Revelation 10
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ခွန်အား ကြီးသော ကောင်းကင်တမန် တစ်ပါး သည် မိုးတိမ် ကို ဝတ် လျက်၊ ကောင်းကင် က ဆင်းသက် သည်ကို ငါမြင် ၏။ သူ ၏ခေါင်း ပေါ်၌ သက်တံ့ ရှိ၏။ သူ ၏ မျက်နှာ သည်နေ ကဲ့သို့ ဖြစ်၏။ သူ ၏ ခြေ သည်လည်း မီးခဲ တိုင် ကဲ့သို့ ဖြစ်၏။ 2ဖွင့် ထားသော စာစောင် ငယ်ကိုကိုင် လျက်ရှိ ၏။ လက်ျာ ခြေ သည်ပင်လယ် ပေါ်မှာ ၎င်း ၊ လက်ဝဲ ခြေသည် မြေကြီး ပေါ်မှာ နင်း ၍ ၊ 3ခြင်္သေ့ ဟောက် သကဲ့သို့ ကြီး သောအသံ နှင့် ကြွေးကြော် လေ၏။ ကြွေးကြော် ပြီးမှ မိုဃ်းကြိုး သံ ခုနစ် ချက်မြည် လေ၏။ 4မိုဃ်းကြိုး သံ ခုနစ် ချက်မြည် ပြီးမှ ငါသည်ရေးမှတ် မည်ဟု အားထုတ် သော် ၊ ကောင်းကင် မှ ထွက်သော အသံ ကား၊ မိုဃ်းကြိုး သံခုနစ် ချက်မြည် သောအရာ ကို တံဆိပ် ခတ်လော့။ မ ရေး မမှတ်နှင့်ဟု ဆို သည်ကို ငါကြား ၏။ 5ထိုအခါ ငါမြင် ၍ မြေ နှင့် ပင်လယ် ပေါ်မှာ ရပ် နေသော ကောင်းကင်တမန် သည်၊ လက်ျာ လက် ကို ကောင်းကင် သို့ ချီ ပြီးလျှင်၊ 6ဘုရားသခင် ၏ ကျွန် တော်မျိုးပရောဖက် တို့အား ဝမ်းမြောက် စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင် ၏ နက်နဲ သောအရာ သည်၊ ကာလ မ နှေး ဘဲ သတ္တမ ကောင်းကင်တမန် တံပိုး မှုတ်ခြင်း အသံ မြည်သော နေ့ရက် ကာလ၌ ပြည့်စုံ ခြင်းသို့ ရောက်မည်ဟုကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ကို၎င်း ၊ အရပ်ရပ်၌ရှိရှိသမျှတို့ကို၎င်း၊ 7ဖန်ဆင်း ၍ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောသူ ကို တိုင်တည် ကျိန်ဆိုခြင်းကို ပြုလေ၏။ 8ငါကြား ရသော ကောင်းကင် အသံ သည် တစ်ဖန် ငါ့ အား ပြော သည်ကား၊ မြေ နှင့် ပင်လယ် ပေါ်မှာ ရပ် နေသော ကောင်းကင် တမန်၏ လက် ၌ ဖွင့် ထားလျက်ရှိသော စာစောင် ငယ်ကို သွား ၍ ယူ လော့ဟု ဆို လျှင် ၊ 9ငါသည် ကောင်းကင်တမန် ထံသို့ သွား ၍ စာစောင် ငယ်ကို ပေး ပါဟု တောင်း ၏။ သူကလည်း ယူ ၍ စား လော့။ ဝမ်း ကိုခါး စေလိမ့်မည် ။ သို့သော်လည်း ပါးစပ် ၌ ပျားရည် ကဲ့သို့ ချို လိမ့်မည် ဟုဆို လျှင် ၊ ငါ သည် စာစောင် ကို ကောင်းကင် တမန်၏လက် မှ ယူ၍ စား ၏။ ပါးစပ် ၌ ပျားရည် ကဲ့သို့ ချို ၏။ စား ပြီးမှ ဝမ်း ၌ခါး ၏။ 10- 11ကောင်းကင်တမန်ကလည်း ၊ သင် သည် အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးမျိုး တို့၌၎င်း၊ ရှင်ဘုရင် တို့၌၎င်း၊ တဖန် ပရောဖက် ပြု၍ ဟောပြောရ မည်ဟု ဆို လေ၏။

Did you know?
The Angel, the Sealed Thunders, and the Scroll
- A mighty angel comes down from heaven, wrapped in a cloud, with a rainbow above his head, a face like the sun, and legs like pillars of fire. He holds a small scroll that lies open, and he places his right foot on the sea and his left foot on the land.Sources: the Bible text itself
- When the angel cries out like a roaring lion, seven thunders speak. The narrator is about to write down what they said, but a voice from heaven commands that it be sealed and not written down. Standing on the sea and on the land, the angel lifts his right hand to heaven and swears by the One who lives forever and ever, who created heaven and everything in it, the earth and everything in it, and the sea and everything in it, that there will be no more delay, yet in the days when the seventh angel is about to sound his trumpet the mystery of God will be fulfilled, just as He proclaimed to His servants the prophets.Sources: the Bible text itself
- A voice from heaven tells the narrator to take the small open scroll from the angel’s hand. The angel says to eat it, warning that it will be sweet as honey in the mouth but bitter in the stomach. The narrator eats it and finds it so, and is then told to prophesy again about many peoples, nations, tongues, and kings.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org