Psalms 150
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1သန့်ရှင်း ရာ ဌာနတော်၌ ဘုရား သခင်ကို ချီးမွမ်း ကြလော့။ ဘုန်း တော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ် မှာ ချီးမွမ်း ကြလော့။ 2ထူးဆန်းသော တန်ခိုး တော်များကြောင့် ၊ ဘုရား သခင် ကို ချီးမွမ်း ကြလော့။ အလွန်တရာကြီးမြတ် တော်မူခြင်း ရှိသည်အတိုင်း ချီးမွမ်း ကြလော့။ 3တံပိုး မှုတ် လျက် ဘုရား သခင်ကို ချီးမွမ်း ကြလော့။ တယော နှင့် စောင်း ကိုတီးလျက် ချီးမွမ်း ကြလော့။ 4ပတ်သာ တီးလျက် ၊ ကခုန် လျက် နှင့်ချီးမွမ်း ကြလော့။ ကြိုး နှင့်ပြည့်စုံသော တုရိယာကိုတီးလျက် ၊ နှဲခရာ ကို မှုတ်လျက် ချီးမွမ်း ကြလော့။ 5အသံ ကျယ်သောသံလွင် ကို တီးလျက် ချီးမွမ်း ကြလော့။ အကြီးဆုံး သော လင်းကွင်း ကိုလည်း တီးလျက် ချီးမွမ်း ကြလော့။ 6အသက် ရှိသောသူအပေါင်း တို့သည် ထာဝရ ဘုရား ကို ချီးမွမ်း ကြစေ။ ဟာလေလုယ ။
Did you know?
Universal Praise with Instruments
- Psalm 150 lists a wide variety of musical instruments for praise, including wind instruments such as the horn and flute, stringed instruments like the harp and lyre, and percussion including tambourines and cymbals, accompanied by dancing.Sources: the Bible text itself
- The psalm outlines praise across different realms, calling for praise to take place both in God's sanctuary and in the mighty heavens, culminating in a universal call for everything that has breath to praise the LORD.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org