, 11
  • Egypt · 30.129, 31.308 · verses 10, 11
  • Gilead · Today: Gilead 1 · 32.187, 35.692 · verse 10
  • Lebanon · 33.540, 35.584 · verse 10
  • Nile · Today: Nile River · 31.465, 30.367 · verse 11

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.