Nations Bible

Song of Songs 7

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1အိုမင်းသမီး ၊ ခြေနင်း စီးလျက် ၊ သင် ၏ခြေ တို့ သည် အလွန် တင့်တယ် ပါ၏။ သင် ၏ခါးဆစ် တို့သည် လိမ္မာ သောသူ ပြုပြင် သောကျောက်ကောင်းရတနာ ကဲ့သို့ ဖြစ်ကြပါ၏။ 2သင် ၏ခါး သည် အရည် နှင့်ပြည့် သော ဖလား လုံး ဖြစ်ပါ၏။ ဝမ်း သည်လည်း နှင်းပန်း စီချယ် သော စပါး ပုံ ဖြစ်ပါ၏။ 3သင် ၏ရင်သား နှစ်ဘက် တို့သည် ဒရယ် သငယ် အမွှာ နှင့် တူကြပါ၏။ 4လည်ပင်း သည်ဆင်စွယ် ရဲတိုက် ကဲ့သို့ ၎င်း၊ မျက်စိ တို့သည် ဟေရှဘုန် မြို့၊ ဗာသရဗ္ဗိမ် တံခါး နား မှာ ရှိသောရေကန် ကဲ့သို့၎င်း၊ နှာခေါင်း သည် ဒမာသက် မြို့သို့ မျက်နှာ ပြုသော လေဗနုန် ရဲတိုက် ကဲ့သို့ ၎င်း ဖြစ်ပါ၏။ 5သင် ၏ဦခေါင်း သည် ကရမေလ တောင်နှင့် တူ ၍၊ ဆံပင် သည်လည်း နီမောင်း သော တန်ဆာဆင်ပါ ၏။ မင်းကြီး သည် ကျစ် သောဆံပင်နှင့် နှောင်ဖွဲ့ လျက် ရှိတော်မူ၏။ 6ငါချစ် သောနှမ၊ ငါပျော်မွေ့ ဘို့ရာ သင်သည် အလွန် လှ ပေ၏။ အလွန် ချစ် ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။ 7သင် ၏အရပ် သည် စွန်ပလွံ ပင်ကဲ့သို့ဖြစ်၍၊ သင် ၏ရင်သား တို့လည်း စွန်ပလွံသီး ပြွတ်နှင့်တူ ကြ၏။ 8စွန်ပလွံ ပင်ကို ငါတက် မည်၊ အကိုင်း အခက် တို့ကို ကိုင် မည်ဟု ငါဆို သော် ၊ တဖန်သင် ၏ရင်သား တို့ သည် စပျစ်သီး ပြွတ် ကဲ့သို့ ၎င်း၊ သင် ရှူ သောအသက်အနံ့ သည် ရှောက်ချိုသီး အနံ့ကဲ့သို့ ၎င်း ၊ 9သင် ၏နှုတ် သည်လည်း အကောင်းဆုံး သော စပျစ်ရည် ကဲ့သို့ ၎င်း ဖြစ်၏။ ထိုစပျစ်ရည်သည် ငါ ချစ် ရာသခင်အဘို့ ဖြောင့် စွာ စီး တတ်ပါ၏။ အိပ်ပျော် သောသူတို့၏နှုတ်ခမ်း သို့ အမှတ်တမဲ့ရောက် တတ်ပါ၏။ 10ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ့ အလို သို့လည်း လိုက်တော်မူတတ်၏။ 11ကြွလာ တော်မူပါ၊ ငါ ချစ် ရာသခင်။ ကြွလာတော်မူ ပါ။ တော အရပ်သို့ ထွက်သွား ၍ ရွာ တို့၌ ညဉ့် ကိုလွန်စေ ကြကုန်အံ့။ 12နံနက် စောစောထ၍ စပျစ် ဥယျာဉ်သို့ သွားကြကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှု ကြကုန်အံ့။ ထို အရပ်၌ ကျွန်မ ၏ မေတ္တာ ကို ကိုယ်တော် ၌ အပ်ပေး ပါမည်။ 13အနု ဆေးပင်တို့သည် မွှေးကြိုင် ကြပါ၏။ ငါ တို့ တံခါး နား မှာ ချို သောအသီးမျိုး အသစ် အဟောင်း တို့ကို ကိုယ်တော် ဘို့ ကျွန်မသိုထား ပါပြီ၊ ငါ ချစ် ရာသခင်။

Artistic illustration — an interpretation, not a historical record.

Did you know?

Poetry of Love and Landscape

  • The poem describes the woman's beauty using prominent landmarks of the region. Her eyes are compared to the calm pools of Heshbon near the gate of Bath-rabbim east of the Jordan, while her profile is likened to a majestic tower in the mountain range of Lebanon overlooking Damascus.Sources: the Bible text itself · Heshbon · Bath-rabbim · Lebanon
  • The chapter concludes with an invitation to the countryside during the renewal of spring. The lovers seek out budding grapevines, blooming pomegranates, and fragrant mandrakes, reflecting the close connection in ancient Hebrew poetry between romantic intimacy and the vitality of the natural world.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Bath-rabbim · Today: in Tell Hesban · 31.801, 35.809 · verse 4
  • Damascus · 33.511, 36.306 · verse 4
  • Lebanon · 33.540, 35.584 · verse 4
  • Mount Carmel · 32.672, 35.023 · verse 5

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.