Nations Bible

Psalms 97

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ထာဝရဘုရား သည် စိုးစံ တော်မူ၏။ မြေကြီး သည် ဝမ်းမြောက် ၍၊ ကျွန်း များတို့သည်လည်း ရွှင်လန်း ကြစေ။ 2မိုဃ်းတိမ် နှင့် မှောင်မိုက် တို့သည် ထာဝရ ဘုရား ၏ ပတ်ဝန်းကျင် တို့၌ရှိကြ၏။ တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် စွာဆုံးဖြတ်ခြင်းသည် ပလ္လင် တော်၏တည်ရာ ဖြစ်၏။ 3မီး သည် ရှေ့ တော်၌သွား ၍ ၊ ရန်သူ တို့ကို အလှည့် လှည့်လောင် လေ၏။ 4လျှပ်စစ် တော်သည် လောကဓါတ် ကို လင်း စေ ၏။ မြေကြီး သည် မြင် ၍ တုန်လှုပ် ၏။ 5ထာဝရဘုရား ရှေ့ ၊ မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ၏ရှေ့ တော်၌ ၊ တောင် တို့သည် ဘယောင်း ကဲ့သို့ အရည် ဖြစ်ကြ၏။ 6ဖြောင့်မတ် တော်မူခြင်းအကြောင်းကို ကောင်းကင် တို့သည် ထင်ရှား စွာပြ၍ ၊ လူများ အပေါင်း တို့သည် ဘုန်း တော်ကို မြင် ရကြ၏။ 7ရုပ်တု ဆင်းတုကို ဝတ်ပြု သောသူ၊ အချည်းနှီး သက်သက်သောအရာ၌ ဝါကြွား သောသူ အပေါင်း တို့ သည် အရှက် ကွဲခြင်းရှိကြစေ။ ဘုရား အပေါင်း တို့၊ ထာဝရ ဘုရား ကို ပြပ်ဝပ်ကိုးကွယ် ကြလော့။ 8အိုထာဝရဘုရား ၊ ကိုယ်တော် သည် တရားစီရင် တော်မူချက်တို့အကြောင်း ကြောင့်၊ ဇိအုန် မြို့သည်ကြား ၍ ရွှင်လန်း ပါ၏။ ယုဒ သတို့သမီး တို့လည်း ဝမ်းမြောက် ကြပါ ၏။ 9အိုထာဝရဘုရား ၊ ကိုယ်တော် သည် မြေကြီး သား အပေါင်း တို့ထက် ကြီး မြင့်တော်မူ၏။ ဘုရား တကာ တို့ ထက် အလွန် ချီးမြှောက် ခြင်း ရှိတော်မူ၏။ 10ထာဝရဘုရား ကို ချစ် သောသူတို့၊ မ ကောင်းသောအမှုကို ရွံရှာ ကြလော့။ ကိုယ်တော် ၏ သန့်ရှင်း သူတို့ ၏ အသက် ဝိညာဉ်ကို စောင့်မ တော်မူ၍၊ မ တရားသောသူတို့ ၏လက် မှ လည်း ကယ်နှုတ် တော်မူ၏။ 11အလင်း သည် တရား သောသူအဘို့ ၊ ဝမ်းမြောက် ခြင်းသည် သဘော ဖြောင့် သောသူတို့ အဘို့ ပျိုးကြဲ လျက် ရှိ၏။ 12ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ကို အမှီပြု ၍ ဝမ်းမြောက် ကြလော့။ သန့်ရှင်း သော နာမ တော်ကို ချီးမွမ်း ကြလော့။

Artistic illustration — an interpretation, not a historical record.

Did you know?

The Lord's Universal Reign

  • Psalm 97 portrays God's supreme rule using dramatic theophany imagery, describing dense clouds, darkness, consuming fire, and lightning flashes that cause the earth to tremble and mountains to melt like wax.Sources: the Bible text itself
  • The psalm mentions Zion rejoicing alongside the surrounding towns of Judah; historically, Zion was the elevated southeastern hill of Jerusalem where King David established his citadel and palace.Sources: the Bible text itself · Zion
  • The text directly confronts idolatry by declaring shame upon those who boast in carved images, contrasting their futile worship with the deliverance and joy bestowed upon the upright in heart.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Zion · Today: Jerusalem · 31.777, 35.234 · verse 8

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.