Psalms 8
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1အိုအကျွန်ုပ် တို့၏ ဘုရား ရှင်ထာဝရဘုရား ၊ နာမ တော် သည် မြေကြီး တပြင်လုံး ၌ အလွန် ကြီးမြတ်တော်မူ၏။ ဘုန်း အာနုဘော်တော်သည် မိုဃ်းကောင်းကင် ပေါ် မှာ တည် လျက်ရှိပါ၏။ 2ကိုယ်တော် ၏ရန်သူ တို့ကို ရည်ဆောင်၍ ရန်သူကို ၎င်း၊ အငြိုး ထားသောသူကို၎င်း ၊ တိတ်ဆိတ် စွာနေစေ ခြင်းငှါ ၊ နို့စို့ သူငယ် တို့၏နှုတ် ထဲ မှအစွမ်း သတ္တိကို စီရင် တော်မူ၏။ 3လက်ညှိုး တော်အလုပ် တည်းဟူသောကိုယ်တော် ၏ မိုဃ်းကောင်းကင် ကို၎င်း၊ ပြင်ဆင် တော်မူသောလ နှင့် ကြယ် များကို၎င်း၊ အကျွန်ုပ်ဆင်ခြင် သော်၊ 4လူ သည် အဘယ်သို့ သောသူဖြစ်၍ ၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူ သား သည် အဘယ်သို့သောသူဖြစ်၍အကြည့်အရှု ကြွလာတော်မူရ သနည်း။ သူ့ ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့် တော်မူပြီ။ 5သူ ၏ခေါင်းကို ဘုန်း အသရေ နှင့် ပတ်ရစ် တော်မူပြီ။ 6- 7- 8ဖန်ဆင်း တော်မူသောအရာများကို အုပ်စိုး စေ၍၊ သိုး နွား အစ ရှိသော မြေ တိရစ္ဆာန် မိုဃ်းကောင်းကင် ငှက် ၊ ပင်လယ် ငါး နှင့် ပင်လယ် လမ်း ၌သွား တတ်သောတိရစ္ဆာန်မှစ၍၊ ခပ်သိမ်းသောအရာ တို့ကို သူ ၏ခြေ အောက် ၌ ချထား တော်မူပြီ။ 9အိုအကျွန်ုပ် တို့၏ ဘုရားရှင် ထာဝရဘုရား ၊ ကိုယ်တော် ၏နာမ သည် မြေကြီး တပြင်လုံး ၌ အလွန် ကြီးမြတ် တော်မူသတည်း။
Did you know?
God's Glory and Human Dignity
- Psalm 8 forms a literary frame known as an inclusio, beginning and ending with the identical declaration: 'O LORD, our Lord, how majestic is Your name in all the earth!'Sources: the Bible text itself
- The psalm reflects specifically on a nocturnal sky, mentioning the moon and the stars rather than the sun, highlighting the contrast between the vastness of the heavens and human frailty.Sources: the Bible text itself
- Despite human insignificance compared to the cosmos, the text describes humanity as crowned with glory and given stewardship over domestic herds, wild beasts, birds, and sea creatures.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org