Nations Bible

Psalms 60

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

ဒါဝိဒ် သည် မေသောပေါတာမိ ရှုရိလူတို့နှင့် ဇောဘ ရှုရှိလူတို့ကို စစ်တိုက် ပြီးမှ ယွာဘ သည် ပြန် ၍ဧဒုံ လူတစ်သောင်း နှစ်ထောင်တို့ကိုဆားချိုင့် ၌ လုပ်ကြံ သောအခါ စပ်ဆိုသောဆာလံ။

1အိုဘုရားသခင် ၊ ကိုယ်တော်သည် အမျက် ထွက်သဖြင့်၊ အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရပ်ရပ်သို့ ကွဲပြား စေတော်မူပြီ။ တဖန် အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။ 2မြေကြီး ကို လှုပ်၍ ခွဲ တော်မူပြီ။ ကွဲအက် ရာတို့ကို တဖန် စေ့စပ် စေတော်မူပါ။ တုန်လှုပ် လျက် ရှိပါသေး၏။ 3ကိုယ်တော် ၏လူ တို့ကို ခက်ထန် စွာ စီရင် ၍၊ မှိုင် တွေခြင်း စပျစ်ရည် ကို တိုက် တော်မူပြီ။ 4ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် သစ္စာ တရားကြောင့် ထူရသော အလံ ကို ပေး သနားတော်မူပြီ။ 5ချစ် တော်မူသောသူတို့ သည် ချမ်းသာ ရမည်အကြောင်း ၊ အကျွန်ုပ် စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့်ကယ်တင် တော်မူပါ။ 6သန့်ရှင်း ခြင်းပါရမီတော်ကို တိုင်တည် ၍ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက် မည်။ ရှေခင် မြို့ကို ပိုင်းခြား မည်။ သုကုတ် လယ်ပြင် ကို တိုင်းထွာ မည်။ 7ဂိလဒ် ပြည်ကို ငါ ပိုင်ရ၏။ မနာရှေ ပြည်ကို လည်း ငါ ပိုင်ရ၏။ ဧဖရိမ် ပြည်ကား၊ ငါ့ ဦးခေါင်း ၏အစွမ်း ဖြစ်ရ၏။ ယုဒ ပြည်ကား၊ ငါ ၏ လွှတ်တော် ဖြစ်ရ၏။ 8မောဘ ပြည်ကား၊ ငါ့ ရေချိုး အိုး ဖြစ်ရ၏။ ဧဒုံ ပြည်ကား၊ ငါ့ ခြေနင်း ရာ ဖြစ်ရ၏။ ဖိလိတ္တိ ပြည်အပေါ် မှာ အောင်သံနှင့် ကြွေးကြော် မည်။ 9အားကြီး သော မြို့ ထဲသို့ ငါ့ ကို အဘယ် သူသွင်း ပေးမည်နည်း။ ဧဒုံ ပြည်သို့ ငါ့ ကို အဘယ်သူ လမ်း ပြမည်နည်း။ 10အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို စွန့်ပစ် တော်မူသောကိုယ်တော် သည် ပြုတော်မူမည်မဟုတ် လော။ အိုဘုရား သခင်၊ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ် လော။ 11ဒုက္ခ နှင့် ကင်းလွတ်စေခြင်းငှါ မစ တော်မူပါ။ လူ တို့သည် ကယ်တင် ခြင်းငှါ မတတ်နိုင်ကြပါ။ 12ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။

Did you know?

A Plea for Victory and Divine Sovereignty

  • The psalm's historical heading frames this prayer around King David's military campaigns against northern Aramean kingdoms and Joab's battle against Edom in the Valley of Salt.Sources: the Bible text itself · Edom
  • When the psalm depicts God declaring sovereignty over the land, it names key locations on both sides of the Jordan River: Shechem in the central hills between Mount Ebal and Gerizim, the Valley of Succoth to the east near the Jabbok, and the mountainous territory of Gilead.Sources: the Bible text itself · Shechem · Valley of Succoth · Gilead
  • The text uses striking everyday imagery to portray dominion over neighboring rivals, describing Moab as a washbasin, throwing a sandal over Edom, and crying out in triumph over Philistia.Sources: the Bible text itself · Moab · Edom · Philistia

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Aram-naharaim · 36.864, 39.033 · verse 1
  • Edom · 30.746, 35.604 · verses 1, 8, 9
  • Zobah · 33.935, 36.151 · verse 1
  • Shechem · Today: Tell Balatah · 32.214, 35.282 · verse 6
  • Valley of Succoth · 32.197, 35.621 · verse 6
  • Gilead · Today: Gilead 1 · 32.187, 35.692 · verse 7
  • Moab · Today: Moab 1 · 31.181, 35.701 · verse 8
  • Philistia · 31.664, 34.546 · verse 8

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.