Psalms 76
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ယုဒ ပြည်မှာ ဘုရား သခင်ကို သိ ကြ၏။ ဣသရေလ တိုင်းမှာ နာမတော် သည် ကြီးမြတ် လေ၏။ 2ယေရုရှလင် မြို့မှာ တဲ တော်ရှိ ၏။ ဇိအုန် တောင် မှာ ကျိန်းဝပ် လျက် နေတော်မူ၏။ 3ထို အရပ်၌ လေး မြှား၊ ဒိုင်း လွှား၊ ထား လက်နက်၊ စစ် အင်္ဂါတို့ကို ချိုး ဖျက်တော်မူပြီ။ 4သင် သည် သားရဲ နေသောတောင် တို့ထက် ဘုန်း သာ၍ကြီးမြတ်ပေ၏။ 5ရဲရင့် သောသူတို့ သည် လုယူ ခြင်း ကို ခံရ၍ အိပ်ပျော် ကြပြီ။ အားကြီး သော သူ တစုံ တယောက်မျှ မိမိ လက် ကို မ တွေ့ ရ။ 6ယာကုပ် အမျိုး၏ ဘုရား သခင်၊ ကိုယ်တော် ဆုံးမ တော်မူသောအားဖြင့် ၊ ရထား စီးသောသူနှင့် မြင်း စီးသောသူတို့ သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော် ကြပါ၏။ 7ကိုယ်တော် တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက် ထွက်တော်မူသောအခါ ၊ ရှေ့ တော်၌ အဘယ် သူရပ် နေနိုင်ပါမည်နည်း။ 8ဘုရား သခင်သည် နှိမ့်ချ လျက်ရှိသောမြေကြီး သား အပေါင်း တို့ကို ကယ်တင် ၍၊ 9တရား ဆုံးဖြတ်ခြင်းငှါ ထ တော်မူသောအခါ ၊ တရား ဆုံးဖြတ်သံ ကို ကောင်းကင် ထဲက လွှတ်တော်မူသဖြင့်၊ မြေကြီး သည် ကြောက် ၍ တိတ်ဆိတ် စွာနေပါ၏။ 10အကယ် စင်စစ်လူ တို့၏ ဒေါသ သည် ကိုယ်တော် ကို ချီးမွမ်း လိမ့်မည်။ ကြွင်း သောဒေါသ ကိုလည်း ခါးပန်းစည်း တော်မူမည်။ 11သစ္စာ ဂတိပြုကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား သစ္စာဝတ်ကိုလည်း ဖြေ ကြလော့။ ကိုယ်တော်၏ ပတ်လည် ၌နေသောသူအပေါင်း တို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံ တော်သို့ လက်ဆောင် ကို ဆောင် ခဲ့ကြစေ။ 12ထိုဘုရားသည် မင်း သားတို့၏ စိတ် ကို နှိမ့်ချ တော်မူ၏။ လောကီ ရှင် ဘုရင်တို့၌ ကြောက်ရွံ ဘွယ် ဖြစ်တော်မူ၏။
Did you know?
God's Victory and Dwelling in Zion
- Psalm 76 is part of a collection of psalms (Psalms 50 and 73–83) attributed to Asaph, a Levite musician and seer who led choral worship during the reign of King David.Sources: Asaph (Levite) · the Bible text itself
- The psalm pairs the names Salem and Zion as the dwelling place of God. Salem is an ancient name commonly understood to refer to Jerusalem, while Zion was the elevated hill where David established his citadel.Sources: Salem · Zion · the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Salem · Today: Jerusalem · 31.777, 35.234 · verse 2
- Zion · Today: Jerusalem · 31.777, 35.234 · verse 2
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org