Nations Bible

Psalms 145

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1အကျွန်ုပ်၏ရှင်ဘုရင် ၊ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် ချီးမြှောက် ပါမည်။ ကမ္ဘာ အဆက်ဆက်နာမတော် ကို ကောင်းကြီး ပေးပါမည်။ 2ကိုယ်တော် ကို နေ့တိုင်း အစဉ်ကောင်းကြီး ပေးပါမည်။ နာမ တော်ကို ကမ္ဘာ အဆက်ဆက်ချီးမွမ်း ပါမည်။ 3ထာဝရဘုရား သည် ကြီးမြတ် ၍ အလွန် ချီးမွမ်း ဘွယ်ဖြစ်တော်မူ၏။ ကြီးမြတ် တော်မူခြင်းကို စစ် ၍ မ ကုန်နိုင်။ 4အမှုတော် တို့ကို လူမျိုး အဆက်ဆက်တို့သည် ချီးမွမ်း ၍ ၊ တန်ခိုး တော်များကိုဟောပြော ကြပါလိမ့်မည်။ 5အကျွန်ုပ်သည်လည်း ဘုန်း တန်ခိုးအာနုဘော်တော်ကို၎င်း၊ အံ့ဘွယ် သော အမှုတော် တို့ကို၎င်းမြွက်ဆို ပါမည်။ 6သူတို့သည် ကြောက်မက် ဘွယ်သော အမှုတော်တို့၌ပါသောတန်ခိုး တော်ကို မြွက်ဆို ၍ ၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ် တော်မူခြင်းအကြောင်း ကို ကြားပြော ပါမည်။ 7သူတို့သည် အလွန် ကောင်းမြတ် တော်မူခြင်းကို အောက်မေ့ ဘို့ရာမြွက်ဆို ၍ ၊ ဖြောင့်မတ် တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်း ဆိုကြပါလိမ့်မည်။ 8ထာဝရဘုရား သည် ကျေးဇူး ပြုတတ်သော သဘော၊ သနား စုံမက်တတ်သောသဘောနှင့်ပြည့်စုံ၍ ၊ ခန္တီ တော်နှင့် ကရုဏာ တော်သည် အလွန် ကြွယ်ဝပါ၏။ 9ထာဝရဘုရား သည် ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြုချင်သော သဘောရှိ၍ ၊ ဖန်ဆင်း တော်မူသမျှ တို့ကို သနား စုံမက်တော်မူ၏။ 10အိုထာဝရဘုရား ၊ ဖန်ဆင်း တော်မူသမျှတို့သည် ဂုဏ် တော်တို့ကို ပြ၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကောင်းကြီး ပေးကြပါ ၏။ 11နိုင်ငံ တော်၏ဘုန်း ကို၎င်း၊ တန်ခိုး တော်ကို၎င်း ဟောပြောမြွက်ဆို သဖြင့်၊ 12တန်ခိုး ပါသောအမှုတော်များနှင့် နိုင်ငံ တော်၏ ဘုန်း အသရေများကို လူသား တို့အား ဘော်ပြ ကြပါ၏။ 13ကိုယ်တော် ၏နိုင်ငံ သည် နိစ္စ ထာဝရနိုင်ငံ ဖြစ်၍ ၊ အာဏာ တော် သည်ကာလ အစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရား သည် လဲ သောသူရှိသမျှ တို့ကို ထောက်မ တော်မူ၏။ 14နှိမ့်ချ သောသူအပေါင်း တို့ကို ကြွပင့် တော်မူ၏။ 15ခပ်သိမ်း သော သတ္တဝါတို့သည် ကိုယ်တော် ကို မျှော်ကြည့် ကြ၍ ၊ အချိန် တန်မှသူ တို့ကို ကျွေးမွေး တော်မူ ၏။ 16လက် တော်ကိုဖွင့် ၍ ၊ အသက်ရှင် သောသတ္တဝါ အပေါင်း တို့ကို ရောင့်ရဲ စေတော်မူ၏။ 17ထာဝရ ဘုရား၏ လမ်းခရီး တော်ရှိသမျှ တို့သည် ဖြောင့်မတ် ၍ ၊ ခပ်သိမ်း သော အမှုတော် တို့သည် သန့်ရှင်း ကြပါ၏။ 18ထာဝရဘုရား သည် ပဌနာ ပြုသောသူအပေါင်း ၊ သစ္စာ နှင့်တကွ ပဌနာပြု သော သူ အပေါင်း တို့၏ အနီး အပါးရှိတော်မူ၏။ 19ကြောက်ရွံ့ သောသူတို့၏ အလို ကို ပြည့်စုံ စေ တော်မူ၏။ ထိုသူ တို့၏အော်ဟစ် ခြင်းကို ကြား ၍ ကယ်တင် တော်မူ၏။ 20ထာဝရဘုရား သည် ကြည်ညို သောသူအပေါင်း တို့ကို စောင့်မ တော်မူ၏။ မ တရားသောသူအပေါင်း တို့ကို ကား၊ ဖျက်ဆီး တော်မူမည်။ 21ထာဝရဘုရား ကို ချီးမွမ်း လျက်ငါ မြွက်ဆိုမည်။ ခပ်သိမ်း သော လူ တို့သည် သန့်ရှင်း သော နာမတော် ကို ကမ္ဘာ အဆက်ဆက်ကောင်းကြီး ပေးကြစေ။

Artistic illustration — an interpretation, not a historical record.

Did you know?

A Song of Praise for an Everlasting Kingdom

  • Psalm 145 is titled as a psalm of praise attributed to David, focusing on the duty of each generation to proclaim God's mighty acts and majestic splendor to the next.Sources: the Bible text itself
  • The psalm highlights God's universal care for creation, describing how all living creatures look to Him for sustenance while He upholds those who stumble and remains near to everyone who calls on Him in truth.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.