Psalms 23
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ထာဝရဘုရား သည် ငါ ၏ သိုးထိန်းဖြစ်တော်မူ ၏။ ငါသည် ဆင်းရဲ မ ခံရ။ 2စိမ်းလန်း သော ကျက်စား ရာအရပ်၌ ငါ့ ကို အိပ် စေတော်မူ၏။ သာယာ သောမြစ် နား သို့ လမ်းပြ တော်မူ၏။ 3ငါ့ ဝိညာဉ် ကိုအားဖြည့် ၍၊ နာမတော် အဘို့ အလိုငှါ တရား လမ်း ထဲ ၌သွေးဆောင် တော်မူ၏။ 4အကယ်၍ သေမင်း ၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရှောက်သွား ရသော်လည်း ဘေး အန္တရာယ်ကို မ ကြောက် ပါ။ အကြောင်း မူကား၊ ကိုယ်တော် သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံ တော်နှင့် တောင်ဝေး တော်သည် အကျွန်ုပ် ကို ချမ်းသာ စေပါ၏။ 5အကျွန်ုပ် ၏ ရန်သူ တို့ရှေ့ မှာ အကျွန်ုပ် အဘို့ စားပွဲ ကိုခင်း တော်မူ၏။ အကျွန်ုပ် ခေါင်း ကိုဆီ နှင့် လိမ်း တော်မူ၏။ အကျွန်ုပ် ခွက် ဖလားသည် လျှံ လျက်ရှိပါ၏။ 6အကယ် စင်စစ် အကျွန်ုပ် သည် ကျေးဇူး နှင့် ကရုဏာ ကို တသက်လုံး ခံစား ၍ ၊ ထာဝရဘုရား ၏ အိမ် တော်မှာ အစဉ် အမြဲနေ ရပါလိမ့်မည်။

Did you know?
The Shepherd and the Gracious Host
- The psalm opens with pastoral imagery drawn from everyday shepherd life, describing guidance toward green pastures and quiet waters, as well as protection through dark valleys using a rod and staff.Sources: the Bible text itself
- In the latter part of the psalm, the imagery shifts from pastoral flock care to hospitality, portraying a host who prepares a banquet table, anoints the guest's head with oil, and fills an overflowing cup.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org