Nations Bible

Psalms 142

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ငါ သည် ထာဝရဘုရား ထံသို့ အသံ ကိုလွှင့်၍ အော်ဟစ် ၏။ ငါ့ အသံ ကို ထာဝရဘုရား ထံသို့ လွှင့်၍ ဆုတောင်း ပဋ္ဌနာပြု၏။ 2ရှေ့ တော်၌ မြည်တမ်း သော စကားကို မြွက် ၍၊ ခံရသောဆင်းရဲ ဒုက္ခကို ကြား လျှောက်ရ၏။ 3အကျွန်ုပ် သည် စိတ်ပျက် လျက် ရှိသောအခါ ၊ အကျွန်ုပ် သွားသောလမ်း ကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် သွား သောလမ်း ၌ ကျော့ကွင်း ကို ဝှက်ထား ကြ ပါပြီ။ 4လက်ျာ ဘက်သို့ အကျွန်ုပ်ကြည့်ရှု သောအခါ ၊ အကျွန်ုပ် သိကျွမ်း သောသူမ ရှိပါ။ ပြေး လွတ်ရာလမ်းလည်း ပိတ် ပါ၏။ အကျွန်ုပ် အသက် ကို နှမြော သောသူမ ရှိပါ။ 5အိုထာဝရဘုရား ၊ ကိုယ်တော် ကို အော်ဟစ် ပါ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ၊ အကျွန်ုပ် ခံစားရာအဘို့ ဖြစ်တော်မူ၏။ 6အလွန် နှိမ့်ချ လျက်နေသောအကျွန်ုပ် ၏ ကြွေးကြော် သံကို နားထောင် တော်မူပါ။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ် တော်မူပါ။ သူတို့သည် အကျွန်ုပ် ထက် သာ၍ခွန်အား ကြီးကြပါ၏။ 7နာမတော် ကို အကျွန်ုပ်ချီးမွမ်း ရမည်အကြောင်း ၊ အကျွန်ုပ် ကို ထောင် ထဲက နှုတ်ဆောင် တော်မူပါ။ ထိုသို့ ကျေးဇူး ပြုတော်မူသောအခါ၊ ဖြောင့်မတ် သောသူတို့သည် အကျွန်ုပ် ကို ဝန်းရံ လျက်နေရကြပါလိမ့်မည်။

Did you know?

A Prayer of David in the Cave

  • The superscription identifies this psalm as a Maskil, or contemplative poem and prayer, written by David when he was hiding in a cave from pursuers who were too strong for him.Sources: the Bible text itself
  • The psalmist describes feelings of utter isolation by noting that no one stands at his right hand to defend or care for him, depicting his entrapment as a hidden snare and a prison.Sources: the Bible text itself
  • Even while brought exceedingly low, David confesses that the LORD is his sole refuge in the land of the living and anticipates that the righteous will gather around him when he is delivered.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.