Romans 10
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ညီအစ်ကို တို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှာ ၊ ငါ ၏စေတနာ အလိုရှိ ၍ ဘုရားသခင် ကို ဆုတောင်း လေ့ရှိ၏။ 2ထိုသူတို့သည် မှန်သောပညာ မ ရှိ သော်လည်း ၊ ဘုရားသခင် ဘက်၌ စိတ် အားကြီးသည်ဟု သူ တို့အဘို့ ငါသက်သေခံ ၏။ 3ထိုသူတို့သည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို မ သိဘဲ၊ ကိုယ် ဖြောင့်မတ် ခြင်းကို တည် စေခြင်းငှာရှာကြံ သောကြောင့် ၊ ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို ဝန်မ ခံကြ 4ယုံကြည် သောသူ အပေါင်း တို့သည် ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ၊ ပညတ် တရားသည် ခရစ်တော် အားဖြင့် စုံလင် ခြင်းရှိ၏။ 5မောရှေ ကလည်း ၊ ထိုအကျင့်ကို ကျင့် သောသူ သည် ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ပညတ် ၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ် ခြင်းတရားကို ရည်မှတ်၍ ရေး ထားသတည်း။ 6ယုံကြည် ခြင်းနှင့် စပ်ဆိုင် သော ဖြောင့်မတ် ခြင်းတရားဆို သည်ကား၊ 7ကောင်းကင် သို့ အဘယ်သူ တက် လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ် ထဲမှာ မ အောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက်စေခြင်းငှာနက်နဲ ရာထဲသို့ အဘယ်သူ ဆင်း လိမ့်မည်နည်းဟု ဆိုလိုသတည်း။ 8တဖန်ဆို သည်ကား၊ တရား တော်သည် သင် နှင့် နီး ၏။ သင် ၏ နှုတ် ၌ ၎င်း ၊ သင် ၏နှလုံး ၌ ၎င်း ရှိ သည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟော သောယုံကြည် ခြင်းတရား ကို ဆိုလို သတည်း။ 9အဘယ်သို့နည်းဟူမူကား၊ သင် သည် သခင် ယေရှု ကိုနှုတ် ဖြင့် ဝန်ခံ ၍ ၊ ဘုရားသခင် သည် သူ့ ကို သေ ခြင်းမှ ထမြောက် စေတော်မူပြီဟု စိတ် နှလုံးထဲ၌ ယုံကြည် လျှင် ၊ ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။ 10ဖြောင့်မတ်ရာသို့ ရောက် ခြင်းငှာ စိတ် နှလုံးဖြင့် ယုံကြည် ရ၏။ 11ကယ်တင် ခြင်းသို့ ရောက်ခြင်းငှာနှုတ် ဖြင့် ဝန်ခံ ရ၏။ ကျမ်းစာ လာ သည်ကား ၊ ထိုကျောက် ကို အမှီပြု သော သူ မည်သည်ကား ၊ ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။ 12ယုဒ အမျိုး၊ ဟေလသ အမျိုးကိုမ ရွေး၊ လူ အပေါင်း တို့ကို အစိုးရသော အရှင် တစ်ပါးတည်းရှိ၍၊ ကိုယ်တော် ကိုပဌနာ ပြုသော သူ အပေါင်း တို့၌ ကျေးဇူးကြွယ်ဝ တော်မူ၏။ 13အကြောင်းမူကား ၊ ထာဝရ ဘုရားကို ပဌနာ ပြုသော သူရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြလတံ့။ 14သို့ရာတွင် ၊ မ ယုံကြည် လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမ ကြား လျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြော သောသူမ ရှိလျှင် အဘယ်သို့ ကြား နိုင်မည်နည်း။ 15လူကို မ စေလွှတ် လျှင် အဘယ်သို့ ဟောပြော နိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက် စရာသိတင်းကို ကြားပြောသော သူ ၏ခြေ တို့သည် အလွန်တင့်တယ် စွတကားဟု လာသတည်း။ 16သို့သော်လည်း ၊ လူအပေါင်း တို့သည် ဝမ်းမြောက် စရာသိတင်းကို နားထောင် ကြသည်မ ဟုတ်။ ပရောဖက် ဟေရှာယ စကား ဟူမူကား ၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါ သနည်းဟုဆို၏။ 17သို့ဖြစ်၍ ၊ ယုံကြည် ခြင်းသည် ကြားနာ ခြင်းအားဖြင့် ဖြစ်၏။ ကြားနာ ခြင်းသည်လည်း ၊ ဘုရားသခင် ၏ စကား တော်အားဖြင့် ဖြစ်၏။ 18သို့ရာတွင် လူအပေါင်းတို့သည် မ ကြား ရကြပြီလော။ အမှန် ကြားရကြပြီ။ သူ တို့၏အသံ သည်မြေ တပြင်လုံး ၌ နှံ့ပြား ၍၊ သူ တို့၏စကား သည် မြေကြီး စွန်း တိုင်အောင် ရောက်လေပြီဟုငါဆို ၏။ 19တဖန်ငါ ဆိုသည်ကား ၊ ဣသရေလ လူတို့သည် ဤအမှုကို မ သိ ကြသလော။ မောရှေ က၊ မ ရေရသောလူမျိုး အားဖြင့် သင် တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှာ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှာ၎င်း၊ ငါ ပြုမည်ဟု ရှေ့ဦးစွာ ဆို ၏။ 20ဟေရှာယ သည် သာ၍ရဲရင့် စွာဆို သည်ကား ၊ ငါ့ ကိုမ ရှာ သော သူ တို့သည် ငါ့ကိုတွေ့ ရကြ၏။ ငါ ၏ အကြောင်းကို မေးမြန်း သောသူ တို့၌ ငါထင်ရှား သည်ဟု ဆို၏။ 21ဣသရေလ လူတို့ကို ရည်မှတ်၍ တဖန်မိန့် တော်မူသည်ကား ၊ နားမထောင် ငြင်းဆန် တတ်သော လူမျိုး သို့ တနေ့လုံး ငါ သည် လက် ဝါးကို ဖြန့် ရပြီဟု ဆိုသတည်း။

Did you know?
Righteousness by Faith
- The chapter opens with a heart's desire and a prayer to God for the Israelites' salvation. The writer testifies that they are zealous for God, but not on the basis of knowledge: because they were ignorant of God's righteousness and sought to establish their own, they did not submit to God's righteousness. Christ, it says, is the end of the law, to bring righteousness to everyone who believes.Sources: the Bible text itself
- On the righteousness that is by the law, Moses writes, "The man who does these things will live by them." The righteousness that is by faith says instead that the word is near, in the mouth and in the heart—the word of faith being proclaimed: if you confess with your mouth, "Jesus is Lord," and believe in your heart that God raised him from the dead, you will be saved. There is no difference between Jew and Greek, for the same Lord is Lord of all.Sources: the Bible text itself
- The chapter quotes Isaiah, "Lord, who has believed our message?" and Isaiah's bold words, "I was found by those who did not seek Me," and, concerning Israel, "All day long I have held out My hands to a disobedient and obstinate people." Isaiah was the son of Amoz and prophesied during the reigns of Uzziah, Jotham, Ahaz, and Hezekiah. Easton's Bible Dictionary (1897) says he probably began his career in 762 B.C.Sources: the Bible text itself · Isaiah
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org