Nations Bible

Revelation 14

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ဤ အရာ၌ပညာ ရှိ ၏။ ဉာဏ် ရှိ သောသူ သည် သားရဲ ၏ အရေအတွက် ကို ရေတွက် စေ။ လူ ၏ အရေအတွက် ဖြစ် ၏။ ခြောက် ရာခြောက်ဆယ် ခြောက် လည်း ဖြစ်၏။ 2ထိုနောက်မှ ငါကြည့် လျှင် ၊ သိုးသူငယ် သည် ဇိအုန် တောင် ပေါ်မှာ ရပ် နေ၏။ သူ ၏ နာမ နှင့် ခမည်းတော် ၏ နာမ ကိုနဖူး ၌ အက္ခရာတင် သောသူ တစ်သိန်း လေး သောင်းလေး ထောင် လည်း သူ နှင့်အတူ ရှိ ကြ၏။ 3သမုဒ္ဒရာရေ သံ ၊ ကြီးစွာ သော မိုဃ်းကြိုး သံ ကဲ့သို့ ကောင်းကင် က အသံ ကို ငါကြား ၏။ ထိုသို့ ငါကြား သော အသံသည် စောင်း သမားများ စောင်း တီးသော အသံ ကဲ့သို့ ဖြစ်၏။ 4ပလ္လင် တော်ရှေ့ ၌၎င်း၊ သတ္တဝါ လေး ပါးနှင့် အသက်ကြီး သူ တို့ရှေ့ ၌၎င်း၊ သူတို့သည် အသစ် သော သီချင်း ကို ဆို ကြ၏။ မြေကြီး မှ ရွေးနှုတ် သောသူ တစ်သိန်း လေးသောင်းလေးထောင်မှတစ်ပါး ၊ အဘယ်သူ မျှ ထို သီချင်း ကို သင် ၍မရနိုင် ။ 5ထို သူတို့သည် ကညာ ဖြစ်၍မေထုန်အမှုနှင့် မ ညစ်ညူး သော သူ ဖြစ် ကြ၏။ သိုးသူငယ် သွား လေရာရာအရပ် သို့ နောက် တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့ အထဲ ကရွေးနှုတ် ၍ ဘုရားသခင် နှင့် သိုးသူငယ် အဘို့ အဦး သီးသော အသီးဖြစ်ကြ၏။ 6အပြစ် နှင့်ကင်းလွတ်ကြသည်ဖြစ် ၍ သူ တို့နှုတ် ၌ မုသာ မ ရှိ ။ 7မြေကြီး ပေါ်မှာ နေ သော သူ တည်းဟူသော အသီးအသီးဘာသာ စကားကိုပြောသော လူ အမျိုး အနွယ် ခပ်သိမ်း တို့အား ထာဝရ ဧဝံဂေလိ တရားကို ဟော ရသော ကောင်းကင်တမန် တစ်ပါး က၊ 8ဘုရားသခင် ကိုကြောက်ရွံ့ ၍ ချီးမွမ်း ကြလော့။ တရား စီရင်တော်မူသော အချိန် ရောက်လာ ပြီ။ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ နှင့် စမ်း ရေ တွင်းတို့ကို ဖန်ဆင်း တော်မူသောအရှင် ကို ကိုးကွယ် ကြလော့ဟု ကြီး သော အသံ နှင့် ပြောဆို ၍ ကောင်းကင် အလယ်၌ ပျံဝဲ လျက် ရှိသည်ကို ငါမြင် ၏။ 9ကောင်းကင်တမန် တစ်ပါး ကလည်း ၊ ဗာဗုလုန် မြို့ကြီး ပြိုလဲ ပြီ။ မိမိ မတရား သော မေထုန်၏ အဆိပ် အတောက်တည်းဟူသောစပျစ်ရည် ကို လူမျိုး အပေါင်း တို့အား တိုက် လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲ ပြီဟုလိုက် ၍ပြောဆို ၏။ 10ထိုမှတပါး၊ တတိယ ကောင်းကင် တမန်က၊ အကြင်သူ သည် သားရဲ နှင့် သူ ၏ရုပ်တု ကိုကိုးကွယ် ၍၊ သူတံဆိပ် လက်မှတ်ကို နဖူး ၌ ခံ သည်ဖြစ်စေ၊ လက် ၌ ခံသည်ဖြစ်စေ ၊ 11ထိုသူ သည်ဘုရားသခင် ၏ ဒေါသ ဖလား ၌ လောင်း သော အမျက် တော်စပျစ်ရည် စစ်ကို သောက် ရ လိမ့်မည်။ သန့်ရှင်း သောကောင်းကင် တမန်တို့ရှေ့ ၊ သိုးသူငယ် ရှေ့ တွင်၊ ကန့် နှင့်ရောသောမီး ထဲမှာ ပြင်းစွာသော ညှဉ်းဆဲ ခြင်းကို ခံရလိမ့်မည်။ 12ထိုညှဉ်းဆဲ ခြင်း၏ မီးခိုး သည် ကမ္ဘာ အဆက်ဆက်တက် လျက်ရှိ၏။ သားရဲ နှင့် သူ ၏ရုပ်တု ကို ကိုးကွယ် ၍၊ သူ ၏နာမ တံဆိပ် လက်မှတ်ကို ခံ သောသူ တို့သည် နေ့ ညဉ့် မပြတ် သက်သာ မ ရ ကြဟု၊ လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ 13ဘုရားသခင် ၏ပညတ် တို့ကို၎င်း ၊ ယေရှု ၏ ယုံကြည် ခြင်းကို၎င်း၊ စောင့်ရှောက် သော သန့်ရှင်း သူတို့သည် ဤ အရာ၌ သည်းခံ စရာအကြောင်းရှိ ၏။ 14တစ်ဖန်တုံ၊ ကောင်းကင် အသံ ကား ၊ ယခု မှစ၍ သခင် ဘုရား၌ သေ သောသူ တို့သည် မင်္ဂလာ ရှိကြ၏ဟု ရေး ထားလော့ဟု ပြောဆို သည်ကို ငါကြား ၏။ ဝိညာဉ် တော်ကလည်း၊ ထိုသို့ မှန် ပေ၏။ ထိုသူ တို့သည် ပင်ပန်း ခြင်းငြိမ်း မည်အကြောင်း ရှိ၍၊ သူ တို့၏ အကျင့် တို့သည်လည်း သူ တို့နှင့်အတူ လိုက် ကြ၏ဟုမိန့် တော်မူ၏။ 15တဖန် ငါကြည့် လျှင် ၊ ဖြူ သောမိုဃ်းတိမ် ရှိ ၏။ လူ သား တော်နှင့်တူ သောသူ သည် ခေါင်း တော်ပေါ်၌ ရွှေ သရဖူ ကိုဆောင်း လျက်၊ ထက် သော တံစဉ် ကို ကိုင် လျက် ၊ မိုဃ်းတိမ် ပေါ်မှာ ထိုင် တော်မူ၏။ 16ကောင်းကင်တမန် တစ်ပါး သည် ဗိမာန် တော်ထဲက ထွက် ၍၊ ကိုယ်တော် ၏တံစဉ် ကိုလွှတ် ၍ စပါးကို ရိတ် တော်မူပါ။ ရိတ် ရသောအချိန် ရောက် ပါပြီ။ မြေကြီး ၌ ရိတ် စရာစပါးမှည့် ပါပြီဟု မိုဃ်းတိမ် ပေါ်မှာ ထိုင် သောသူ ကို ကြီး သောအသံ နှင့် ဟစ် လေ၏။ 17မိုးတိမ် ပေါ်မှာ ထိုင် သောသူ သည် မိမိ တံစဉ် ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏ စပါးကိုရိတ် တော်မူ၏။ 18ကောင်းကင်တမန် တစ်ပါး သည် ကောင်းကင် ဘုံ၌ ရှိသော ဗိမာန် တော်ထဲက ထွက် ၍ သူ ၌လည်း ထက် သော တံစဉ် ပါ ၏။ 19မီး ကိုအစိုးရ သော ကောင်းကင်တမန် တစ်ပါး သည် ယဇ်ပလ္လင် ထဲက ထွက် ၍ ထက် သော တံစဉ် ပါ သော သူ ကို ကြီးစွာ သော ကြွေးကြော် ခြင်းနှင့်ခေါ် လျက် ၊ သင် ၏ ထက် သောတံစဉ် ကိုလွှတ် ၍ မြေကြီး ၏ စပျစ်သီး ပြွတ် တို့ကိုရိတ် လော့။ အသီး မှည့် ပြီဟုပြောဆို ၏။ 20ကောင်းကင်တမန် သည်လည်း မိမိ တံစဉ် ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏စပျစ်သီး ကိုရိတ် ပြီးမှ ၊ ဘုရားသခင် ၏ အမျက် တော်တည်းဟူသောနယ်ရာ တန်ဆာကြီး ထဲသို့ ချ လေ၏။

Artistic illustration — an interpretation, not a historical record.

Did you know?

The Lamb on Zion, Babylon's fall, and the harvest

  • In this vision the Lamb stands on Mount Zion with 144,000 who have his name and his Father's name written on their foreheads. Mount Zion was the south-eastern hill of Jerusalem, one of the heights on which the city was built; it rose 105 feet above Mount Moriah and was surrounded by deep valleys on every side except the north. David took it from the Jebusites, built a citadel and a palace there, and it became known as the city of David.Sources: the Bible text itself · Mount Zion
  • A second angel announces that Babylon the great has fallen, the one who made all the nations drink the wine of the passion of her immorality. Babylon is the Greek form of Babel; the Semitic name Babilu means “The Gate of God,” and in the Assyrian tablets it means “The city of the dispersion of the tribes.” The city stood on the Euphrates, about 200 miles above that river's junction with the Tigris.Sources: the Bible text itself · Babylon
  • The chapter closes with two harvests. One like the Son of Man, with a golden crown and seated on a white cloud, swings a sharp sickle because the crop of the earth is ripe. Another angel gathers the ripe grapes from the vine of the earth and throws them into the great winepress of God's wrath, trodden outside the city.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Mount Zion · 31.772, 35.229 · verse 1
  • Babylon · Today: Rome · 41.892, 12.485 · verse 8

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.