Psalms 26
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောကြောင့် ၊ အကျွန်ုပ် ဘက်၌ တရား စီရင် တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရား ကို ခိုလှုံ ၍ ၊ ရွေ့လျား ခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။ 2အိုထာဝရဘုရား ၊ အကျွန်ုပ် ကို စစ်ဆေး စုံစမ်း၍ ၊ နှလုံး ကျောက်ကပ်ကို ဆေးကြော တော်မူပါ။ 3အကျွန်ုပ် သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက် ပြု၍ ၊ သစ္စာတရား တော်နှင့်အညီ ကျင့် ပါ၏။ 4လျှပ်ပေါ် သော လူ တို့နှင့်အတူ မ ထိုင် ပါ။ လျှို့ဝှက် သော လူစုထဲ သို့ မ ဝင် ပါ။ 5မ တရားသောသူတို့၏ စည်းဝေး ခြင်းကို မုန်း ပါ ၏။ ဆိုးသွမ်း သောသူတို့ နှင့်အတူ မ ထိုင် ပါ။ 6ကျေးဇူး တော်ကို ချီးမြှောက် သောအသံ နှင့် မြွက်ဆို၍၊ 7အံဩ ဘွယ်သောအမှုတော်အလုံးစုံ တို့ကို ကြား ပြောခြင်းငှါ ၊ အကျွန်ုပ် သည် ကိုယ်လက် ကို အပြစ် ကင်းခြင်းနှင့်ဆေး ၍ ၊ ယဇ် ပလ္လင်တော်ကို ဝန်းရံ လျက် နေပါသည်၊ ထာဝရဘုရား ။ 8အိုထာဝရဘုရား ၊ အိမ် တော်သည် အိမ် တော် တည်ရာကို၎င်း ၊ ဘုန်း တော်ထင်ရှားသော အရပ် ဌာန ကို ၎င်း အကျွန်ုပ်နှစ်သက် ပါ၏။ 9ပြစ်မှား သောသူတို့နှင့်အတူ အကျွန်ုပ် ၏ ဝိညာဉ် ကို၎င်း ၊ လူအသက် ကိုသတ်သောသူတို့ နှင့်အတူ အကျွန်ုပ် အသက် ကို၎င်းချုပ် ထားတော်မ မူပါနှင့်။ 10သူ တို့လက် သည် မ ကောင်းသောအကြံအစည်၌ ကျင်လည်၍ ၊ သူ တို့လက်ျာ လက်သည်လည်း တံစိုး နှင့် ပြည့် ဝပါ၏။ 11အကျွန်ုပ် မူကား ၊ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ပါ၏။ အကျွန်ုပ် ကို ရွေးနှုတ် ၍ ကယ် မသနားတော်မူပါ။ 12အကျွန်ုပ် သည် ညီညွတ် သောအရပ်၌ နေရာ ကျ၍၊ ပရိသတ် အလယ် မှာ ထာဝရဘုရား ကို ကောင်းကြီး ပေးပါမည်။

Did you know?
Integrity and Worship in God's Dwelling
- The psalm connects personal integrity with public worship. The speaker speaks of washing hands in innocence before approaching the altar, proclaiming love for the house of the LORD and the dwelling place of divine glory.Sources: the Bible text itself
- The psalmist invites God to examine his heart and mind, explicitly setting his own path apart from deceitful individuals, hypocrites, and violent people whose hands hold bribes and wicked plots.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org